ႏုိင္ငံတကာရက္သတၱပတ္ကေတာ့ ေဘာလုံးျပကၡဒိန္ထဲကေန ခဏတာျပန္လည္ထြက္ခြာသြားပါေတာ့မယ္။ ဒီလုိ မထြက္ခြာသြားခင္ ဒီေန႔ညမွာေတာ့ ယူရုိ-၂၀၂၀ ေျခစစ္ပြဲေတြ ၂၀၂၂ကမာၻ႔ဖလား အာရွဇုန္ေျခစစ္ပြဲေတြနဲ႔ ဥေရာပယူ-၂၁ ေျခစစ္ပြဲေတြကေတာ့ တန္းစီးၿပီး က်င္းပသြားဦးမွာျဖစ္ပါတယ္။ ဒီညမွာေတာ့ ေဘာလုံးပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈအမ်ားဆုံးရရွိထားတဲ႔ အဂၤလန္လက္ေရြးစင္အသင္းက ယူရုိ-၂၀၂၀ေျခစစ္ပြဲအျဖစ္ ႏုိင္ငံငယ္ေလးျဖစ္တဲ႔ ကုိဆုိဗုိလက္ေရြးစင္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ ႏုိင္ငံငယ္ေလးဆုိေပမယ့္ စိတ္ဝင္စားစရာေတြ ျပည့္နက္ေနတာေၾကာင့္ ဒီပြဲစဥ္ေလးအေၾကာင္းကုိ သုံးသပ္တင္ဆက္ေပးသြားခ်င္ပါတယ္။

Photo Credit : Getty Images

အဂၤလန္အသင္းကေတာ့ ယူရုိေျခစစ္ပြဲကုိ အုပ္စုAကေန ဝင္ေရာက္ဆင္ႏြဲေနခဲ႔တာျဖစ္ၿပီး UEFA Nations League ကုိပါ ခြာကစားခဲ႔ရလုိ႔ အခုခ်ိန္ထိ ေျခစစ္ပြဲ ၃ပြဲသာ ကစားထားရေသးတာျဖစ္ပါတယ္။ ကစားခဲ့ၿပီးတဲ႔ပြဲေတြမွာ ခ်က္အသင္းကုိ ၅ဂုိး ဂုိးမရွိနဲ႔ အႏုိင္ရခဲ႔တယ္။ မြန္တီနီဂရုိးအသင္းကုိ ၅ဂုိး ၁ဂုိးနဲ႔ အႏုိင္ရခဲ႔တယ္။ ေနာက္ဆုံး ဘူေဂးရီးယားအသင္းကုိ ၄ဂုိး ဂုိးမရွိနဲ႔ အႏုိင္ရခဲ႔ပါတယ္။ ၃ပြဲကစားထားၿပီး ၉မွတ္ရရွိထားကာ အုပ္စုA ရဲ႕ ပထမေနရာမွာ ရပ္တည္လုိ႔ေနပါတယ္။ အခု သူတုိ႔ရင္ဆုိင္ရမွာကေတာ့ ကုိဆုိဗုိအသင္းျဖစ္ၿပီး ဒီအုပ္စုမွာ အုပ္စုဒုတိယေနရာကုိ ရရွိထားတဲ႔ ေလွ်ာ့တြက္မရတဲ႔ အသင္းေလးျဖစ္ပါတယ္။

Photo Credit : Getty Images

၂၀၁၆ခုႏွစ္ကမွ ဖီဖာအဖြဲ႕ဝင္ႏုိင္ငံျဖစ္လာခဲ့တဲ႔ ႏုိင္ငံငယ္ေလး ကုိဆုိဗုိအသင္းဟာ အခုတစ္ႀကိမ္မွ ပထမဆုံးအေနနဲ႔ ယူရုိေျခစစ္ပြဲကုိ ဝင္ေရာက္ဆင္ႏြဲေနခဲ႔တာျဖစ္ေပမယ့္လည္း ၄ပြဲကစားထားလို႔အၿပီးမွာ လုံးဝကုိ ရွုံးပြဲမရွိခဲ႔ပဲနဲ႔ ၂ပြဲႏုိင္ကာ ၂ပြဲသေရက်ထားခဲ႔ၿပီး ရမွတ္စုစုေပါင္း ၈မွတ္အထိေတာင္ ပုိင္ဆုိင္ထားခဲ႔ပါတယ္။ ကုိဆုိဗုိအသင္းအေနနဲ႔ ေျခစမ္းပြဲေတြ UEFA Nations League ပြဲေတြနဲ႔ အခုေျခစစ္ပြဲေတြအပါအဝင္ သူတုိ႔ကစားခဲ႔တဲ႔ ၁၅ပြဲဆက္ကုိ လုံးဝရွုံးပြဲမရွိေအာင္ ကစားထားျပႏုိင္ခဲ႔ပါတယ္။ အေတာ္ေလးကုိ ေလးစားခ်င္စရာေကာင္းလွတဲ႔ Form တစ္ခုကုိ ထိန္းသိမ္းထားႏုိင္တဲ႔ အသင္းတစ္သင္းဆုိလည္း မမွားပါဘူး။

Photo Credit : Getty Images

ဒါေပမယ့္ ဒီပြဲမွာေတာ့ ကုိဆုိဗုိက အဂၤလန္လုိ ရစ္သမ္အရမ္းမွန္ေနတဲ႔ အသင္းႀကီးကုိ အေဝးကြင္းမွာ တြန္းလွန္ျပဖုိ႔ဆုိတာေတာ့ မလြယ္ပါဘူး။ အဓိကေမွ်ာ္လင့္ၾကည့္ရမွာေတာ့ ကုိဆုိဗုိရဲ႕ တုန္႔ျပန္ကစားအားပါ။ ၁၅ပြဲဆက္တုိက္ေတာင္ ရွုံးပြဲမရွိေအာင္ ကစားထားႏုိင္ခဲ႔တဲ႔ ကုိဆုိဗုိအသင္းက Form တအားေကာင္းလုိ႔ေနတဲ႔  အဂၤလန္အသင္းအေပၚ ဘယ္ေလာက္ထိေတာင္ ဒုကၡေပးကစားျပႏုိင္မလဲဆုိတာက ဒီပြဲရဲ႕ အဓိကေစာင့္ၾကည့္ခ်င္စရာပါ။ ဒါေပမယ့္ အဂၤလန္ဆီကေန အမွတ္ခြဲယူႏုိင္ဖုိ႔ကေတာ့ မလြယ္ပါဘူး။ အဂၤလန္ပဲ ႏုိင္ပြဲဆက္သြားေလာက္ပါတယ္။

(Unicode)

နိုင်ငံတကာရက်သတ္တပတ်ကတော့ ဘောလုံးပြက္ခဒိန်ထဲကနေ ခဏတာပြန်လည်ထွက်ခွာသွားပါတော့မယ်။ ဒီလို မထွက်ခွာသွားခင် ဒီနေ့ညမှာတော့ ယူရို-၂၀၂၀ ခြေစစ်ပွဲတွေ ၂၀၂၂ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲတွေနဲ့ ဥရောပယူ-၂၁ ခြေစစ်ပွဲတွေကတော့ တန်းစီးပြီး ကျင်းပသွားဦးမှာဖြစ်ပါတယ်။ ဒီညမှာတော့ ဘောလုံးပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းက ယူရို-၂၀၂၀ခြေစစ်ပွဲအဖြစ် နိုင်ငံငယ်လေးဖြစ်တဲ့ ကိုဆိုဗိုလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ နိုင်ငံငယ်လေးဆိုပေမယ့် စိတ်ဝင်စားစရာတွေ ပြည့်နက်နေတာကြောင့် ဒီပွဲစဉ်လေးအကြောင်းကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Getty Images

အင်္ဂလန်အသင်းကတော့ ယူရိုခြေစစ်ပွဲကို အုပ်စုAကနေ ဝင်ရောက်ဆင်နွဲနေခဲ့တာဖြစ်ပြီး UEFA Nations League ကိုပါ ခွာကစားခဲ့ရလို့ အခုချိန်ထိ ခြေစစ်ပွဲ ၃ပွဲသာ ကစားထားရသေးတာဖြစ်ပါတယ်။ ကစားခဲ့ပြီးတဲ့ပွဲတွေမှာ ချက်အသင်းကို ၅ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တယ်။ မွန်တီနီဂရိုးအသင်းကို ၅ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့တယ်။ နောက်ဆုံး ဘူဂေးရီးယားအသင်းကို ၄ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ၃ပွဲကစားထားပြီး ၉မှတ်ရရှိထားကာ အုပ်စုA ရဲ့ ပထမနေရာမှာ ရပ်တည်လို့နေပါတယ်။ အခု သူတို့ရင်ဆိုင်ရမှာကတော့ ကိုဆိုဗိုအသင်းဖြစ်ပြီး ဒီအုပ်စုမှာ အုပ်စုဒုတိယနေရာကို ရရှိထားတဲ့ လျှော့တွက်မရတဲ့ အသင်းလေးဖြစ်ပါတယ်။

Photo Credit : Getty Images

၂၀၁၆ခုနှစ်ကမှ ဖီဖာအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တဲ့ နိုင်ငံငယ်လေး ကိုဆိုဗိုအသင်းဟာ အခုတစ်ကြိမ်မှ ပထမဆုံးအနေနဲ့ ယူရိုခြေစစ်ပွဲကို ဝင်ရောက်ဆင်နွဲနေခဲ့တာဖြစ်ပေမယ့်လည်း ၄ပွဲကစားထားလို့အပြီးမှာ လုံးဝကို ရှုံးပွဲမရှိခဲ့ပဲနဲ့ ၂ပွဲနိုင်ကာ ၂ပွဲသရေကျထားခဲ့ပြီး ရမှတ်စုစုပေါင်း ၈မှတ်အထိတောင် ပိုင်ဆိုင်ထားခဲ့ပါတယ်။ ကိုဆိုဗိုအသင်းအနေနဲ့ ခြေစမ်းပွဲတွေ UEFA Nations League ပွဲတွေနဲ့ အခုခြေစစ်ပွဲတွေအပါအဝင် သူတို့ကစားခဲ့တဲ့ ၁၅ပွဲဆက်ကို လုံးဝရှုံးပွဲမရှိအောင် ကစားထားပြနိုင်ခဲ့ပါတယ်။ အတော်လေးကို လေးစားချင်စရာကောင်းလှတဲ့ Form တစ်ခုကို ထိန်းသိမ်းထားနိုင်တဲ့ အသင်းတစ်သင်းဆိုလည်း မမှားပါဘူး။

Photo Credit : Getty Images

ဒါပေမယ့် ဒီပွဲမှာတော့ ကိုဆိုဗိုက အင်္ဂလန်လို ရစ်သမ်အရမ်းမှန်နေတဲ့ အသင်းကြီးကို အဝေးကွင်းမှာ တွန်းလှန်ပြဖို့ဆိုတာတော့ မလွယ်ပါဘူး။ အဓိကမျှော်လင့်ကြည့်ရမှာတော့ ကိုဆိုဗိုရဲ့ တုန့်ပြန်ကစားအားပါ။ ၁၅ပွဲဆက်တိုက်တောင် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တဲ့ ကိုဆိုဗိုအသင်းက Form တအားကောင်းလို့နေတဲ့  အင်္ဂလန်အသင်းအပေါ် ဘယ်လောက်ထိတောင် ဒုက္ခပေးကစားပြနိုင်မလဲဆိုတာက ဒီပွဲရဲ့ အဓိကစောင့်ကြည့်ချင်စရာပါ။ ဒါပေမယ့် အင်္ဂလန်ဆီကနေ အမှတ်ခွဲယူနိုင်ဖို့ကတော့ မလွယ်ပါဘူး။ အင်္ဂလန်ပဲ နိုင်ပွဲဆက်သွားလောက်ပါတယ်။