ႏိုင္ငံတကာရက္သတၱပတ္ရဲ႕ ေနာက္ဆုံးေသာေန႔ရက္အျဖစ္ ဒီေန႔ စက္တင္ဘာလ ၁၁ရက္ေန႔ မနက္အေစာပုိင္းမွာ ယူရုိ-၂၀၂၀ ေျခစစ္ပြဲေတြကုိ က်င္းပကစားသြားခဲ့ၿပီး ပြဲစဥ္အားလုံးနီးပါးမွာေတာ့ နာမည္ေက်ာ္ အင္အားႀကီးအသင္းေတြကပဲ ဂုိးအျပတ္အသတ္ေတြနဲ႔ အႏုိင္ရယူခဲ႔ၾကပါတယ္။ ဒီေန႔မနက္မွာ ကစားသြားခဲ႔ၾကတဲ႔ အဂၤလန္ ျပင္သစ္ ဆာဘီးယား ေပၚတူဂီ တူရကီ အစရွိတဲ႔ အသင္းႀကီးေတြအားလုံး ႏုိင္ပြဲကုိယ္စီ ရယူႏုိင္ခဲ႔ၾကပါတယ္။

Photo Credit : Getty Images

အုပ္စုအတြင္းမွာ ရွံးပြဲမရွိေသးတဲ႔ အံ့အားသင့္စရာၿပိဳင္ဘက္ ကုိဆုိဗုိအသင္းကုိ အိမ္ကြင္းမွာ လက္ခံကစားခဲ႔ရတဲ႔ အဂၤလန္အသင္းကေတာ့ ပထမပုိင္းအတြင္းက သြင္းယူထားခဲ႔ဂုိးေတြနဲ႔ အႏုိင္ယူခဲ႔ေပမယ့္လည္း ဂုိးေတြ အလြယ္တကူ ျပန္လည္ခြင့္ျပဳခဲ႔ရလုိ႔ ပြဲအၿပီးမွာ ၅ဂုိး၃ဂုိးနဲ႔ အႏုိင္ယူခဲ႔ႏုိင္ပါတယ္။ ပြဲအစ၁မိနစ္ကတည္းက ခံစစ္အမွားေၾကာင့္ ဧည့္သည္အသင္းကုိ ဂုိးစေပးခဲ႔ရတဲ႔ အဂၤလန္အသင္းဟာ စတာလင္ ဟယ္ရီကိန္းတုိ႔ရဲ႕ ဂုိးေတြနဲ႔ ျပန္လည္ဦးေဆာင္ခဲ႔ၿပီး တတိယဂုိးကုိေတာ့ ကုိဆုိဗုိဘက္က ကုိယ့္ဂုိးကုိယ္သြင္းယူမိခဲ႔ကာ စတုတၳဂုိးနဲ႔ ပဥၥမဂုိးတုိ႔ကုိ ဆန္ခ်ိဳက သြင္းယူခဲ႔ပါတယ္။ ဒုတိယပုိင္း ျပန္စခ်ိန္မွာေတာ့ ဧည့္သည့္အသင္းဘက္ကေန သြင္းဂုိး၂ဂုိး ျပန္ရခဲ႔ေပမယ့္ ပြဲကုိ အဂၤလန္ကပဲ ထိန္းခ်ဳပ္ကစားရင္း ေျခစစ္ပြဲ ၄ပြဲလုံးကုိ ရာႏႈန္းျပည့္အႏုိင္ရယူခဲ႔ပါတယ္။

Photo Credit : Getty Images

လစ္သူေယးနီးယားရဲ႕ ကြင္းမွာ သြားေရာက္ကစားခဲ႔ရတဲ႔ ေပၚတူဂီအသင္းကေတာ့ အဓိကတုိက္စစ္ကစားသမား ခရစၥတီယာေရာ္နယ္ဒုိရဲ႕ သြင္းဂုိး၄ဂုိးအပါအဝင္ ကြင္းလယ္လူ ကာဗယ္ဟုိရဲ႕ ဂုိးတုိ႔ေၾကာင့္ ၁ဂုိး ၅ဂုိးနဲ႔ အႏုိင္ရသြားခဲ႔ပါတယ္။ ပြဲအစ ၇မိနစ္မွာကတည္းက ေရာ္နယ္ဒုိရဲ႕ ပင္နယ္တီ စတင္ဦးေဆာင္ၿပီးေနာက္ အိမ္ရွင္ဘက္ေန ေခ်ပဂုိးျပန္လည္သြင္းယူခဲ႔ၿပီး ဒုတိယပုိင္းမွာ ပြဲကစားခ်ိန္ ၁၄မိနစ္အတြင္း ေရာ္နယ္ဒုိက အသင္းအတြက္ သြင္းဂုိး၃ဂိုးကုိ ဆက္တုိက္သြင္းယူသြားခဲ႔တာျဖစ္ပါတယ္။ ဒီႏုိင္ပြဲေၾကာင့္ ေပၚတူဂီအသင္းဟာ အုပ္စု B ရဲ႕ ဒုတိယေနရာမွာ ပထမေနရာက ယူကရိန္းအသင္းနဲ႔ ၁ပြဲေလ်ာ့ ၅မွတ္တဲ႔အထိ အမွတ္ျပန္လည္နီးကပ္လာခဲ႔ပါတယ္။

Photo Credit : Getty Images

ေနာက္ထပ္ နာမည္ေက်ာ္ အသင္းႀကီးတစ္သင္းျဖစ္တဲ႔ ျပင္သစ္မွာလည္း အိမ္ကြင္းမွာ အန္ဒုိရာအသင္းကုိ အခက္အခဲမရွိပဲ ကုိးမန္း လြန္းဂလတ္ ဘင္ယက္ဒါတုိ႔ရဲ႕ သြင္းဂုိးေတြနဲ႔ ၃ဂိုး ဂုိးမရွိနဲ႔ အႏုိင္ရခဲ႔ပါတယ္။ ထူးျခားတာကေတာ့ အယ္ေဘးနီးယားအသင္းနဲ႔ပြဲမွာ ပင္နယ္တီလြဲေခ်ာ္ခဲ႔တဲ႔ ဂရစ္ဇ္မန္း ဒီပြဲမွာလည္း ပင္နယ္တီကန္ခြင့္ ရရွိခဲ႔ၿပီး ဂုိးမဝင္ျဖစ္ခဲ႔ပါဘူး။ ဂုိးျပတ္ႏုိင္ပြဲ ရရွိခဲ႔ေပမယ့္ တစ္ဖက္က  တူရကီအသင္းကလည္း ႏုိင္ပြဲရခဲ႔တာမုိ႔ အုပ္စု H မွာ တူရကီနဲ႔ျပင္သစ္အသင္းတုိ႔က ရမွတ္၁၅မွတ္စီနဲ႔ ပူးတြဲရပ္တည္လုိ႔ေနပါတယ္။

အျခားပြဲရလဒ္မ်ား

မြန္တီနီဂရုိး ၀-၃ ခ်က္

လူဇင္ဘတ္ ၁-၃ ဆာဘီးယား

အယ္ေဘးနီးယား ၄-၂ အုိက္စလန္

ေမာ္ဒုိဗာ ၀-၄ တူရကီ

(Unicode)

နိုင်ငံတကာရက်သတ္တပတ်ရဲ့ နောက်ဆုံးသောနေ့ရက်အဖြစ် ဒီနေ့ စက်တင်ဘာလ ၁၁ရက်နေ့ မနက်အစောပိုင်းမှာ ယူရို-၂၀၂၀ ခြေစစ်ပွဲတွေကို ကျင်းပကစားသွားခဲ့ပြီး ပွဲစဉ်အားလုံးနီးပါးမှာတော့ နာမည်ကျော် အင်အားကြီးအသင်းတွေကပဲ ဂိုးအပြတ်အသတ်တွေနဲ့ အနိုင်ရယူခဲ့ကြပါတယ်။ ဒီနေ့မနက်မှာ ကစားသွားခဲ့ကြတဲ့ အင်္ဂလန် ပြင်သစ် ဆာဘီးယား ပေါ်တူဂီ တူရကီ အစရှိတဲ့ အသင်းကြီးတွေအားလုံး နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ကြပါတယ်။

Photo Credit : Getty Images

အုပ်စုအတွင်းမှာ ရှံးပွဲမရှိသေးတဲ့ အံ့အားသင့်စရာပြိုင်ဘက် ကိုဆိုဗိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ အင်္ဂလန်အသင်းကတော့ ပထမပိုင်းအတွင်းက သွင်းယူထားခဲ့ဂိုးတွေနဲ့ အနိုင်ယူခဲ့ပေမယ့်လည်း ဂိုးတွေ အလွယ်တကူ ပြန်လည်ခွင့်ပြုခဲ့ရလို့ ပွဲအပြီးမှာ ၅ဂိုး၃ဂိုးနဲ့ အနိုင်ယူခဲ့နိုင်ပါတယ်။ ပွဲအစ၁မိနစ်ကတည်းက ခံစစ်အမှားကြောင့် ဧည့်သည်အသင်းကို ဂိုးစပေးခဲ့ရတဲ့ အင်္ဂလန်အသင်းဟာ စတာလင် ဟယ်ရီကိန်းတို့ရဲ့ ဂိုးတွေနဲ့ ပြန်လည်ဦးဆောင်ခဲ့ပြီး တတိယဂိုးကိုတော့ ကိုဆိုဗိုဘက်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ကာ စတုတ္ထဂိုးနဲ့ ပဥ္စမဂိုးတို့ကို ဆန်ချိုက သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စချိန်မှာတော့ ဧည့်သည့်အသင်းဘက်ကနေ သွင်းဂိုး၂ဂိုး ပြန်ရခဲ့ပေမယ့် ပွဲကို အင်္ဂလန်ကပဲ ထိန်းချုပ်ကစားရင်း ခြေစစ်ပွဲ ၄ပွဲလုံးကို ရာနှုန်းပြည့်အနိုင်ရယူခဲ့ပါတယ်။

Photo Credit : Getty Images

လစ်သူယေးနီးယားရဲ့ ကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့ ပေါ်တူဂီအသင်းကတော့ အဓိကတိုက်စစ်ကစားသမား ခရစ္စတီယာရော်နယ်ဒိုရဲ့ သွင်းဂိုး၄ဂိုးအပါအဝင် ကွင်းလယ်လူ ကာဗယ်ဟိုရဲ့ ဂိုးတို့ကြောင့် ၁ဂိုး ၅ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲအစ ရမိနစ်မှာကတည်းက ရော်နယ်ဒိုရဲ့ ပင်နယ်တီ စတင်ဦးဆောင်ပြီးနောက် အိမ်ရှင်ဘက်နေ ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ ပွဲကစားချိန် ၁၄မိနစ်အတွင်း ရော်နယ်ဒိုက အသင်းအတွက် သွင်းဂိုး၃ဂိုးကို ဆက်တိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ပေါ်တူဂီအသင်းဟာ အုပ်စု B ရဲ့ ဒုတိယနေရာမှာ ပထမနေရာက ယူကရိန်းအသင်းနဲ့ ၁ပွဲလျော့ ၅မှတ်တဲ့အထိ အမှတ်ပြန်လည်နီးကပ်လာခဲ့ပါတယ်။

Photo Credit : Getty Images

နောက်ထပ် နာမည်ကျော် အသင်းကြီးတစ်သင်းဖြစ်တဲ့ ပြင်သစ်မှာလည်း အိမ်ကွင်းမှာ အန်ဒိုရာအသင်းကို အခက်အခဲမရှိပဲ ကိုးမန်း လွန်းဂလတ် ဘင်ယက်ဒါတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ထူးခြားတာကတော့ အယ်ဘေးနီးယားအသင်းနဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဂရစ်ဇ်မန်း ဒီပွဲမှာလည်း ပင်နယ်တီကန်ခွင့် ရရှိခဲ့ပြီး ဂိုးမဝင်ဖြစ်ခဲ့ပါဘူး။ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ပေမယ့် တစ်ဖက်က  တူရကီအသင်းကလည်း နိုင်ပွဲရခဲ့တာမို့ အုပ်စု H မှာ တူရကီနဲ့ပြင်သစ်အသင်းတို့က ရမှတ်၁၅မှတ်စီနဲ့ ပူးတွဲရပ်တည်လို့နေပါတယ်။

အခြားပွဲရလဒ်များ

မွန်တီနီဂရိုး ၀-၃ ချက်

လူဇင်ဘတ် ၁-၃ ဆာဘီးယား

အယ်ဘေးနီးယား ၄-၂ အိုက်စလန်

မော်ဒိုဗာ ၀-၄ တူရကီ