၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကိုတော့ ဒီကနေ့မှာပဲ စတင် ကျင်းပသွားပါတော့မယ်။ အုပ်စုနောက်ဆုံးပွဲစဉ် ပထမနေ့ရဲ့ မနက်(၁)နာရီခွဲအချိန်မှာတော့ အုပ်စု(B)နှစ်ပွဲလုံးကို တပြိုင်တည်း ကျင်းပစေမှာဖြစ်ပြီး အဲ့ဒီပွဲထဲကမှ နောက်တစ်ဆင့်တတ်ဖို့ သေချာနေတဲ့ အင်္ဂလန်အသင်းနဲ့ နောက်တစ်ဆင့်တတ်ဖို့ မလွယ်ကူတော့တဲ့ ဝေးလ်စ်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

When is England vs Wales? Time, date and how to watch the World Cup 2022  match on TV

Photo Credit : The Telegraph

အင်္ဂလန်က အီရန်နဲ့ပွဲမှာ တိုက်စစ်စွမ်းရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပေမယ့် အမေရိကန်နဲ့ပွဲမှာတော့ အသင်းက nation league ပွဲစဉ်တွေတုန်းကလို ပုံစံမျိုး ဖြစ်သွားခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အီရန်နဲ့ပွဲမှာ (၆)ဂိုးအထ်ိ သွင်းယူနိုင်ခဲ့တာက အင်္ဂလန်တို့ နောက်တစ်ဆင့်တတ်လှမ်းဖို့အတွက် အားသာချက်တစ်ခုလို ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် အုပ်စုဗိုလ်နေရာအတွက်တော့ အင်္ဂလန်ဟာ အခုပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါသေးတယ်။

Wales' Gareth Bale looks dejected following defeat to Iran on November 25, 2022

Photo Credit : Sports Mole

ဝေးလ်စ်ကတော့ နှစ်ပေါင်းများစွာအကြာမှ ကမ္ဘာ့ဖလားကို ဝင်ရောက် ဆင်နွဲခဲ့ရတာ ဖြစ်ပေမယ့် ရလဒ်ပိုင်းတွေကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး အီရန်နဲ့ပွဲမှာလည်း ဂိုးသမားဟန်နက်ဆီ အထုတ်ခံခဲ့ရသလို နောက်ကျဂိုးတွေနဲ့ပါ အရှုံးပေးခဲ့ရပါတယ်။ လက်ရှိမှာလည်း ရမှတ်(၁)မှတ်သာ ပိုင်ဆိုင်ထားခဲ့လို့ အင်္ဂလန်ကို အနိုင်ရမယ်ဆိုရင်တောင် တစ်ဖက်မှာ အမေရိကန်နဲ့ အီရန်ပွဲ ရလဒ်ကိုလည်း ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။ လတ်တလော form အရဆိုရင်လည်း ဝေးလ်စ်က အင်္ဂလန်ထက်ကို အားနည်းလွန်းနေပါတယ်။

Photo Credit : Sporting News

ဥရောပအခြေစိုက် အသင်းနှစ်သင်း ဖြစ်နေတဲ့အပြင် ဗြိတိန်ရဲ့ home nations နိုင်ငံတွေလည်း ဖြစ်နေတာကြောင့် အဆင့် ရပ်တည်ချက်တွေ ဘယ်လိုပဲ ဖြစ်နေပါစေ လုံးဝကို အကြိတ်အနယ် ရှိမှာတော့ အသေအချာပါပဲ။ ဝေးလ်စ်ကလည်း (၁)မှတ်သာ ရထားသေးတဲ့အသင်း ဖြစ်နေတယ်ဆိုရင်တောင်မှ အင်္ဂလန်ကို အနိုင်ကစားမယ် အီရန်က အမေရိကန်ကို သရေကျမယ်ဆိုရင် ဝေးလ်စ်အတွက် နောက်တစ်ဆင့်တတ်ခွင့်က မျှော်လင့်ချက် ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် အင်္ဂလန်ကို အနိုင်ကစားဖို့က အတော်လေးကို ခက်ခဲပါမယ်။ အစဉ်အလာတွေအတိုင်း အင်္ဂလန်ပဲ ရလဒ်ကောင်းပါလိမ့်မယ်။