ယခုႏွစ္မွာ ဘြန္ဒက္စ္လီဂါခ်န္ပီယံဆုကို ရယူနိုင္ဖို႔အတြက္ ပစ္မွတ္ထားႀကိဳးပမ္းေနတဲ့ ဘိုရပ္ရွား ေဒါ့မြန္အသင္းဟာ စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းရဲ့ ခ်န္ပီယံလိဂ္လူစာရင္းမွ ထုတ္ပယ္ခံထားရတဲ့ ကြင္းလယ္ကစားသမား အမ္မရီခ်န္ကို ေခၚယူဖို႔အတြက္ ေဆြးေႏြးမွုေတြ စတင္ေနၿပီလို႔ အီတလီသတင္းစာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Express.com

ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္အသင္းရဲ့ အဓိကကြင္းလယ္လူ ျဖစ္ခဲ့ေပမယ့္ နည္းၿပ ဆာရီ ေရာက္ရွိလာၿပီးေနာက္ပိုင္းမွာ အသင္းရဲ့ ခ်န္ပီယံလိဂ္လူစာရင္းကေနပါ ခ်န္လွပ္ခံခဲ့ရတဲ့ အမ္မရီခ်န္ဟာ လက္ရွိ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာခြင့္ ရရွိထားသူ ျဖစ္ၿပီး ခ်န္ရဲ့ေအးဂ်င့္ဟာလည္း ခ်န္ကို အသင္းေျပာင္းခြင့္ရဖို႔ ႀကိဳးပမ္းေနပါတယ္။

Photo Credit: Express.com

လက္ရွိ ထြက္ေပၚေနတဲ့ သတင္းေတြအရ ေဒါ့မြန္အသင္းဟာ အမ္မရီခ်န္ကို ေခၚယူနိုင္ဖို႔ ေဆြးေႏြးမွုေတြ စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရွိရကာ ဂ်ဴဗင္တပ္အသင္းဟာ အမ္မရီခ်န္ အတြက္ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္၂၁သန္းမွ ၂၅သန္းၾကား တန္ေၾကးရွိတဲ့ ေငြေၾကးတစ္ရပ္ ကို ရရွိနိုင္ေၾကာင္း သိထားရပါတယ္။

Photo Credit: Express.com

ဒါေပမယ့္ အမ္မရီခ်န္ကို ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္ေနတဲ့အသင္းေတြဟာ ေဒါ့မြန္ တစ္သင္းထဲမဟုတ္ပဲ ေအစီမီလန္အသင္း ၊ နာပိုလီအသင္း ၊ စပါးအသင္းနဲ႔ ယူနိုက္တက္တို႔ကပါ ေစာင့္ၾကည့္ေနတာေၾကာင့္ အမ္မရီခ်န္ ဘယ္အသင္းကို ေရြးခ်ယ္သြားမလဲဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

ယခုနှစ်မှာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ပစ်မှတ်ထားကြိုးပမ်းနေတဲ့ ဘိုရပ်ရှား ဒေါ့မွန်အသင်းဟာ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းမှ ထုတ်ပယ်ခံထားရတဲ့ ကွင်းလယ်ကစားသမား အမ်မရီချန်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ အီတလီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Express.com

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းရဲ့ အဓိကကွင်းလယ်လူ ဖြစ်ခဲ့ပေမယ့် နည်းပြ ဆာရီ ရောက်ရှိလာပြီးနောက်ပိုင်းမှာ အသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရတဲ့ အမ်မရီချန်ဟာ လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူ ဖြစ်ပြီး ချန်ရဲ့အေးဂျင့်ဟာလည်း ချန်ကို အသင်းပြောင်းခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။

Photo Credit: Express.com

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒေါ့မွန်အသင်းဟာ အမ်မရီချန်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရကာ ဂျူဗင်တပ်အသင်းဟာ အမ်မရီချန် အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်၂၁သန်းမှ ၂၅သန်းကြား တန်ကြေးရှိတဲ့ ငွေကြေးတစ်ရပ် ကို ရရှိနိုင်ကြောင်း သိထားရပါတယ်။

Photo Credit: Express.com

ဒါပေမယ့် အမ်မရီချန်ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတဲ့အသင်းတွေဟာ ဒေါ့မွန် တစ်သင်းထဲမဟုတ်ပဲ အေစီမီလန်အသင်း ၊ နာပိုလီအသင်း ၊ စပါးအသင်းနဲ့ ယူနိုက်တက်တို့ကပါ စောင့်ကြည့်နေတာကြောင့် အမ်မရီချန် ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။