ၿပီးခဲ့တဲ့ ဇန္နဝါရီလ ေဆာင္းရာသီအေျပာင္းအေရႊ႔ကာလမွာပဲ ကာဒစ္စီးတီးအသင္းဟာ နန္႔တက္အသင္းရဲ႕ အာဂ်င္တီးနားတုိက္စစ္ကစားသမား အီမီလီယာႏုိဆာလာကုိ ေပါင္၁၅သန္းနဲ႔ ေခၚယူအားျဖည့္ခဲ့ၿပီး တန္းဆင္းအႏၱရာယ္ကေန လြတ္ေျမာက္ဖုိ႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ကံဆုိးစြာနဲ႔ ျပင္သစ္ကေန ကာဒစ္အသင္းအေျခစုိက္ရာ ေဝးလ္ႏုိင္ငံဆီကုိ ထြက္ခြာလာခ်ိန္မွာပဲ ဆာလာဟာ ေလယာဥ္ပ်က္က် ေသဆုံးခဲ့ရသလုိ ေဘာလုံးရာသီအကုန္မွာလည္း ကာဒစ္အသင္းက ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားခဲ့ရပါတယ္။

Photo Credit : Getty Images

ဆာလာရဲ႕ ဆုံးပါးမႈဟာ ေဘာလုံးေလာကတစ္ခုလုံးအတြက္ ေၾကကြဲဝမ္းနည္းစရာႀကီးတစ္ခု ျဖစ္ပြားခဲ့ရၿပီး နန္႔တက္အသင္းနဲ႔ ကာဒစ္အသင္းတုိ႔ုၾကားမွာလည္း ေျပာင္းေရႊ႔ေၾကးနဲ႔ပတ္သက္ၿပီး အျငင္းအခုံေတြ ျဖစ္ခဲ့ရပါတယ္။ ဆာလာဟာ ဇန္နဝါရီ ၂၁ရက္ေန႔မွာ ကာဒစ္အသင္း႐ွိရာဆီကုိ ကုိယ္ပုိင္ဂ်က္ေလယာဥ္ပ်ံနဲ႔ ပ်ံသန္းလာေနစဥ္ အဂၤလိပ္ေရလက္ၾကားမွာ ေလယာဥ္ပ်က္က်ခဲ့ၿပီး သမုဒၵရာအတြင္း ႏွစ္ျမႇပ္ေသဆုံးခဲ့ရတာျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ ဆာလာရဲ႕အသက္က ၂၈ႏွစ္သာ႐ွိေသးၿပီး ေဘာလုံးအားကစားကုိ အစြမ္းကုန္ႀကိဳးစားအားထုတ္ကစားတတ္တဲ့ သူ႔လုိကစားသမားတစ္ေယာက္ ေစာစီးစြာ ေႂကြလြင့္ခဲ့ရတဲ့အေပၚမွာလည္း ေဘာလုံးအသုိင္းအဝုိင္းတစ္ခုလုံးက ဝမ္းနည္းပက္လက္ျဖစ္ခဲ့ၾကရပါတယ္။

Photo Credit : Getty Images

ဆာလာရဲ႕ ဂ်က္ေလယာဥ္ပ်ံ ပ်က္က်မႈျဖစ္ၿပီးတဲ့ေနာက္ပုိင္း ႐ွာေဖြေရးလုပ္ငန္းေတြကုိ အင္တုိက္အားတုိက္ ျပဳလုပ္ခဲ့ရာ ေဖေဖာ္ဝါရီလ ၃ရက္ေန႔မွာပဲ ေလယာဥ္ပ်ံကုိ ႐ွာေဖြေတြ႐ွိခဲ့ၿပီး ၃ရက္အၾကာမွာပဲ ဆာလာရဲ႕႐ုပ္အေလာင္းကုိ ရင္နစ္ဖြယ္ ျပန္လည္ေတြ႔႐ွိခဲ့ရပါတယ္။ ဒါေပမယ့္ ခုလက္႐ွိခ်ိန္ထိေတာ့ ဆာလာရဲ႕ဂ်က္ေလယာဥ္ပ်ံကုိ ေမာင္းႏွင္ေနတဲ့ ေလယာဥ္မွဴးရဲ႕႐ုပ္အေလာင္းကုိေတာ့ လုံးဝမေတြ႔႐ွိရေသးပဲ ထူးဆန္းစြာ ေပ်ာက္ဆုံးခ်က္႐ွိလုိ႔ေနပါတယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီး ဆာလာအေနနဲ႔ လုပ္ၾကံသတ္ျဖတ္ခဲ့လုိက္ရတာလုိ႔လည္း လူအမ်ားက ယူဆေနၾကလ်က္႐ွိသလုိ အမႈအခင္းကုိ စုံစမ္းစစ္ေဆးေနသူမ်ားကလည္း အေျဖအတိအက်ကုိ သိ႐ွိေစႏုိင္ဖုိ႔အတြက္ ဆက္လက္စစ္ေဆးေနလ်က္႐ွိရာ အခုေတာ့ ဆာလာေသဆုံးမႈနဲ႔ပတ္သက္ၿပီး ေနာက္ဆက္တြဲအေၾကာင္းအရာေတြကုိ ထပ္မံသိ႐ွိလာခဲ့ရပါတယ္။

Photo Credit : Getty Images

ကနဦးစစ္ေဆးခ်က္ေတြအရ ဆာလာဟာ ဦးေခါင္းနဲ႔ခႏၶာကုိယ္တဝုိက္မွာ ထိခုိက္ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့တာလုိ႔ သိရေပမယ့္ အခု ဆက္လက္စစ္ေဆးရမွာေတာ့ ဆာလာရဲ႕ ေသြးအတြင္းမွာ အဆိပ္ေငြ႔လုိ႔ သတ္မွတ္ခံထားရတဲ့ ကာဘြန္မုိေနာက္ဆုိဒ္ဓာတ္ေငြ႔ေတြကုိ ေတြ႔ျမင္ခဲ့ရတယ္လုိ႔ သိ႐ွိရပါတယ္။ သာမာန္လူတစ္ေယာက္ဟာ CO ဆုိတဲ့ ကာဘြန္မုိေနာက္ဆုိဒ္ဓာတ္ေငြ႔ရဲ႕ ၅၀ရာခုိင္ႏႈန္းအထိ ထိေတြ႔လုိက္ရမွာဆုိရင္ ႏွလုံးကုိ ဆုိးဆုိးရႊားရႊား ထိခုိက္ေစႏုိင္ၿပီး ဆာလာရဲ႕ေသြးထဲမွာက CO ၅၈ရာခုိင္ႏႈန္းအထိ ပါဝင္ေနခဲ့ရတာျဖစ္လုိ႔ ေသဆုံးခဲ့ရတာျဖစ္ႏုိင္တယ္လုိ႔ ေဆးအဖြဲ႔က ထြက္ဆုိခဲ့ပါတယ္။ ဒါ့အျပင္ ေလယာဥ္မွဴးမွာလည္း အဲ့ဒီဓာတ္ေငြ႔ေၾကာင့္ ေလယာဥ္ေမာင္းႏွင္းေနစဥ္ မွားယြင္းခ်က္ေတြ ျဖစ္ေပၚလာခဲ့ကာ ပ်က္က်သြားခဲ့ရတာ ျဖစ္ႏုိင္တယ္လုိ႔လည္း သုံးသပ္ထားပါတယ္။ ဒီ CO ဓာတ္ေငြ႔ေတြ ေလယာဥ္ရဲ႕ အခန္းငယ္အတြင္းထဲက အိတ္ေဇာကေန ထြက္ေပၚလာခဲ့တာျဖစ္ၿပီး ဒီလုိကိစၥရပ္ဆုိတာ ျဖစ္ေပၚေလ့႐ွိ သိပ္မ႐ွိတဲ့အေၾကာင္းအရာမ်ိဳးျဖစ္တယ္လုိ႔လည္း သိရပါတယ္ခင္ဗ်ာ။

(Unicode)

ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာပဲ ကာဒစ်စီးတီးအသင်းဟာ နန့်တက်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား အီမီလီယာနိုဆာလာကို ပေါင်၁၅သန်းနဲ့ ခေါ်ယူအားဖြည့်ခဲ့ပြီး တန်းဆင်းအန္တရာယ်ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ ပြင်သစ်ကနေ ကာဒစ်အသင်းအခြေစိုက်ရာ ဝေးလ်နိုင်ငံဆီကို ထွက်ခွာလာချိန်မှာပဲ ဆာလာဟာ လေယာဉ်ပျက်ကျ သေဆုံးခဲ့ရသလို ဘောလုံးရာသီအကုန်မှာလည်း ကာဒစ်အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပါတယ်။

Photo Credit : Getty Images

ဆာလာရဲ့ ဆုံးပါးမှုဟာ ဘောလုံးလောကတစ်ခုလုံးအတွက် ကြေကွဲဝမ်းနည်းစရာကြီးတစ်ခု ဖြစ်ပွားခဲ့ရပြီး နန့်တက်အသင်းနဲ့ ကာဒစ်အသင်းတို့ုကြားမှာလည်း ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်ခဲ့ရပါတယ်။ ဆာလာဟာ ဇန်နဝါရီ ၂၁ရက်နေ့မှာ ကာဒစ်အသင်းရှိရာဆီကို ကိုယ်ပိုင်ဂျက်လေယာဉ်ပျံနဲ့ ပျံသန်းလာနေစဉ် အင်္ဂလိပ်ရေလက်ကြားမှာ လေယာဉ်ပျက်ကျခဲ့ပြီး သမုဒ္ဒရာအတွင်း နှစ်မြှပ်သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဆာလာရဲ့အသက်က ၂၈နှစ်သာရှိသေးပြီး ဘောလုံးအားကစားကို အစွမ်းကုန်ကြိုးစားအားထုတ်ကစားတတ်တဲ့ သူ့လိုကစားသမားတစ်ယောက် စောစီးစွာ ကြွေလွင့်ခဲ့ရတဲ့အပေါ်မှာလည်း ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးက ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြရပါတယ်။

Photo Credit : Getty Images

ဆာလာရဲ့ ဂျက်လေယာဉ်ပျံ ပျက်ကျမှုဖြစ်ပြီးတဲ့နောက်ပိုင်း ရှာဖွေရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလ ၃ရက်နေ့မှာပဲ လေယာဉ်ပျံကို ရှာဖွေတွေရှိခဲ့ပြီး ၃ရက်အကြာမှာပဲ ဆာလာရဲ့ရုပ်အလောင်းကို ရင်နစ်ဖွယ် ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် ခုလက်ရှိချိန်ထိတော့ ဆာလာရဲ့ဂျက်လေယာဉ်ပျံကို မောင်းနှင်နေတဲ့ လေယာဉ်မှူးရဲ့ရုပ်အလောင်းကိုတော့ လုံးဝမတွေ့ရှိရသေးပဲ ထူးဆန်းစွာ ပျောက်ဆုံးချက်ရှိလို့နေပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဆာလာအနေနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့လိုက်ရတာလို့လည်း လူအများက ယူဆနေကြလျက်ရှိသလို အမှုအခင်းကို စုံစမ်းစစ်ဆေးနေသူများကလည်း အဖြေအတိအကျကို သိရှိစေနိုင်ဖို့အတွက် ဆက်လက်စစ်ဆေးနေလျက်ရှိရာ အခုတော့ ဆာလာသေဆုံးမှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲအကြောင်းအရာတွေကို ထပ်မံသိရှိလာခဲ့ရပါတယ်။

Photo Credit : Getty Images

ကနဦးစစ်ဆေးချက်တွေအရ ဆာလာဟာ ဦးခေါင်းနဲ့ခန္ဓာကိုယ်တဝိုက်မှာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ သိရပေမယ့် အခု ဆက်လက်စစ်ဆေးရမှာတော့ ဆာလာရဲ့ သွေးအတွင်းမှာ အဆိပ်ငွေ့လို့ သတ်မှတ်ခံထားရတဲ့ ကာဘွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေကို တွေ့မြင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ သာမာန်လူတစ်ယောက်ဟာ CO ဆိုတဲ့ ကာဘွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ရဲ့ ၅၀ရာခိုင်နှုန်းအထိ ထိတွေ့လိုက်ရမှာဆိုရင် နှလုံးကို ဆိုးဆိုးရွှားရွှား ထိခိုက်စေနိုင်ပြီး ဆာလာရဲ့သွေးထဲမှာက CO ၅၈ရာခိုင်နှုန်းအထိ ပါဝင်နေခဲ့ရတာဖြစ်လို့ သေဆုံးခဲ့ရတာဖြစ်နိုင်တယ်လို့ ဆေးအဖွဲ့က ထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်မှူးမှာလည်း အဲ့ဒီဓာတ်ငွေ့ကြောင့် လေယာဉ်မောင်းနှင်းနေစဉ် မှားယွင်းချက်တွေ ဖြစ်ပေါ်လာခဲ့ကာ ပျက်ကျသွားခဲ့ရတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။ ဒီ CO ဓာတ်ငွေ့တွေ လေယာဉ်ရဲ့ အခန်းငယ်အတွင်းထဲက အိတ်ဇောကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီလိုကိစ္စရပ်ဆိုတာ ဖြစ်ပေါ်လေ့ရှိ သိပ်မရှိတဲ့အကြောင်းအရာမျိုးဖြစ်တယ်လို့လည်း သိရပါတယ်ခင်ဗျာ။