MySport Myanmar

ကမ္ဘာ့ဖလား ပြီးဆုံးသွားချိန်မှာတောင် ဘာပေကို လှောင်ပြောင်လို့ မဝနိုင်သေးတဲ့ မာတီနက်ဇ်

၂၀၂၂ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ ရွှေလက်အိတ်ဆုရှင် ဂိုးသမား အယ်မီလီယာနိုမာတီနက်ဇ်ဟာ သူရဲ့အမိမြေ အာဂျင်တီးနားနိုင်ငံကို ပြန်လည် ရောက်ရှိနေစဉ်မှာတောင် ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေကို ကျီစယ် နောက်ပြောင်လို့ မဝနိုင်သေးပဲ ဗျူနိုအေးရိစ်မြို့ထဲ လှည့်ပတ် အောင်ပွဲခံရမှာ ဘာပေရဲ့မျက်နှာကပ်ထားတဲ့ ကလေးအရုပ်လေးကိုပါ သယ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Daily Mail

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ ချန်ပီယံ အာဂျင်တီးနားအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ ဂိုးသမား မာတီနက်ဇ်ဟာ လက်စွမ်းပိုင်းကောင်းသလောက် အငြင်းပွားစရာ အပြုအမှုတွေကိုလည်း လုပ်ဆောင်တတ်သူ ဖြစ်ပါတယ်။ ဖိုင်နယ်ပွဲအတွင်း ပင်နယ်တီ အဆုံးအဖြတ် ခံယူစဉ်မှာ ပြင်သစ်ကစားသမားတွေရဲ့ ပင်နယ်တီကန်ချက်တွေကို ကာကွယ်နိုင်ချိန် ကခုန်မြူးတူးပြီး အောင်ပွဲခံခဲ့သလို ချန်ပီယံအဖြစ် အဝတ်လဲအခန်းထဲမှာ အောင်ပွဲခံနေစဉ်တုန်းကလည်း ဘာပေအတွက် တစ်မိနစ် ငြိမ်သက်ပေးဖို့အထိပါ ရက်ရက်စက်စက်ကို လှောင်ပြောင်ခဲ့ပါသေးတယ်။

Photo Credit : Daily Mail

အခုလည်း မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လက်ရွေးစင်အသင်းနဲ့အတူ အမိမြေ အာဂျင်တီးနားနိုင်ငံကို မနေ့ကပဲ ပြန်လည် ရောက်ရှိလာရင်းနဲ့ မြို့တော် ဗျူနိုအေးရိစ်မှာ လှည်ပတ် အောင်ပွဲခံနေရာ အဲ့ဒီနေ့က ဘာပေရဲ့ အသက်(၂၄)နှစ်ပြည့် မွေးနေ့ပါ ဖြစ်နေတာကြောင့် မာတီနက်ဇ်က ဘာပေမျက်နှာပုံ ကပ်ထားတဲ့ ကလေးအရုပ်လေးကို သယ်ဆောင်လာခဲ့ပြီး ဘာပေကို ထပ်မံ လှောင်ပြောင်ခဲ့ပါတယ်။ ဘာပေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်ခင်ကတည်းက ဥရောပနဲ့ တောင်အမေရိက ဘောလုံးအသင်းတွေကြား ဘောလုံးအဆင့်အတန်း ကွာခြားနေခြင်းအကြောင်းတွေကို ပြောဆိုလာခဲ့ပြီး ဥရောပမှာက ခြေစစ်ပွဲအပြင် Nations League လို ပြိုင်ပွဲတွေအထိပါ ကစားရတာဖြစ်လို့ ဥရောပအသင်းတွေက တိုးတတ်လာရပြီး နောက်ဆုံး ကျင်းပခဲ့တဲ့ ကမ္ဘာ့မဖလားတွေမှာပါ ဥရောပအသင်းတွေပဲ ဗိုလ်စွဲခဲ့ရတာလို့ ပြောဆိုခဲ့တာကြောင့် အတော်လေး ဂယက်ထခဲ့ရပါသေးတယ်။ ဒီလို ပြောဆိုမှုတွေအပေါ် မာတီနက်ဇ်ကိုယ်တိုင် ဝေဖန်သွားခဲ့ပြီး ဘောလုံးအတွေ့အကြုံ ကောင်းကောင်းမရှိသေးလို့ မှတ်ချက်စကားတောင် ကောင်းကောင်းမပြောနိုင်ဘူးလို့ တုံ့ပြန်သွားခဲ့ပါသေးတယ်။ ဒါ့အပြင် မာတီနက်ဇ်က ဆုပေးပွဲအတွင်း ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရတဲ့ သူရဲ့အောင်ပွဲခံမှုဟာလည်း သူ့ကို လှောင်ပြောင်နေတဲ့ ပြင်သစ်ပရိသတ်တွေကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ခဲ့တာပါလို့ ရှင်းဆိုသွားခဲ့ပါတယ်။

Exit mobile version