ပီအက်စ်ဂျီအသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ နည်းပြဟောင်း အမ်မရီက ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုတို့ကို ကျော်ပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ အူနိုင်း အမ်မရီဟာ ပီအက်စ်ဂျီအသင်းကို နည်းပြခဲ့စဉ်က (၂၀၁၇) ခုနှစ် ရာသီမှာ တိုက်စစ်မှူး နေမာကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွေ့ကြေး ယူရို (၂၂၂) သန်းနဲ့ လာလီဂါ ပြိုင်ပွဲ ဘာစီလိုနာအသင်းကနေ ခေါ်ယူခဲ့ပြီး နေမာကို ပီအက်စ်ဂျီအသင်းမှာ (၁) နှစ်ခန့်ကြာ နည်းပြခဲ့ဖူးတာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ အမ်မရီဟာ ာ တိုက်စစ်မှူး နေမာကို (၂၀၁၇) ခုနှစ်မှာ တစ်ရာသီ နည်းပြခဲ့ပြီး (၂၀၁၈) ခုနှစ်မှာတော့ အသင်းပြောင်းသွားခဲ့တာကြောင့် ပြင်သစ် လီးဂူးဝမ်း ပီအက်စ်ဂျီအသင်းကနေ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပဲွဲက အာဆင်နယ်အသင်းကို လာရောက် နည်းပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ အမ်မရီဟာ အာဆင်နယ်အသင်းမှာ (၂၀၁၈) ခုနှစ်ကနေ (၂၀၁၉) ခုနှစ်အထိ (၁) နှစ်ခန့်ကြာ နည်းပြခဲ့တဲ့ အချိန်မှာ ရလဒ် မကောင်းခဲ့တဲ့ အတွက် အာဆင်နယ် နည်းပြအဖြစ်က ထုတ်ပယ်ခံခဲ့ရပြီး နေမာက မက်ဆီ နဲ့ ရော်နယ်ဒိုတို့ကို ကျော်လွန်သွားနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ အမ်မရီက “ကျွန်တော် နေမာနဲ့ အတူ ပီအက်စ်ဂျီအသင်းမှာ ကောင်းမွန်တဲ့ တစ်ရာသီ ပိုင်ဆိုင်ခဲ့ပါတယ်။ နေမာ လေ့ကျင့်ရေး ဆင်းတဲ့ အချိန် နဲ့ ပွဲကစားတဲ့ အချိန်မှာ သူ့ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ပြီး ကျွန်တော် အများကြီး သင်ယူခဲ့ပါတယ်။ နေမာက အရည်အချင်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ အရည်အချင်း နဲ့ သူ့ရဲ့ အရည်အသွေးက သက်ရောက်မှု ရှိပါတယ်။ ကျွန်တော်ကတော့ နေမာက မက်ဆီ နဲ့ ရော်နယ်ဒိုတို့ကို ကျော်ပြီး ကမ္ဘာ့ အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ နေမာမှာ ကမ္ဘာ့ အကောင်းဆုံး ဖြစ်လာဖို့ အချိန် အများကြီး ရှိနေပါသေးတယ်”လို့ EFE နဲ့ အမေးအဖြေ ပြုလုပ်သွားခဲ့တဲ့ အချိန်မှာ အခိုင်အမာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။