အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီကတော့ စပိန်နိုင်ငံက လာလီဂါအသင်း တစ်သင်းဖြစ်တဲ့ ဗီလာရီးရဲလ် အသင်းနဲ့ (၃) နှစ်ကြာ စာချုပ်ကို ချုပ်ဆိုသွားခဲ့ပြီးတဲ့နောက် စာချုပ်ကာလ (၃) နှစ်အတွင်း ဗီလာရီးရဲလ် အသင်းအတွက် ဆုဖလား တစ်ခု ရယူပေးမယ်လို မိတ်ဆက်ပွဲ ပြုလုပ်စဉ်မှာ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ အူနိုင်း အမ်မရီဟာ အရင်ကလည်း စပိန် လာလီဂါ အသင်းတွေ ဖြစ်ကြတဲ့ ဗလန်စီယာအသင်း နဲ့ ဆီဗီလာအသင်းတိုကို နည်းပြခဲ့ဖူးတာ ဖြစ်ပြီး ဆီဗီလာအသင်းကို နည်းပြခဲ့စဉ်ကတော့ ယူအီအက်ဖ်အေ ယူရိုပါလိဂ် ဆုဖလားကို (၂၀၁၃-၁၄)၊ (၂၀၁၄-၁၅)၊ (၂၀၁၅-၁၆)၊ ရာသီတွေမှာ (၃) နှစ်ဆက် ရယူပေးခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ အမ်မရီဟာ အာဆင်နယ်အသင်းရဲ့ နည်းပြ အဖြစ်ကနေ ထုတ်ပယ်ခံရပြီးတဲ့နောက် အနားယူခဲ့ပြီး အခုအချိန်မှာတော့ အရင်က ကျင်လည်ခဲ့ဖူးတဲ့ စပိန် လာလီဂါ ပြိုင်ပွဲကို ဗီလာရီးရဲလ်အသင်းနဲ့ အတူ ပြန်လာခဲ့ပြီ ဖြစ်တာကြောင့် (၃) နှစ်အတွင်း ဆုဖလား တစ်ခု ရရှိဖိုအတွက် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဗီလာရီးရဲလ်အသင်းကတော့ အသင်းရဲ့ နည်းပြ ဂျာဗီ ကာလ်လီဂျာကို ထုတ်ပယ်ပြီးနောက် နည်းပြ အမ်မရီကို (၃) နှစ်ကြာ စာချုပ်ဆိုသွားခဲ့တာ ဖြစ်ပြီး နည်းပြ အမ်မရီကတော့ သူ့ရဲ့ စာချုပ် သက်တမ်း (၃) နှစ်အတွင်းမှာ ဗီလာရီးရဲလ်အသင်းကို ဆုဖလား တစ်ခု ရယူပေးမယ်လို မိတ်ဆက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ အမ်မရီက “အခြားနိုင်ငံတွေမှာ အတွေ့အကြုံတွေ ရယူခဲ့ပြီးတဲ့နောက် စပိန်နိုင်ငံကို ပြန်လာရတာက ကျွန်တော် အိမ်ပြန်ရောက်နေသလိုမျိုး ခံစားရပါတယ်။ ကျွန်တော် စိတ်အားထက်သန်မိပါတယ်။ ဘာလိုလဲ ဆိုရင် ဗီလာရီးရဲလ်အသင်းမှာ ရှိတဲ့ စိန်ခေါ်မှု နဲ့ ရည်ရွယ်ချက်ကြောင့်ပါပဲ။ ကျွန်တော် ဒီအသင်းကို အမြဲတမ်း သဘောကျပါတယ်။ လက်ရှိ ဥက္ကဌက ဒီအသင်းကို ရောက်လာတဲ့ အချိန်မှာ ဒီအသင်းက တည်ငြိမ်လာခဲ့တယ်။ ဒီအသင်းက ယူရိုပါလိဂ် နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပြီး အရေးကြီးတဲ့ အောင်မြင်မှုတွေကိုလည်း ရရှိခဲ့ကြပါတယ်။ အိပ်မက်တွေကို လွတ်လပ်စွာ မက်ခွင့်ရှိပါတယ်။ ကျွန်တော် ဒီမှာ ဗီလာရီးရဲလ်အသင်းနဲ့ ဆုဖလား တစ်ခု ရယူဖို အိပ်မက် ရှိပါတယ်။ ကျွန်တော်တို ဒီလမ်းခရီးရှည်ဖို ပျော်ရွှင်ဖို လိုပါတယ်။ ဒီမှာက ဆုဖလား မရရင်တောင် သူတိုရဲ့ ခရီးစဉ်ကို ပျော်ရွင်ကြပါတယ်’’လို မိတ်ဆက်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။