MySport Myanmar

ပြင်သစ်သမိုင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာတဲ့ PSGလူငယ်ကြယ်ပွင့် အမ်မရီ

ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ ပြင်သစ်အသင်းတို့ရဲ့ လူငယ်ကြယ်ပွင့် အမ်မရီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၁၄-၀ ဂျီဘရော်လ်တာ ပွဲစဉ်မှာ ပြင်သစ်အသင်း အတွက် ပွဲထွက်ကစားသမား အဖြစ် ပါဝင်ကစားရင်း ဂုဏ်ယူစရာကောင်းတဲ့ စံချိန်သစ် ၂ခုကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရပါတယ်။

၂၀၀၆ခုနှစ်မှာ မွေးဖွားတဲ့ အမ်မရီက ပီအက်စ်ဂျီရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် ဖြစ်ပြီး သူက ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် အထိ ရရှိထားပါတယ်။

Photo Credit: Goal

အမ်မရီက ဗဟိုကွင်းလယ်နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပေမယ့် သူ့ရဲ့ အကွက်မြင်မှုနဲ့ ဂိုးသွင်းအားတို့ကြောင့် ပြိုင်ဘက် ခံစစ်မှူးတွေကို အတော်လေး ဒုက္ခပေးနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပြင်သစ်နည်းပြချုပ် ဒီဒီယာ ဒက်ချမ့်စ်က အမ်မရီကို လက်ရွေးစင်အသင်းဆီ ခေါ်ဆောင်ခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ် ၁၄-၀ ဂျီဘရော်လ်တာ ပွဲစဉ်မှာ အမ်မရီက ရာဘီယော့နဲ့ တွဲဖက်ကာ ပြင်သစ်ရဲ့ ကွင်းလယ်ကို ထိန်းကျောင်းခွင့် ရခဲ့ပြီး သူက ပြင်သစ်အသင်း အတွက် ပွဲထွက်ကစားချိန်မှာ အသက် ၁၇နှစ်နဲ့ ၂၅၅ရက်သာ ရှိသေးတာကြောင့် ပြင်သစ်သမိုင်းမှာ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Sports Brief

အမ်မရီက ပွဲစစချင်းမှာပဲ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်သစ် တခုကို ရခဲ့သလို ပွဲချိန် ၁၆မိနစ်မှာ အသင်းဖော် ကိုးမန်းရဲ့ ပေးပို့မှုကို အကောင်းဆုံး အဆုံးသတ်ကာ ပြင်သစ်အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးရင်း ပြင်သစ်သမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဆိုတဲ့ စံချိန်သစ် တခုကို ထပ်မံ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အမ်မရီက ပြင်သစ် ၁၄-၀ ဂျီဘရော်လ်တာ ပွဲစဉ်မှာ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်သစ် ၂ခုကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် အသင်းအတွက် ဂိုးသွင်းယူရင်း ပြိုင်ဘက်ခံစစ်မှူးရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရတာကြောင့် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရတော့မယ်လို့ သိရပါတယ်။

Exit mobile version