ဆီဗီးလားအသင်း ၊ ပီအက်စ်ဂျီအသင်းနဲ့ အာဆင်နယ်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြ အူနိုင်းအမ်မရီကတော့ အာဆင်နယ် အသင်းကနေ သူထုတ်ပယ်ခံခဲ့ရတာဟာ စိတ်ဓာတ်မကောင်းတဲ့ ကစားသမားတချို့ရှိတာကြောင့် ဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca.com

အမ်မရီဟာ ရာသီအစမှာ ရလဒ်ဆိုးတွေနဲ့ အဆက်မပြတ် ရင်ဆိုင်ခဲ့ရသလို အသင်းမှာ ရှိတဲ့ စီနီယာကစားသမားတွေနဲ့ ပြဿနာတက်ခဲ့တာကြောင့် အာဆင်နယ်ကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ တရားဝင် နည်းပြရာထူးကို အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း အာတီတာက တာဝန်ယူထားပါတယ်။

Photo Credit: Marca.com

အင်တာဗျူးမှာတော့ အာဆင်နယ်အသင်းဟာ တစ်ဆင့်ပြီး တစ်ဆင့်နိမ့်ကျနေတဲ့ အသင်း တစ်သင်းဖြစ်ကြောင်းနဲ့ အသင်းမှာရှိတဲ့ ကစားသမား တချို့ဟာလည်း စိတ်ဓာတ်မကောင်းကြဘူးလို့ အမ်မရီက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းမှ ထုတ်ပယ်ခံခဲ့ရမှုနဲ့ ပတ်သတ်ပြီး အမ်မရီက…

Photo Credit: Marca.com

” အာဆင်နယ်ဟာ ကျွန်တော် မရောက်ခင် နှစ်နှစ်ကတည်းက တစ်ဆင့်ပြီး တစ်ဆင့် နိမ့်ကျလာတဲ့ အသင်းတစ်သင်းပါ။ ပြီးတော့ အသင်းမှာရှိတဲ့ ကစားသမားတချို့ကလည်း စိတ်ဓာတ် မကောင်းကြပါဘူး ” လို့ ပြောဆိုသွားခဲ့တာပါ။