MySport Myanmar

အီမာဆန် ချာလိုဘာနဲ့ အမ်ပါဒူတို့ကို အသင်းကနေ ရှင်းထုတ်သွားတော့မယ့် ချယ်လ်ဆီး

ခံစစ်ကစားသမားတွေဖြစ်တဲ့ ကူလီဘလီနဲ့ ကူကူရယ်လာတို့ကို ခေါ်ယူထားခဲ့ပြီး ဝက်စ်လေဖိုဖာနာကိုလည်း လက်စတာအသင်းကနေ ခေါ်ယူသွားဖွယ် ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ခံစစ်ကစားသမားတွေထဲကမှ အီမာဆန်ကို ဝက်စ်ဟမ်းအသင်းဆီ ရောင်းချပြီး ချာလိုဘာနဲ့ အမ်ပါဒူတို့ကိုပါ အငှားစာချုပ်တွေနဲ့ အသင်းကနေ ရှင်းထုတ်သွားဖို့ စီစဉ်နေင်္ပြီလို့ သိရပါတယ်။

Photo Credit : TEAMtalk

ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ကို လက်လွတ်လိုက်ရပြီးနောက် ကူလီဘလီနဲ့ ကူကူရယ်လာတို့လို big name player ခံစစ်ကစားသမားတွေ ပြန်လည် ခေါ်ယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်စတာရဲ့ ပြင်သစ် ခံစစ်မှူး ဖိုဖာနာကိုလည်း ခေါ်ယူသွားချင်နေတာကြောင့် ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ လက်စတာဘက်က ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုတွေကို ထပ်ခါထပ်ခါ ပယ်ချထားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ချယ်လ်ဆီး ပြောင်းရွှေ့ချင်နေတာကြောင့် လက်စတာအနေနဲ့ ဈေးကွက်မပိတ်ခင် ဖိုဖာနာကို ရောင်းချသွားဖို့ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Twitter

ချယ်လ်ဆီးက ဖိုဖာနာကို အရ ခေါ်ယူဖွယ် ရှိနေတာကြောင့် အသင်းရဲ့ ခံစစ်ကစားသမားတချို့ကိုပါ အသင်းကနေ ရှင်းထုတ်သွားဖို့ စီစဉ်လာခဲ့ပါတယ်။ အသင်းရဲ့ အီတလီ ဘယ်နောက်ခံကစားသမား အီမာဆန်ကို ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်း+အပိုဆုကြေး ပေါင်(၂)သန်းနဲ့ ရောင်းချသွားဖို့ သဘောတူညီထားခဲ့ပြီး အခုဆိုရင် အီမာဆန်ဟာ ဝက်စ်ဟမ်းနဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့သလို ဆေးစစ်မှုတွေပါ ခံယူနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကူလီဘလီ သီယာဂိုဆေးလ်ဗား အက်ဇ်ပီလီကွယ်တာတို့နောက် ဒုတိယ ဦးစားပေးအဖြစ်နဲ့ ပါဝင်နေရသလို ဖိုဖာနာပါ ရောက်လာခဲ့ရင် ပွဲကစားခွင့်တွေက ပိုလို့တောင် နည်းပါးလာနိုင်ဖွယ် ရှိနေတဲ့ ချာလိုဘာကိုလည်း စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းက အငှားနဲ့ ခေါ်ယူသွားချင်နေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအနေနဲ့ ချာလိုဘာကို အငှားချဖို့က ဖိုဖာနာရဲ့ အပြောင်းအရွှေ့အပေါ်မှာ မူတည်နေပြီး ဖိုဖာနာကို ခေါ်ယူနိုင်မှသာ အငှားချဖွယ် ရှိနေပါတယ်။ ချာလိုဘာလိုပဲ ချယ်လ်ဆီးရဲ့ ဗဟိုခံစစ်မှာ နေရာပျောက်နေရတဲ့ အမ်ပါဒူကိုလည်း စီးရီးအေကလပ် စပီဇီယာအသင်းက အငှားနဲ့ အလိုရှိနေပါတယ်။ ချယ်လ်ဆီးအနေနဲ့ အသင်းမှာ နေရာရဖို့ မလွယ်ကူနိုင်သော ကစားသမားတွေဖြစ်တဲ့ ဘာကလေ ဂေးလ်မောနဲ့ ကနေဒီတို့ကိုလည်း အသင်းကနေ ရှင်းထုတ်သွားဖို့ လိုအပ်နေပြီး ဈေးကွက်မပိတ်ခင်မှာ ဗဟိုခံစစ်မှူးတစ်ဦး ကွင်းလယ်လူတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးစီ ခေါ်ယူသွားဖို့ပါ လိုအပ်နေပါတယ်။

Exit mobile version