ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်အတွင်းမှာ ဂျုဗင်တပ်စ်အသင်းနဲ့ စီးရီးအေဖလားတစ်လုံးလောက်ကိုသာ ရရှိခဲ့သလို တစ်ဦးချင်းဆုတံဆိပ်တွေမှာလည်း ဘလွန်းဒီအောဆု ဖီဖာအကောင်းဆုံးကစားသမားဆုနဲဲ့ ဥရောပအကောင်းဆုံးကစားသမားဆုတွေမှာ မက်ဆီ ဗန်ဒိုက်တို့ကို မကျော်လွွှားနိုင်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆောင်းရာသီအားလပ်ရက်ကို ကျော်ဖြတ်ပြီးနောက်မှာ သူရဲ့အကောင်းဆုံးပုံစံတစ်ခုနဲ့အတူ ၂၀၂၀နှစ်သစ်တစ်ခုကို ဖြတ်သန်းနေပြီး သူရဲ့ဂျုဗင်တပ်စ်အသင်းအတွက်ကိုလည်း သွင်းဂိုးတွေ ဆက်တိုက်ရယူပေးထားနိုင်ခဲ့ပါတယ်။
Photo Credit : Getty Images
ဂျုဗင်တပ်စ်အသင်းရဲဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ အခုလက်ရှိ ၂၀၂၀ခုနှစ် ဇန်နဝါရီလအတွင်းမှာ ဂျုဗင်တပ်စ်အသင်းအတွက် စီးရီးအေပြိုင်ပွဲ၄ပွဲနဲ့ ကိုပါအီတလီယာပြိုင်ပွဲ ၁ပွဲ ပါဝင်ကစားခဲ့ပြီး စုစုပေါင်းသွင်းဂိုးက ၈ဂိုးအထိကို ရှိလာခဲဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၀ခုနှစ်မှာ ပထမဆုံး ကစားခဲ့ရတဲ့ ကာဂလီယာရီနဲ့ စီးရီးအေပွဲမှာပဲ ဟက်ထရစ်သွင်းဂိုး ရယူနိုင်ခဲ့သလို ရိုးမားနဲ့ စီးရီးအေပွဲမှာလည်း သွင်းဂိုးက ၁ဂိုး ပါးမားနဲဲ့ စီးရီးအေပွဲမှာ ၂ဂိုး ရိုးမားနဲ့ပဲ ကိုပါအီတလီယာပွဲမှာ ၁ဂိုးနဲ့ နာပိုလီကို အရေးနိမ့်ခဲဲ့တဲဲ့ စီးရီးအေပွဲမှာလည်း သွင်းဂိုး၁ဂိုး စုစုပေါင်း ပြိုင်ပွဲစုံသွင်းဂိုး၈ဂိုးအထိကို ရှိခဲ့ရပါတယ်။
Photo Credit : Getty Images
ရော်နယ်ဒိုရဲ့သွင်းဂိုးတွေဟာ သူရဲ့ပြိုင်ဘက်ဟောင်းအသင်းတစ်သင်းဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ဒီနှစ်စပိုင်းအတွင်း သွင်းယူခဲ့တဲ့ ပြိုင်ပွဲစုံသွင်းဂိုးတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တောင် များပြားလို့နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ အခု ၂၀၂၀ခုနှစ် ဇန်နဝါရီလအတွင်းမှာ လာလီဂါ စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးပွဲတွေကို ဆင်နွဲထားခဲ့ပေမယ့် အဲ့ဒီပွဲတွေအားလုံးမှာ သွင်းဂိုးက ရဂိုးပဲ ရှိခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ အက်စပန်ညိုကို ၂ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ သွင်းဂိုး၂ဂိုး အသက်လက်တီကို အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲမှာလည်း သွင်းဂိုး၂ဂိုး နည်းပြသစ် ဆယ်တီယန်ရဲ့ပွဲဦးထွက်မှာ သွင်းဂိုး၁ဂိုး အီဘီဇာအသင်းကို အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးပွဲမှာ သွင်းဂိုး၂ဂိုးနဲဲ့ ဗလင်စီယာကို ဂိုးပြတ်အရေးနိမ့်ရတဲ့ လာလီဂါပွဲမှာတော့ သွင်းဂိုးမရှိခဲ့ပဲ စုစုပေါင်းသွင်းဂိုးက ရဂိုးသာရှိခဲ့ကာ ရော်နယ်ဒိုတစ်ယောက်တည်းရဲ့ သွင်းဂိုးနဲ့ယှဉ်မယ်ဆိုရင်တောင် နည်းပါးလို့နေရပါတယ်။
(Zawgyi)
၂၀၂၀ နှစ်အစပိုင်းမှာ ဘာစီလိုနာအသင်းထက်တောင် သွင်းဂိုးပိုများပြားနေတဲ့ ရော်နယ်ဒို
ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်အတွင်းမှာ ဂျုဗင်တပ်စ်အသင်းနဲ့ စီးရီးအေဖလားတစ်လုံးလောက်ကိုသာ ရရှိခဲ့သလို တစ်ဦးချင်းဆုတံဆိပ်တွေမှာလည်း ဘလွန်းဒီအောဆု ဖီဖာအကောင်းဆုံးကစားသမားဆုနဲ့ ဥရောပအကောင်းဆုံးကစားသမားဆုတွေမှာ မက်ဆီ ဗန်ဒိုက်တို့ကို မကျော်လွှားနိုင်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆောင်းရာသီအားလပ်ရက်ကို ကျော်ဖြတ်ပြီးနောက်မှာ သူရဲ့အကောင်းဆုံးပုံစံတစ်ခုနဲ့အတူ ၂၀၂၀နှစ်သစ်တစ်ခုကို ဖြတ်သန်းနေပြီး သူရဲ့ဂျုဗင်တပ်စ်အသင်းအတွက်ကိုလည်း သွင်းဂိုးတွေ ဆက်တိုက်ရယူပေးထားနိုင်ခဲ့ပါတယ်။
ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ အခုလက်ရှိ ၂၀၂၀ခုနှစ် ဇန်နဝါရီလအတွင်းမှာ ဂျုဗင်တပ်စ်အသင်းအတွက် စီးရီးအေပြိုင်ပွဲ၎ပွဲနဲ့ ကိုပါအီတလီယာပြိုင်ပွဲ ၁ပွဲ ပါဝင်ကစားခဲ့ပြီး စုစုပေါင်းသွင်းဂိုးက ၈ဂိုးအထိကို ရှိလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၀ခုနှစ်မှာ ပထမဆုံး ကစားခဲ့ရတဲ့ ကာဂလီယာရီနဲ့ စီးရီးအေပွဲမှာပဲ ဟက်ထရစ်သွင်းဂိုး ရယူနိုင်ခဲ့သလို ရိုးမားနဲ့ စီးရီးအေပွဲမှာလည်း သွင်းဂိုးက ၁ဂိုး ပါးမားနဲ့ စီးရီးအေပွဲမှာ ၂ဂိုး ရိုးမားနဲ့ပဲ ကိုပါအီတလီယာပွဲမှာ ၁ဂိုးနဲ့ နာပိုလီကို အရေးနိမ့်ခဲ့တဲ့ စီးရီးအေပွဲမှာလည်း သွင်းဂိုး၁ဂိုး စုစုပေါင်း ပြိုင်ပွဲစုံသွင်းဂိုး၈ဂိုးအထိကို ရှိခဲ့ရပါတယ်။