လာမယ့် ဇွန်လအတွင်းမှာ စတင်ကျင်းပသွားတော့မယ့် ၂၀၂၀ခုနှစ် ဂျပန်တိုကျို အိုလံပစ်ပြိုင်ပွဲမှာ အာဖရိကကိုယ်စားပြုအဖြစ် အီဂျစ်ယူ-၂၃အသင်းမှာ အိုလံပစ်ပြိုင်ပွဲမှာ အသက်၂၃နှစ်အောက် အီဂျစ်လူငယ်ကစားသမားလေးတွေအပြင် ပြိုင်ပွဲရဲ့စည်းမျဉ်းအရ စီနီယာကစားသမား၃ယောက်ကို ခေါ်ယူခွင့်ရရှိမှာဖြစ်ပြီး ဒီကစားသမားတွေထဲမှာ အသင်းရဲ့အဓိကတိုက်စစ်စားသမား မိုဟာမက်ဆာလာကို ခေါ်ဆောင်သွားဖို့ သေချာနေတာကြောင့် ဆာလာအနေနဲ့ လာမယ့်ရာသီအတွင်း လီဗာပူးလ်အသင်းရဲ့ရာသီအစပွဲစဉ်တွေကို လွဲချော်ရတော့မှာပဲဖြစ်ပါတယ်။

Photo Credit : FotMob

အီဂျစ်ယူ-၂၃အသင်းရဲ့ နည်းပြဖြစ်သူက လာမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ အသက်၂၇နှစ်အရွှယ် တောင်ပံတိုက်စစ်ကစားသမားဆာလာကို လူစာရင်းမှာ မဖြစ်မနေ ထည့်သွင်းလာခဲ့မှာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဟာ လာမယ့်ဇူလိုင်လ ၂၂ရက်နေ့ကနေ သြဂုတ်လ၈ရက်နေ့အထိ ဆက်တိုက်ကျင်းပမှာဖြစ်လို့ ဆာလာအနေနဲ့ လီဗာပူးလ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲများ ကွန်မြူနတီဒိုင်းပြိုင်ပွဲတို့ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အီဂျစ်နည်းပြဘက်ကနေသာ လူစာရင်းအတွင်း ထည့်သွင်းမှာဖြစ်တယ်လို့ ပြောဆိုထားတာဖြစ်ပြီး ကစားသမားဘက်ကနေ ပါဝင်ဖြစ်မဖြစ်ဆိုတာကတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆာလာရဲ့အေးဂျင့်ဘက်ကနေ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Photo Credit : The National

ဆာလာအနေနဲ့ အိုလံပစ်ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားတာက လီဗာပူးလ်အသင်းအတွက် သိပ်ပြီးမနစ်နာနိုင်ပေမယ့် ၂၀၁၁ခုနှစ် နှစ်အစပိုင်းမှာပဲ ပြန်လည်ကျင်းပတော့မယ့် အာဖရိကနိုင်ငံများဖလားပွဲမှာလည်း အီဂျစ်လက်ရွေးစင်အသင်းနဲဲ့အတူ ပါဝင်ဆင်နွဲသွားဦးမှာဖြစ်သလို ဆာလာရဲ့အသင်းဖော်တွေဖြစ်တဲ့ မာနေး ကီတာတို့မှာလည်း ဆီနီဂေါ ဂီနီအသင်းတွေနဲ့အတူ အာဖရိ်ကဖလားပွဲတွေကို ဆင်နွဲရမှာဖြစ်လို့ လီဗာပူးလ်အတွက် ကစားသမားအင်အားနည်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး အာဖရိကဖလားပြိုင်ပွဲက အိုလံပစ်ပြိုင်ပွဲထက် ပြိုင်ပွဲကျင်းပရက် ပိုမိုရှည်ကြာမှာဖြစ်တဲ့အပြင် ကလပ်အသင်းတွေအတွက် အရေးကြီးနေတဲ့ အချိန်အခါမျိုး ပြန်လည်ကျင်းပမှာဖြစ်လို့ လီဗာပူးလ်အတွက် အခက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့်မို့ လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေစျေးကွက်မှာ တိုက်စစ်ပိုင်းအင်အားဖြည့်တင်းမှုတွေကို ကြိုတင်လုပ်ဆောင်ထားဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ လိုက်ပ်ဇစ်အသင်းရဲ့ဂျာမန်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖွယ်ရှိနေပါတယ်။