ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ယူနိုက်တက်အသင်းမှာ အသင်းရဲ့ပရိသတ်တွေနဲ့ အသင်းရဲ့ အုပ်ချုပ်သူတွေကြားထဲမှာ တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ ပြဿနာတွေ ဖြစ်နေကြမှာကို အားလုံးလည်း သိကြမှာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ ယူနိုက်တက်ပရိသတ်တွေဟာ အသင်းရဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဝုဒ်ဝက်ရဲ့ အိမ်ကို မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ကာ အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။

Photo Credit: Daily Star.com

အဆိုပါပြဿနာဖြစ်ပွားပြီးနောက်မှာ အက်ဝုဒ်ဝက်ဟာ စပို့တင်းအသင်းကွင်းလယ်လူ ဖာနန်ဒက်စ်နဲ့ တိုက်စစ်မှူး အီဂါလိုတို့ကို ချက်ချင်း ခေါ်ယူပေးခဲ့သလို အသင်းရဲ့ပွဲစဉ်တွေကိုလည်း လာရောက်ကြည့်ရှုခြင်းမရှိတော့ပါဘူး။ ယူနိုက်တက်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ အက်ဝုဒ်ဝက်ဟာ သူ့ကို ယူနိုက်တက်အသင်း ပရိသတ်တွေက တိုက်ခိုက်ကြမှာကို စိုးရိမ်တာကြောင့် အသင်းရဲ့ပွဲစဉ်တွေိကို လာရောက် ကြည့်ရှုခြင်းမရှိတာလို့ သိရပါတယ်။

Photo Credit: Daily Star.com

မန်ချက်စတာအခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ ပြီးခဲ့တဲ့ အပတ်မှာ ယူနိုက်တက် အသင်းရဲ့ လုံခြုံရေးဝန်ထမ်းတွေကြားထဲမှာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြကြောင်းနဲ့ အဆိုပါအစည်းအဝေးမှာ လုံခြုံရေးဝန်ထမ်းတွေက အသင်းရဲ့ ပရိသတ်တွေဟာ အက်ဝုဒ်ဝက်ရှိရာ ပွဲကြည့်စင်ကို ကြက်ဥတွေနဲ့ ပစ်ပေါက်ကြမှာကို စိုးရိမ်နေကြတဲ့ အကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

Photo Credit: Daily Star.com

သတင်းတွေအရတော့ အက်ဝုဒ်ဝက်ဟာ ယူနိုက်တက်အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေကို လာရောက်ကြည့်ရှုဖို့အတွက် အတော်လေးကို စဉ်းစားနေပြီဖြစ်ကြောင်း သိရကာ အကယ်၍ အသင်းပရိသတ်တွေရဲ့ အခြေအနေသာ မတည်ငြိမ်သေးပါက လာမယ့်ဘောလုံးရာသီ ရောက်မှသာ အသင်းရဲ့ပွဲစဉ်တွေကို လာရောက် ကြည့်ရှုတော့မှာဖြစ်တယ်လို့ သိထားရပါတယ်။