MySport Myanmar

ချယ်လ်ဆီးမှာ အနာဂတ် အခြေအနေ မရေမရာ ဖြစ်လာခဲ့ရတဲ့ ဂိုးသမား အက်ဒွါမန်ဒီ

ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား အက်ဒွါမန်ဒီဟာ လက်ရှိမှာ သူရဲ့ချယ်လ်ဆီးကစားသမားဘဝ အနာဂတ် အခြေအနေက လှုပ်ခတ်လာခဲ့ရပြီး နည်းပြဂရေဟမ်ပေါ်တာကလည်း သူ့ထက် စပိန်ဂိုးသမား ကပ်ပါအရီဇာဘာလာဂါကိုသာ အသင်းရဲ့ ပင်တိုင်ဂိုးသမားအဖြစ်သာ နေရာပေးသွားဖို့ ရှိနေတဲ့အတွက် မန်ဒီအနေနဲ့ အသင်းနဲ့ပါ လမ်းခွဲရဖို့ အကြောင်းဖန်လာနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ဆီနီဂေါလက်ရွေးစင် ဂိုးသမား မန်ဒီဟာ ၂၀၂၀ခုနှစ်ကမှ ချယ်လ်ဆီးအသင်းဆီကို ပေါင်(၂၂)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အသင်းနည်းပြဟောင်း ဖရန့်လမ်းပတ် ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲကမှ အသင်းအပေါ် အကောင်းဆုံး အကျိုးပြုစေခဲ့တဲ့ ခေါ်ယူမှု ဖြစ်ခဲ့ရပါတယ်။ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်မှာပါ အောင်မြင်မှု ရရှိခဲ့တဲ့ မန်ဒီဟာ ဒီရာသီအတွင်း အသင်းနည်းပြ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပြီးနောက် လက်ရှိ ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ကပ်ပါကိုသာ နံပါတ်တစ်ဂိုးသမားအဖြစ် ဆက်တိုက် အသုံးပြုလာခဲ့သလို ကပ်ပါ ဒဏ်ရာရနေချိန် မန်ဒီကို အသုံးပြုခဲ့ရာမှာလည်း သူပါဝင်ကစားခဲ့တဲ့ ပွဲတိုင်းမှာ ဂိုးတွေ ဆက်တိုက် ခွင့်ပြုခဲ့ရသလို အသင်းရလဒ်တွေပါ ဆိုးရွှားလာခဲ့ပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ မန်ဒီအနေနဲ့ ဆီနီဂေါလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွဲဖို့ ကာတာနိုင်ငံဆီ သွားရောက်နေချိန် ကပ်ပါကတော့ ဒူးဒဏ်ရာကြောင့် အနားယူနေရပေမယ့် ကာလအတန်ကြာ နားရဖွယ်မရှိပဲ world cup break မှာပဲ ကြံခိုင်မှု အခြေအနေတွေ လုံးဝ ပြန်ကောင်းလာဖွယ် ရှိနေပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီး ကလပ်အသင်းတွေ ပွဲစဉ်တွေ ပြန်လည် စတင်ချိန်မှာ ချယ်လ်ဆီးနည်းပြ ပေါ်တာက ကမ္ဘာ့ဖလားကနေ ပြန်လာမယ့် မန်ဒီထက် ဒဏ်ရာကနေ ပြန်လည် သက်သာလာမယ့် ကပ်ပါကိုသာ ဆက်လက် နေရာပေးသွားဖို့သာ ရှိနေပြီး ပေါ်တာအနေနဲ့ သူ့အသင်းဟောင်း ဘရိုက်တန်က စပိန်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကိုပါ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် ခေါ်ယူသွားချင်နေတယ်လို့ သတင်းထွက်နေတာကြောင့် မန်ဒီ အနာဂတ်က အတော်လေး မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန် ဆယ်ကျော်သက် လူငယ်ဂိုးသမားလေး ဆလိုနီနာကလည်း လာမယ့် ဆောင်းဈေးကွက်မှာပဲ ချီကာဖိုုဖိုင်းယားအသင်းကနေ ချယ်လ်ဆီးအသင်းဆီ လာရောက် ပူးပေါင်းတော့မှာဖြစ်လို့ အသင်းမှာ ဂိုးသမား ရွေးချယ်မှုအတွက် option ပို များလာနိုင်ပြီး ဒီအချိန်မှာ နည်းပြပေါ်တာအနေနဲ့ ဘယ်သူ့ကို ပ်ိုမို နေရာပေးမလဲဆိုတာကိုသာ စောင့်ကြည့်ရပါလိမ့်မယ်။

Exit mobile version