ဆောင်းရာသီရဲ့ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်ကလည်း ပိတ်သိမ်းဖို့က တစ်ပတ်လောက်ပဲ လိုပါတော့တယ်။ အပြောင်းအရွှေ့သတင်းတွေက အမျိုးမျိုးထွက်ပေါ်နေပေမယ့်လို့ တကယ်တမ်း အပြီးသတ်နိုင်တဲ့ အပြောင်းအရွှေ့ကတော့ ထင်သလောက်များပြားခဲ့ခြင်း မရှိပါဘူး။ ဒီစျေးကွက်အတွင်းမှာ အပြောင်းအရွှေ့သတင်း အလှုပ်ခတ်ဆုံး ဖြစ်ပေါ်နေခဲ့ရတဲ့ ကစားသမားတွေထဲမှာ ဝါရင့်တိုက်စစ်ကစားသမား အက်ဒီဆင်ကာဗာနီလည်း အပါအဝင်ပါပဲ။ ကာဗာနီအနေနဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အပြောင်းအလဲတစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်ဖွယ် ရှိလို့နေပါတယ်။

Photo Credit : Getty Images

အသက်၃၂နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ပီအက်စ်ဂျီအသင်းနဲဲ့ အခုရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ လမ်းခွဲဖို့ကလည်း သေချာသလောက် ဖြစ်နေတာကြောင့် သူ့ကို အသက်လက်တီကို မန်ချက်စတာယူနိုက်တက် အာဆင်နယ် ချယ်လ်ဆီး စပါး ဂျုဗင်တပ်စ်အသင်းတို့ကနေ ခေါ်ယူဖို့ အပြိုင်အဆိုင်စိတ်ဝင်တစား ဖြစ်နေရပါတယ်။ ဒီအသင်းတွေအားလုံးထဲကမှ လက်ရှိမှာတော့ တိုက်စစ်ပိုင်း အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ ယူနိုက်တက်နဲ့ချယ်လ်ဆီးအသင်းတို့က ကာဗာနီကို ခေါ်ယူဖို့အတွက် ရေပန်းအစားဆုံး အသင်းတွေအဖြစ် ရပ်တည်လို့နေပါတယ်။

Photo Credit : Getty Images

လတ်တလောမှာ ကာဗာနီနဲ့ပတ်သက်ကာ သတင်းအမျိုးမျိုးတွေ ထွက်ပေါ်လျက်ရှိနေပြီး ကာဗာနီကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ပီအက်စ်ဂျီဘက်ကို တောင်းဆိုထားတယ်လို့ သတင်းထွက်နေသလို ပီအက်စ်ဂျီအသင်းကလည်း ကာဗာနီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း၂၀လောက် ရရှိမယ်ဆို လက်လွတ်မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။ ကာဗာနီဟာ ပရီးမီးယားလိဂ်အသင်းတွေနဲ့ သတင်းမထွက်ခင်မှာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်ဆိုကာ သတင်းတွေ ထွက်လိုက်သေးပြီး အပြောင်းအရွှေ့ကတော့ တကယ်တမ်း ဖြစ်ပေါ်လာခဲဲ့ခြင်း မရှိပါဘူး။ အခုလက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ယူနိုက်တက်အသင်းတို့ဟာ ဝါရင့်တိုက်စစ်ကစားသမား ကာဗာနီကို အရခေါ်ယူနိုင်ဖို့အတွက် အသည်းအသန် ကြိုးပမ်းနေကြကာ နောက်ထပ်လီဂူးကစားသမားတစ်ယောက်ဖြစ်တဲ့ လိုင်ယွန်တိုက်စစ်ကစားသမား ဒမ်ဘီလီကိုလည်း အပြိုင်ပစ်မှတ်ထားလို့နေပါသေးတယ်။

(Zawgyi)

မန္ခ်က္စတာလား လန္ဒန္လားဆုိတာကုိ ဆုံးျဖတ္ခ်က္ခ်ရေတာ့မယ့္ ကာဗာနီ

ေဆာင္းရာသီရဲ႕ ေဘာလုံးသမား အေျပာင္းအေရႊ႕ေစ်းကြက္ကလည္း ပိတ္သိမ္းဖုိ႔က တစ္ပတ္ေလာက္ပဲ လုိပါေတာ့တယ္။ အေျပာင္းအေရႊ႕သတင္းေတြက အမ်ိဳးမ်ိဳးထြက္ေပၚေနေပမယ့္လုိ႔ တကယ္တမ္း အၿပီးသတ္ႏုိင္တဲ႔ အေျပာင္းအေရႊ႕ကေတာ့ ထင္သေလာက္မ်ားျပားခဲ႔ျခင္း မရွိပါဘူး။ ဒီေစ်းကြက္အတြင္းမွာ အေျပာင္းအေရႊ႕သတင္း အလႈပ္ခတ္ဆုံး ျဖစ္ေပၚေနခဲ႔ရတဲ႔ ကစားသမားေတြထဲမွာ ဝါရင့္တုိက္စစ္ကစားသမား အက္ဒီဆင္ကာဗာနီလည္း အပါအဝင္ပါပဲ။ ကာဗာနီအေနနဲ႔ ဒီရက္ပုိင္းအတြင္းမွာပဲ သူရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး အေျပာင္းအလဲတစ္ခု ျဖစ္ေကာင္းျဖစ္သြားႏုိင္ဖြယ္ ရွိလုိ႔ေနပါတယ္။

Photo Credit : Getty Images

အသက္၃၂ႏွစ္အရႊယ္ရွိၿပီျဖစ္တဲ႔ ဥရုေဂြးလက္ေရြးစင္ တုိက္စစ္ကစားသမားႀကီး ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းနဲဲ႔ အခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသင္းနဲ႔ လမ္းခြဲဖုိ႔ကလည္း ေသခ်ာသေလာက္ ျဖစ္ေနတာေၾကာင့္ သူ႔ကုိ အသက္လက္တီကုိ မန္ခ်က္စတာယူႏုိက္တက္ အာဆင္နယ္ ခ်ယ္လ္ဆီး စပါး ဂ်ဳဗင္တပ္စ္အသင္းတုိ႔ကေန ေခၚယူဖုိ႔ အၿပိဳင္အဆုိင္စိတ္ဝင္တစား ျဖစ္ေနရပါတယ္။ ဒီအသင္းေတြအားလုံးထဲကမွ လက္ရွိမွာေတာ့ တုိက္စစ္ပုိင္း အားျဖည့္တင္းဖို႔ လုိအပ္ေနတဲ႔ ယူႏုိက္တက္နဲ႔ခ်ယ္လ္ဆီးအသင္းတုိ႔က ကာဗာနီကုိ ေခၚယူဖုိ႔အတြက္ ေရပန္းအစားဆုံး အသင္းေတြအျဖစ္ ရပ္တည္လုိ႔ေနပါတယ္။

Photo Credit : Getty Images

လတ္တေလာမွာ ကာဗာနီနဲ႔ပတ္သက္ကာ သတင္းအမ်ိဳးမ်ိဳးေတြ ထြက္ေပၚလ်က္ရွိေနၿပီး ကာဗာနီကုိယ္တုိင္ကလည္း အသင္းကေန ထြက္ခြာခြင့္ေပးဖုိ႔ ပီအက္စ္ဂ်ီဘက္ကုိ ေတာင္းဆုိထားတယ္လုိ႔ သတင္းထြက္ေနသလုိ ပီအက္စ္ဂ်ီအသင္းကလည္း ကာဗာနီအတြက္ ေျပာင္းေရႊ႕ေၾကးကုိ ေပါင္သန္း၂၀ေလာက္ ရရွိမယ္ဆုိ လက္လြတ္မယ္လုိ႔ ေကာလဟာလေတြ ထြက္ေပၚေနပါတယ္။ ကာဗာနီဟာ ပရီးမီးယားလိဂ္အသင္းေတြနဲ႔ သတင္းမထြက္ခင္မွာ အသက္လက္တီကုိမက္ဒရစ္အသင္းနဲ႔ သေဘာတူညီမႈ ရယူႏုိင္ခဲ႔တယ္ဆုိကာ သတင္းေတြ ထြက္လုိက္ေသးၿပီး အေျပာင္းအေရႊ႕ကေတာ့ တကယ္တမ္း ျဖစ္ေပၚလာခဲဲ႔ျခင္း မရွိပါဘူး။ အခုလက္ရွိမွာေတာ့ ခ်ယ္လ္ဆီးနဲ႔ယူႏုိက္တက္အသင္းတုိ႔ဟာ ဝါရင့္တုိက္စစ္ကစားသမား ကာဗာနီကုိ အရေခၚယူႏုိင္ဖုိ႔အတြက္ အသည္းအသန္ ႀကိဳးပမ္းေနၾကကာ ေနာက္ထပ္လီဂူးကစားသမားတစ္ေယာက္ျဖစ္တဲ႔ လုိင္ယြန္တုိက္စစ္ကစားသမား ဒမ္ဘီလီကုိလည္း အၿပိဳင္ပစ္မွတ္ထားလုိ႔ေနပါေသးတယ္။