MySport Myanmar

ဗလင်စီယာအသင်းဆီ ရောက်ရှိဖို့ နီးစပ်လာခဲ့တဲ့ ဝါရင့် ကစားသမားကြီး ကာဗာနီ

ပီအက်စ်ဂျီ မန်ချက်စတာယူနိုက်နဲ့ နာပိုလီအသင်းတွေရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီဟာ လက်ရှိမှာတော့ စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားဖို့အတွက် အနီးစပ်ဆုံး ဖြစ်နေပြီလို့ ပြင်သစ်မီဒီယာ L’Equipe ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Top Flight

အသက်(၃၅)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ယူနိုက်တက်အသင်းနဲ့ ဘောလုံးရာသီ (၂)ရာသီ ဖြတ်သန်းလို့အပြီးမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့လို့ အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ free agent ဖြစ်သွားခဲ့တဲ့ ဝါရင့် world class striker ကာဗာနီကို ကလပ်အသင်းများစွာက ခေါ်ယူချင်လာခဲ့ပြီး အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာနဲ့ လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းတို့က ကာဗာနီကို ခေါ်ယူနိုင်ဖို့ အပီအပြင် ကြိုးပမ်းခဲ့ကြပါတယ်။

Photo Credit : Trasnfermarket

နာမည်ကျော် အားကစားမီဒီယာတွေက ကာဗာနီအနေနဲ့ တောင်အမေရိကကို ပြန်ပြီး တောင်အမေရိက ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့လိမ့်မယ်လို့ ဖော်ပြလာခဲ့ပေမယ့် ကာဗာနီကိုယ်တိုင်ကတော့ ဥရောပမှာသာ သူရဲ့ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းသွားချင်နေပြီး လာလီဂါမှာ ကစားချင်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ အခုတော့ ကာဗာနီဟာ လာလီဂါရဲ့ အထင်ကရ ကလပ်အသင်းဖြစ်တဲ့ ဗလင်စီယာအသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ အလားအလာကောင်းနေပြီဖြစ်ပြီး ဈေးကွက်မပ်ိတ်သိမ်းခင်မှာပဲ အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိ ဗလင်စီယာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒူရို ဂိုမက်ဇ်နဲ့ အန်ဒရီတို့ (၃)ဦး ရှိနေပေမယ့် ဒီရာသီမှာ အသင်းက သွင်းဂိုးတစ်ဂိုးတည်းသာ ရှိထားသေးပြီး ကွင်းလယ်လူ ဆိုလာက ပင်နယ်တီကနေ သွင်းယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂတ်တူဆိုရဲ့ ဗလင်စီယာအသင်းအနေနဲ့ ကာဗာနီလို အတွေ့အကြုံ အရမ်းများတဲ့ တိုက်စစ်မှူးမျိုးကို သေချာပေါက် လိုအပ်မှာဖြစ်ပြီး ကာဗာနီကိုယ်တိုင်လည်း ဗလင်စီယာကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနိုင်ပါတယ်။

Exit mobile version