ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီဟာ ဘာစီလိုနာအသင်းကို ဆက်သွယ်ပြီး ဘာစီလိုနာအသင်းမှာ လာကစားချင်တယ်လို့ ကမ်းလှမ်းခဲ့တယ်လို့ စပိန် အခြေစိုက် Sports သတင်းက ကနဦး အရင်ဆုံး ဖော်ပြသွားခဲ့ပါတယ်။ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီဟာ ပြီးခဲ့တဲ့ ဇွန်လမှာ ပြင်သစ် လီးဂူးဝမ်း အသင်းကြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးတဲ့နောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လကတော့ ဘင်ဖီကာအသင်းကို ပြောင်းရွေ့ဖို့ ချိတ်ဆက်နေခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sport

ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီဟာ ပေါ်တူဂီ အခြေစိုက် ဘင်ဖီကာအသင်းကို ပြောင်းရွှေ့နိုင်ဖို့ ချိတ်ဆက်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ ဆွေးနွေးမှု အဆင်မပြေခဲ့တာကြောင့် အသင်းလက်မဲ့ ဖြစ်နေဆဲ ဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ချိန်ဆက်နေတာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ တိုက်စစ်မှူး ဆွာရက်စ်ကို ရောင်းချဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်စ်ကို ရောင်းထုတ်ပါက သူ့ရဲ့ နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူးသစ် တစ်ဦးကို လိုအပ်မှာ ဖြစ်တာကြောင့် ကာဗာနီရဲ့ ကမ်းလှမ်းမှုကို စဉ်းစားသွားဖွယ် ရှိနေပါတယ်။

Photo Credit: Sport

အသက် (၃၃) နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ တိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ လွန်ခဲ့တဲ့ (၂၀၁၃) ခုနှစ်ကနေ ယခုနှစ် (၂၀၂၀) ခုနှစ်အထိ ကစားခဲ့ပြီး ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၀၁) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၂၀၀) ဂိုးအတိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့စဉ်က လီးဂှုးဝမ်း ဖလား (၆) ကြိမ်အထိ ရရှိနိုင်ခဲ့တာ ဖြစ်ပြီး ကစားသမားဘဝ တစ်လျှောက် ထိပ်သီး လိဂ် (၅) လိဂ်မှာ အီတလီ စီးရီးအေလိဂ်ပြိုင်ပွဲ တစ်ခုမှာပဲ ကစားလာခဲ့ပြီး အခြားလိဂ်ပြိုင်ပွဲမှာ တစ်ကြိမ်မှ မကစားဖူးတာ ဖြစ်ပါတယ်။ အသင်းလက်မဲ့ တိုက်စစ်မှူး ကာဗာနီဟာ ပေါ်တူဂီလိဂ် ပြိုင်ပွဲက ဘင်ဖီကာအသင်းကို ပြောင်းဖို့ ချိတ်ဆက်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် လက်ရှိမှာတော့ စပိန် လာလီဂါ ပြိုင်ပွဲမှာ ကစားနိုင်ဖို့ ဘာစီလိုနာအသင်းကို ဆက်သွယ်ခဲ့တယ်လို့ သတင်း ထွက်နေပါတယ်။