ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒီရာသီရဲ့ နောက်ဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲချိန်ပြည့်အထိ ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီဟာ ပွဲအပြီး အသင်းရဲ့ ဘတ်စ်ကားဆီ အရောက်မှာ အိမ်ရှင်ပဲလေ့စ် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို မကျေမနပ် ဖြစ်လာခဲ့ရင်းကနေ ဆဲဆိုကြိမ်းမောင်းခဲ့ပြီး လက်ခလယ်ပါ ထောင်ပြသွားခဲ့တယ်လို့ သိရှိရပါတယ်။

Edinson Cavani caught swearing at fans after Manchester United lose against  Crystal Palace | Daily Mail Online

Photo Credit : Daily Mail

အသက်(၃၅)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် (၁၅)ပွဲသာ ကစားခဲ့ရပြီး (၇)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရသလို ဒဏ်ရာပြသာနာတွေနဲ့လည်း တောက်လျှောက်ကြုံတွေ့ထားခဲ့ရပါတယ်။ တစ်ရာသီအတွင်းမှာလည်း သွင်းဂိုး(၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့သူ ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး အသင်းနဲ့လည်း ဆက်လက်သက်တမ်းတိုးတော့မှာ မဟုတ်ပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မှာ ဖြစ်ပါတယ်။

Edinson Cavani responded to taunts from Crystal Palace fans

Photo Credit : The Sun

ကာဗာနီဟာ ၂၀၂၂ခုနှစ်အတွင်း ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်မှာ တစ်ပွဲမှကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် မရခဲ့ပေမယ့် ရာသီပိတ် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပဲလေ့စ်နဲ့ ပွဲမှာတော့ ပွဲထွက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့်လည်း ကာဗာနီဟာ သူရဲ့ယူနိုက်တက် ကစားသမားဘဝ နောက်ဆုံးပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးမရယူနိုင်ခဲ့သလို အသင်းကပါ ဒီရှုံးပွဲ အပါအဝင် တစ်ရာသီလုံး (၁၂)ပွဲအထိ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ ဒီပွဲစဉ်အပြီးမှာ လန်ဒန်မြို့ကနေ မန်ချက်စတာမြို့ကို ပြန်လည်ထွက်ခွာမယ့် ယူနိုက်တက်အသင်းရဲ့ bus ကားစီ သွားရောက်နေကြတဲ့ ယူနိုက်တက် ကစားသမားတွေကို ပဲလေ့စ်အသင်း ပရိသတ်တွေက အော်ဟစ်လှောင်ပြောင်မှုတွေ လုပ်ဆောင်ခဲ့ရာ ယူနိုက်တက် ကစားသမားကြီး ကာဗာနီက သည်းမခံနိုင်တော့ပဲ ပြိုင်ဘက်အသင်း ပရိသတ်တွေကို ပြန်လည်ဆဲဆိုခဲ့သလို bus ပေါ် မတတ်ခင်မှာပါ အကြိမ်ကြိမ် လက်ခလယ်ထောင်ပြပြီး တုံ့ပြန်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကာဗာနီဟာ ယူနိုက်တက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်သလို မကြာခင်မှာပဲ သူ့အတွက် အသင်းသစ်တစ်သင်းကို ရှာဖွေရတော့မှာဖြစ်ပြီး အာဂျင်တီးနားကလပ်တွေဖြစ်တဲ့ ဘိုကာဂျူနီယာ ရေးဗားပလိတ်အသင်းတွေဆီ ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။