MySport Myanmar

မန်စီးတီးကို ပြောင်းပြီး ဂွါဒီယိုလာ လက်အောက်မှာ ကစားချင်နေတဲ့ အက်ဒါဆင်

အတ္တလန်တာအသင်းရဲ့ ကွင်းလယ်ကစားသမား အက်ဒါဆင်ကတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ မန်ချက်စတာ စီးတီးအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပြီး မန်စီးတီး နည်းပြကြီး ပပ် ဂွါဒီယိုလာ လက်အောက်မှာ ကစားချင်နေတယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။

လက်ရှိ မန်စီးတီးအသင်းမှာ အားထားရတဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်ခံစစ်ကစားသမား ရိုဒရီက ဒူးအရွတ်စုတ်ပြဲတဲ့ ACL ဒဏ်ရာဆိုးကြောင့် ကာလအတန်ကြာ အနားယူနေရတာဖြစ်လို့ သူ့နေရာမှာ အစားထိုးဖို့အတွက် ကွင်းလယ် နံပါတ်(၆) ကစားသမားသစ်တစ်ဦးကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : Transfermarket

ရိုဒရီနေရာမှာ အစားထိုးနိုင်ဖို့အတွက် ရိုဒရီရဲ့ လက်ရွေးစင် အသင်းဖော်ဖြစ်သူ ဆိုစီဒက် ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီနဲ့ အတ္တလန်တာအသင်းရဲ့ ကွင်းလယ်လူ အက်ဒါဆင်တို့ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလို့နေပြီး ဒီကစားသမား နှစ်ဦးလုံးကိုလည်း ကလပ်အသင်းများစွာက စိတ်ဝင်စားလို့နေပါတယ်။

ဒီကစားသမားတွေထဲကမှ အက်ဒါဆင်ကတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာလက်အောက်မှာ ကစားချင်နေတာကြောင့် မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဂွါဒီယိုလာဟာလည်း မနေ့ကမှ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားတာဖြစ်လို့ ဒီအပြောင်းအရွှေ့က စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။

Photo Credit : Transfermarket

အသက် (၂၄)နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမား အက်ဒါဆင်ဟာ ၂၀၂၂ခုနှစ်ကမှ ဘရာဇီးလ် အမှတ်ပေးလိဂ်ကနေ စီးရီးအေကလပ် ဆလာနီတာနာအသင်းဆီ ပြောင်းရွှေ့လာရင်း ဥရောပ ဘောလုံးနယ်ပယ်ဆီ ရောက်လာရင်းနဲ့ ဆလာနီတာနာဆီမှာ ရာသီဝက်သာ ဖြတ်သန်းပြီးချိန် အတ္တလန်တာအသင်းဆီ ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက အတ္တလန်တာမှာ အတော်လေး တောက်ပခဲ့တဲ့ အက်ဒါဆင်ဟာ အတ္တလန်တာနဲ့အတူ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့သလို အသင်းအတွက်ကိုလည်း (၇)ဂိုးအထိတောင် သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီကစားသမားကို မန်စီးတီးအပြင် လီဗာပူးလ် မန်ယူနိုက်တက် စပါးတို့ကလည်း စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်ကတော့ မန်စီးတီးဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။

Exit mobile version