မန်စီးတီးအသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်တဲ့ အီဒါဆန်က သူအနေနဲ့ ယခင်အသင်းဟောင်းမှာ ပင်နယ်တီတွေ ဖရီးကစ်တွေ ကန်သွင်းခဲ့ရသူဖြစ်ပြီး လက်ရှိကလပ် မန်စီးတီးအသင်းမှာဆိုရင်လည်း သူက ပင်နယ်တီကန်သွင်းရာမှာ အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်နေပေမယ့်လည်း အသင်းရဲ့နည်းပြ ပတ်ဂွာဒီယိုလာကတော့ သူ့ကို အသင်းရဲ့ ပင်နယ်တီကန်သွင်းသူတာဝန်ကို ဆောင်ရွှက်စေလိုခြင်း မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် ဂိုးသမားဖြစ်တဲ့ အက်ဒီဆင်ဟာ ကစားသမားဘဝမှာ ပင်နယ်တီကနေ သွင်းဂိုးပေါင်း (၁၃၁)ဂိုး သွင်းယူထားခဲ့ဖူးတဲ့ နာမည်ကျော် ဆော်ပေါ်လိုဂိုးသမားဟောင်းကြီး ရော်ဂျီရီယိုဆန်နီရဲ့ ခြေရာကို လိုက်နှင်းနိုင်ဖို့ ရည်ရွှယ်ထားခဲ့သူဖြစ်ပြီး သူကိုယ်တိုင်ကလည်း မန်စီးတီးအသင်းမှာလည်း ပင်နယ်တီကန်သွင်းမှု ကောင်းမွန်လှတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ အက်ဒီဆင်က “ကျွန်တော်ကတော့ ဖရီးကစ်ကန်သွင်းမှုတွေကို သိပ်လေ့ကျင့်လေ့ မရှိပါဘူး။ ပင်နယ်တီကန်သွင်းမှုတွေကိုပဲ လေ့ကျင့်ခဲ့ပြီးတော့ Riberao အသင်းမှာတုန်းကတော့ ဖရီးကစ်တချို့ကိုပါ ကန်သွင်းရပါသေးတယ်”

Photo Credit : AS English

“ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီလိုတွေ မကန်ရတော့ပါဘူး။ ကျွန်တော်က အသင်းမှာဆိုရင် ပင်နယ်တီကန်သွင်းမှုက အကောင်းမွန်ဆုံးပါ။ ဒါပေမယ့် အသင်းအတွက် ပင်နယ်တီကန်သွင်းရမယ့် သူတွေထဲမှာတော့ ရွေးချယ်မခံရပါဘူး။ အရေးကြီးတာကတော့ ကျွန်တော်တို့အသင်းအနေနဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့နဲ့ နိုင်ပွဲတွေ ရဖို့အတွက်ပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ယခင်က မန်စီးတီးအသင်းဟာ ပင်နယ်တီကန်သွင်းမှုအတွက် ရာဟင်စတာလင် ဂါဘရီရယ်ဂျေဆူး ဂန်ဒိုဂန်နဲ့ ဆာဂျီယိုအဂွဲရိုးတို့ကိုိ ရွေးချယ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအတွင်း ကန်သွင်းခဲ့ကြတဲ့ ပင်နယ်တီ(၇)ကြိမ်မှာ (၄)ကြိမ်အထိပါ လွဲချော်ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းကိုပဲ ပင်နယ်တီကန်သွင်းဖို့ ရွေးချယ်ခဲ့ရာ ဒီဘရိုင်းက အသင်းအတွက် ပင်နယ်တီ(၅)ကြိမ်အထိ ဆက်တိုက်သွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးလ်အသင်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လွဲချော်ခဲ့ရပါတယ်။ လက်ရှိမှာ ဂိုးသမားအီဒါဆင်က ပင်နယ်တီကန်သွင်းမှုမှာ ကောင်းမွန်နေတယ်ဆိုပေမယ့် ပင်နယ်တီအဆုံးအဖြတ် ခံယူရချိန်နဲ့ ခြေစမ်းပွဲတွေ ကစားချိန်မှသာ ပင်နယ်တီကန်သွင်းခွင့်ပေးမယ်လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။