ရီးရဲလ် အသင်းရဲ့ တောင်ပံ ကစားသမား ဟာဇက်ဟာ လာလီဂါ ပြိုင်ပွဲ ပြန်စဖို့ သိပ် မလိုတော့တဲ့ အချိန်မှာ ပြီးခဲ့တဲ့ ရာသီကလို ဝိတ်ပြန်တက်လာပြီး ပုံမှန်ခန္စကိုယ် အချိုးအစား ပြန်ရရှိနိုင်ဖို့အတွက် (၃) ပတ်ခန့်ကြာမှာ ဖြစ်တာကြောင့် ရီးရဲလ်အသင်းအနေနဲ့ သူ့ကို ဒေါသထွက်နေတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီ လက်ရွေးစင် ကစားသမား ဟာဇက်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း ပုံမှန်ထက် (၅) ကီလို အလေးချိန် ဝိတ်တက်ခဲ့တာကြောင့် အသင်း ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး လက်ရှိမှာလည်း ပြီးခဲ့တဲ့ ရာသီရဲ့ အမှားကနေ သင်ခန်းစာမယူဘဲ ခန္စကိုယ် အလေးချိန် ပြန်တက်လာခဲ့ပြန်ပါတယ်။

Photo Credit: TheSun

စပိန် မီဒီယာတွေက ရီးရဲလ်အသင်းဟာ အသင်းရဲ့ တောင်ပံ ကစားသမား ဟာဇက်ကို ခန္စာကိုယ် အလေးချိန် ပြန်တက်လာခဲ့တာကြောင့် စိုးရိမ်းမှုတွေ ရှိနေပြီး အချို့က ဟာဇက်ရဲ့ အသင်းအပေါ်မှာ ပေးဆပ်မှု နဲ့ ပရော်ဖယ်ရှင်နယ်ဆန်မှုကို မေးခွန်းထုတ်လာကြတယ်လို့ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ လာလီဂါ အဖွင့် ပွဲစဉ် အဖြစ် ရီးရဲလ်ဆိုဆီဒက်စ်အသင်းနဲ့ ကစားဖို့ (၉) ရက်ပဲ လိုတော့တဲ့ အချိန်မှာ ရှေ့တန်းကစားသမား ဟာဇက်ရဲ့ ဝိတ်တက်မှုကြောင့် ဒေါသထွက်နေတာ ဖြစ်ပြီး ဟာဇက်အနေနဲ့ ပုံမှန် ခန္စကိုယ် အချိုးအစား ပြန်ရဖို့ (၂) ပတ်၊ (၃) ပတ် ကြာနိုင်ပါတယ်။

Photo Credit: TheSun

ရီးရဲလ်အသင်းရဲ့ ပရိသတ်တွေကတော့ ရီးရဲလ်အသင်းကို လာမယ့် လာလီဂါ အဖွင့် ပွဲစဉ် အဖြစ် ရီးရဲလ်ဆိုဆီဒက်စ်အသင်းနဲ့ ကစားသွားမယ့် ပွဲစဉ်မှာ ဟာဇက်ကို အသုံးမပြုဘဲနဲ့ ဗီနီစီယက်စ်ကို အသုံးပြုဖို့အတွက် တောင်းဆိုခဲ့ကြတယ်လို့လည်း TheSun သတင်းက ဖော်ပြသွားခဲ့ပါတယ်။ ရီးရဲလ် နည်းပြ ဇီဒန်းဟာ ဒဏ်ရာ ရနေတဲ့ အချိန်မှာ ဟာဇက်ကို ဘယ်လ်ဂျီယံအသင်းက ကစားဖို့ ရွေးချယ်ခဲ့တာကိုလည်း ဒေါသထွက်ခဲ့ပြီး ဘယ်လ်ဂျီယံအသင်းက ဟာဇက်ကို ရွေးချယ်ခဲ့ပေမယ့် ဟာဇက်က ကြံခိုင်မှု မပြည့်ဝတာကြောင့် လက်ရွေးစင် ပွဲစဉ် (၁) ပွဲမှ မကစားခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်အသင်းကို ပြောင်းရွေ့လာခဲ့တဲ့ ဟာဇက်ဟာ ရီးရဲလ်အသင်းမှာ (၂) နှစ်ဆက်တိုက် ဝိတ်တက်လာခဲ့တာကြောင့် ရီးရဲလ်အသင်းအတွက်ကတော့ ဒေါသထွက်စရာ ဖြစ်နေပါတယ်။