MySport Myanmar

ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့သာ အခြေအနေများနေတဲ့ ဟာဇက်

ရီးယဲလ် မက်ဒရစ် နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး အီဒင် ဟာဇက်ကတော့ ကမ်းလှမ်းမှုတွေ ရှိနေသည့်တိုင် ဥရောပ ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ မရှိသေးလို့ ကစားသမားဘဝကိုသာ အဆုံးသတ်လိုက်ဖွယ်သာ အခြေအနေများလာခဲ့ပါတယ်။

လက်ရှိမှာ အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်နေတဲ့ ဟာဇက်ကို မေဂျာလိဂ် ကလပ် ဗန်ကူးဗား ဝှိုက်ကတ်စ် အပါအဝင် ဆော်ဒီလိဂ် နဲ့ ဘရာဇီးလ်က ကလပ်အသင်းတွေ ကမ်းလှမ်းထားကြပေမယ့်လည်း ဟာဇက်ကိုယ်တိုင်ကတော့ သူရဲ့ဘောလုံးသမားဘဝကို ဥရောပမှာသာ ဆက်လက် ဖြတ်သန်းချင်နေပါတယ်။

Photo Credit : Bridie Football

အသက် (၃၂)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်ဟောင်း ဟာဇက်ဟာ မကြာသေးခင်ကမှ ရီးယဲလ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားပြီး free agent player ဖြစ်သွားခဲ့ရသလို အခုလည်း သူရဲ့ ဘောလုံးသမားဘဝ အနာဂတ်က ရှေ့ဆက်ဖို့ မရေမရာ ဖြစ်နေရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ ရီးယဲလ်အသင်းဆီ mega signing တစ်ရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဟာဇက်က အသင်းမှာ (၄)နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက် (၇၆)ပွဲသာ ကစားထားခဲ့ရသလို အဲ့ဒီ (၇၆)ပွဲမှာလည်း (၇)ဂိုးသွင်း (၁၂)ဂိုးသာ ဖန်တီးနိုင်ခဲ့လို့ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ သမိုင်းတစ်လျှောက် အဆိုးရွှားဆုံးသော ကစားသမား ခေါ်ယူမှုအဖြစ်နဲ့ပါ မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

Photo Credit : Sport Brief

ဒီလို အခြေအနေတွေ ကြံခိုင်မှုပိုင်းဆိုင်ရာ အားနည်းချက်တွေ ကစားသမားရဲ့ စိတ်နေသဘောထားတွေနဲ့ လစာပိုင်း မြင့်မားလွန်းမှုတွေကြောင့် ဟာဇက်ကို ဥရောပ ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိပဲ ဆော်ဒီ တောင်အမေရိက နဲ့ မေဂျာလိဂ်အသင်းတွေကသာ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဟာဇက်က သူ့ကို စိတ်ဝင်စားနေတဲ့ ဥရောပပြင်က ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့ထက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့သာ အခြေအနေ အရမ်းများနေပြီး အသက် (၃၂)နှစ်အရွယ်နဲ့ပဲ ဘောလုံးသမားဘဝ ဇာတ်သိမ်းလိုက်ဖွယ်သာ ရှိလာနိုင်တယ်လို့ မီဒီယာများစွာမှာ သုံးသပ်ထားကြပါတယ်။

Exit mobile version