MySport Myanmar

ဘယ်လ်ဂျီယံကို ပြန်ပြီး ညီတော်မောင်နဲ့ ပူးပေါင်းသွားမယ့် ဟာဇက်

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ ထိပ်သီး ကစားသမားကြီး အီဒင်ဟာဇက်က လက်ရှိမှာ သူ့အတွက် ကလပ်အသင်းသစ် တစ်သင်းကို ရှာဖွေနေပြီး သူရဲ့ မွေးရပ် ဘယ်လ်ဂျီယံကို ပြန်ကာ ညီဖြစ်သူ ကီလီယန်ဟာဇက် ပါဝင်ကစားနေတဲ့ RWD Molenbeek အသင်းဆီ ပြော်းရွှေ့ဖွယ် ရှိနေပါတယ်။

Photo Credit : Forbes

ပရီးမီးယားလိဂ်ရဲ့ အထင်ကရ ကစားသမားဖြစ်ခဲ့သူ ဟာဇက်ဟာ ချယ်လ်ဆီးကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာ ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်ခဲ့ရရင်း ရီးယဲလ် ကစားသမားဘဝအဖြစ် ကျင်လည်ခဲ့တဲ့ (၄)နှစ်တာလုံး အသင်းအတွက် (၇)ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရီးယဲလ်ကို အလွန် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောက်ရှိလာခဲ့ပေမယ့် မျှော်လင့်ထားသလို ဘာမှ မလုပ်ဆောင်နိုင်ခဲ့တဲ့ ဟာဇက်ကို နောက်ဆုံးမှာတော့ (၁)နှစ် သက်တမ်း ကျန်ရှိနေသေးချိန်မှာပဲ စာချုပ်ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့ရာ အခုဆိုရင်တော့ ဟာဇက်က free agent player ပါ ဖြစ်နေရပါပြီ။

Photo Credit : One Football

လိုင်လီ ချယ်လ်ဆီးတို့မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမယ့် ရီးယဲလ်မှာတော့ ဒဏ်ရာပြသာနာတွေ ကိုယ်အလေးချိန် တတ်လာတွေကြောင့် ကစားသမားဘဝ အကျပိုင်းကို ရောက်ရှိသွားတဲ့ ဟာဇက်ဟာ လက်ရှိမှာ သူရဲ့ ညီငယ် ကီလီယန်ဟာဇက် ရှိရာ ဘယ်လ်ဂျီယံကလပ် RWD Molenbeek ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ အီဒင်ဟာဇက်က ညီအစ်ကို (၄)ဦးထဲမှာ အကြီးဆုံးဖြစ်ပြီး သူရဲ့အောက်မှာ ဒေါ့မွန်အသင်းရဲ့ ကစားသမား သော်ဂန်ဟာဇက် ရှိနေသလို ကီလီယန် နဲ့ အီသန်ဆိုတဲ့ ညီငယ် (၂)ဦးလည်း ရှိနေပါသေးတယ်။

Photo Credit : Sporting News

ညီအစ်ကိုတွေထဲမှာ အီဒင် နဲ့ သော်ဂန်လောက်သာ ဘောလုံးနယ်ပယ်ထဲ နာမည်ကြီး ကစားသမားတွေအဖြစ် ကျင်လည်နေရပေမယ့် ကီလီယန် နဲ့ အီသန်ဟာဇက်တို့ကတော့ ဘယ်လ်ဂျီယံရဲ့ မထင်မရှား ကလပ်အသင်းတွေမှာ ကစားသမားဘဝကို ဖြတ်သန်းနေရပါတယ်။ လက်ရှိမှာတော့ အီဒင်ဟာဇက်က သူ့ညီ ကီလီယန်ရဲ့ RWD Molenbeek အသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေပြီး RWD က သူရဲ့လစာကို ပေးချေဖို့ မလွယ်ကူနိုင်ရင်တောင် ဟာဇက်ဘက်က ငွေကြေးပိုင်းကို အဓိက မထားပဲ ပါဝင်ကစားပေးဖွယ် ရှိနိုင်ပါတယ်။

Exit mobile version