MySport Myanmar

မျိုးဆက်သစ်တွေထက် ကစားခွင့် ပိုရနေရတာကို မကြိုက်ကြောင်း ဟာဇက် ဖွင့်ဟ

ဘယ်လ်ဂျီယံ ကစားသမားကြီး အီဒင်ဟာဇက်က ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းမှာ ပွဲကစားခွင့်ရဖို့ ထိုက်ထန်မှုရှိတဲ့ မျိုးဆက်သစ် ကစားသမားလေးတွေကို ကျော်လွန်ပြီး ကစားနေရခြင်းအပေါ် သဘောကျမှု မရှိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ချဲလ်ဆီးကစားသမားဟောင်း ဟာဇက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ အုပ်စုပွဲစဉ် (၃)ပွဲမှာ (၂)ပွဲထိ ပွဲထွက်ကစားသမားအဖြစ် ပါဝင် ကစားခဲ့ရပေမယ့်လည်း ဟာဇက်က သူ့ထက် ပွဲထွက်ခွင့်ရဖို့ ပိုမို ထိုက်တန်မှုရှိတဲ့ မျိုးဆက်သစ် ကစားသမားလေးတွေ ကစားခွင့်ရသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

“ကမ္ဘာ့ဖလားပြီးသွားရင် ရပ်တန့်လိုက်ရမယ်ဆိုတာ ကျွန်တော် အချိန်အတော်ကြာအောင် သိထားခဲ့ပါတယ်။ ကာတာမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေက ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်အတွက် ပြတ်ပြတ်သားသား မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုပြီး ချမှတ်ထားခဲ့တယ်။ ရပ်တန့်ပစ်ဖို့ အချိန်ရှိပါသေးတယ်။ ကျွန်တော် အဲ့ဒါကို ဥရောပ ချန်ပီယံပြိုင်ပွဲပြီးနောက်ပိုင်းကတည်းက စတင် စဉ်းစားခဲ့တာ။ ခြေချင်းဝတ်ဒဏ်ရာ ရရပြီးနောက်ပိုင်း ကျွန်တော်ရဲ့ ကြံခိုင်မှု အချိန်မီ ပြန်ကောင်းလာဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ကံမကောင်းစွာပဲ အီတလီကို ရှုံးနိမ့်ခဲ့ရတဲ့ ကွာတားဖိုင်နယ်ပွဲမှာ မကစားနိုင်ခဲ့ပါဘူး။ အဲ့ဒါက တကယ်ကို စိတ်ပိုင်းဆိုင်ရာ ခြားနားမှုတစ်ခု ဖြစ်စေခဲ့ရပါတယ်”

Photo Credit : Daily Mail

“မက်ဒရစ်မှာ ကျွန်တော်နဲ့ တွဲကစားနေတဲ့ တိုနီကရူးစ်ဆိုလည်း လွန်ခဲ့တဲ့ (၂)နှစ်တည်းက ဂျာမနီလက်ရွေးစင်အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ တခြား ကစားသမားတွေ နိုင်ငံတကာ တာဝန်တွေကို ဆက်ခံဖို့ ရှိနေချိန်မှာ လက်ရွေးစင်တာဝန်တွေ အဆုံးသတ်လိုက်ပြီး မိသားစုနဲ့ ပျော်ရွင်ဖို့ အချိန်ကို အခွင့်ကောင်းယူနိုင်တယ်လို့ ကရူးက ပြောဆိုခဲ့သေးတယ်။ ဒီအချိန်မှာ လူငယ် ကစားသမားလေးတွေက လက်ရွေးစင်အသင်းရဲ့ တံခါးကို လာခေါက်နေကြပြီ။ ကျွန်တော်က ရီးယဲလ်မှာတောင် ကစားခွင့်မရပဲ ဘယ်လ်ဂျီယံအတွက် ကစားခွင့်တွေ ရနေတယ်။ ဒါကိုတော့ မနှစ်သက်ပါဘူး။ အထူးသဖြင့်တော့ မျိုးဆက်သစ်လေးတွေ ကစားခွင့်ရဖို့ ထိုက်တန်နေလို့ ဒီလို ဖြစ်တာမျိုးကို မကြိုက်ပါဘူး” လို့ ဟာဇက်က ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version