မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ ရလဒ္ဆိုးေတြနဲ႔ တေပြ႕တပိုက္ ရင္ဆိုင္ေနရတာေတြကို ပရိသတ္ေတြ အားလုံးလည္း သိရွိၾကမွာပါ။ အထူးသျဖင့္ ယူနိုက္တက္အသင္းဟာ ခံစစ္ပိုင္းမွာ မက္ဂိြဳင္းယား ၊ ဘစ္စကာတို႔ကို ေခၚယူနိုင္ခဲ့တာေၾကာင့္ အားေကာင္းသြားခဲ့ေပမယ့္ လူကာကူ ၊ ဆန္းခ်က္ စတဲ့ တိုက္စစ္ကစားသမားေတြ ၊ ဟာရဲယားလို လုပ္အားႏွုန္းေကာင္းမြန္တဲ့ ကြင္းလယ္ ကစားသမားေတြကို ဆုံးရွုံးသြားေပမယ့္ လုံေလာက္တဲ့ အားျဖည့္မွုေတြကို မလုပ္ေဆာင္ခဲ့တာေၾကာင့္ အခုလိုျဖစ္ေနတာျဖစ္တယ္လို႔ ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။

Photo Credit: Daily Mirror.com

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ပြဲစဥ္၅ပြဲမွာ ပြဲကစားခ်ိန္အတြင္း တစ္ပြဲကိုမွအနိုင္မရရွိထားသလို တိုက္စစ္ပိုင္းကလည္း သြင္းဂိုးႏွစ္ဂိုးသာ သြင္းယူထားနိုင္တဲ့အထိ အေျခအေနဆိုးရြားေနတာျဖစ္ၿပီး အေဝးကြင္းမွာလည္း အနိုငၼရရွိတာဟာ ၇လေက်ာ္ၾကာျမင့္ေနၿပီလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အမွတ္ေပးဇယားမွာလည္း ၈ပြဲ ကစားၿပီးထားတဲ့အခ်ိန္မွာ ၉မွတ္သာ ရရွိထားခဲ့ၿပီး ဒါဟာ ေနာက္ဆုံးႏွစ္ေပါင္း၃ဝအတြင္းမွာ အဆိုးဝါးဆုံး ရလဒ္တစ္ခုအျဖစ္ မွတ္တမ္းဝင္သြားခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: Daily Mirror.com

လက္ရွိအခ်ိန္မွာေတာ့ ယူနိုက္တက္အသင္းရဲ့ ကစားသမားေဟာင္းေတြဟာ ဆိုးလ္ရွားကို ေထာက္ခံေနဆဲျဖစ္ေပမယ့္ ေဘာလုံးကၽြမ္းက်င္သူေတြကေတာ့ ဆိုးလ္ရွားဟာ ရလဒ္ဆိုးေတြကို မဖယ္ရွားနိုင္ဘူးဆိုရင္ေတာ့ မၾကာခင္မွာပဲ ယူနိုက္တက္အသင္းကေန ထုတ္ပယ္ခံရနိုင္တယ္လို႔ သုံးသပ္ထားၾကပါတယ္။ ယေန႔မနက္ပိုင္းမွာ ထြက္ေပၚလာတဲ့သတင္းတခ်ိဳ႕အရေတာ့ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ဒုတိယဥကၠဌလည္းျဖစ္ အသင္းနဲ႔ပတ္သတ္တဲ့ အရာေတြအားလုံးကို စီမံနိုင္စြမ္းလည္းရွိတဲ့ အက္ဝုဒ္ဝက္ဟာ ရလဒ္ေကာင္းေတြရရွိဖို႔အတြက္ ဆိုးလ္ရွားကို အခ်ိန္ေပးမွာမဟုတ္ေတာ့ေၾကာင္း သတိေပးထားတယ္လို႔ သိရွိရပါတယ္။

Photo Credit: Daily Mirror.com

လက္ရွိအခ်ိန္မွာ ယူနိုက္တက္အသင္းဟာ ေပါ့ဘာ ၊ လုခ္ေရွာ ၊ ဝစ္ဘစ္စကာ ၊ မာရွယ္စတဲ့ အဓိကကစားသမားေတြ ဒဏ္ရာရရွိေနတာေၾကာင့္ ရလဒ္ေကာင္းေတြ မရရွိတာလို႔ အေၾကာင္းျပခ်က္ေပးလို႔ရေပမယ့္ နိုင္ငံတကာပြဲစဥ္အၿပီးမွာ ကစားသမားေတြအားလုံး ဒဏ္ရာကေန ျပန္လည္သက္သာလာေတာ့မွာ ျဖစ္တာေၾကာင့္ လာမယ့္လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္မွာသာ ရလဒ္ေကာင္းတစ္စုံတစ္ရာ မရရွိပါက ဆိုးလ္ရွားအတြက္ စိုးရိမ္စရာပါပဲ။ ဆိုးလ္ရွားရဲ့ အေရွ႕မွာ ထုတ္ပယ္ခံထားရဖူးတဲ့ ေမာ္ရင္ဟိုဟာလည္း လီဗာပူးလ္အသင္းကို ရွုံးနိမ့္အၿပီးမွာ ထုတ္ပယ္ခံခဲ့ဖူးတာေၾကာင့္ ဆိုးလ္ရွားတစ္ေယာက္ ေမာ္ရင္ဟိုလို ထုတ္ပယ္ခံရမလားဆိုတာကေတာ့….။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေနဲ့ တပွေ့တပိုက် ရင်ဆိုင်နေရတာတေွကို ပရိသတ်တွေ အားလုံးလည်း သိရှိကြမှာပါ။ အထူးသဖြင့် ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းမှာ မက်ဂိွုင်းယား ၊ ဘစ်စကာတို့ကို ခေါ်ယူနိုင်ခဲ့တာကြောင့် အားကောင်းသွားခဲ့ပေမယ့် လူကာကူ ၊ ဆန်းချက် စတဲ့ တိုက်စစ်ကစားသမားတွေ ၊ ဟာရဲယားလို လုပ်အားနှုန်းကောင်းမွန်တဲ့ ကွင်းလယ် ကစားသမားတွေကို ဆုံးရှုံးသွားပေမယ့် လုံေလာက်တဲ့ အားဖြည့်မှုတွေကို မလုပ်ဆောင်ခဲ့တာကြောင့် အခုလိုဖြစ်နေတာဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Daily Mirror.com

မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဥ်၅ပွဲမှာ ပွဲကစားချိန်အတွင်း တစ်ပွဲကိုမှအနိုင်မရရှိထားသလို တိုက်စစ်ပိုင်းကလည်း သွင်းဂိုးနှစ်ဂိုးသာ သွင်းယူထားနိုင်တဲ့အထိ အခြေအနေဆိုးရွားနေတာဖြစ်ပြီး အဝေးကွင်းမှာလည်း အနိုင္မရရှိတာဟာ ၇လကျော်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယားမှာလည်း ၈ပွဲ ကစားပြီးထားတဲ့အချိန်မှာ ၉မှတ်သာ ရရှိထားခဲ့ပြီး ဒါဟာ နောက်ဆုံးနှစ်ပေါင်း၃ဝအတွင်းမှာ အဆိုးဝါးဆုံး ရလဒ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mirror.com

လက်ရှိအချိန်မှာတော့ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတွေဟာ ဆိုးလ်ရှားကို ထောက်ခံနေဆဲဖြစ်ပေမယ့် ဘောလုံးကျွမ်းကျင်သူတွေကတော့ ဆိုးလ်ရှားဟာ ရလဒ်ဆိုးတွေကို မဖယ်ရှားနိုင်ဘူးဆိုရင်တော့ မကြာခင်မှာပဲ ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့သတင်းတချို့အရတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယဥက္ကဌလည်းဖြစ် အသင်းနဲ့ပတ်သတ်တဲ့ အရာတွေအားလုံးကို စီမံနိုင်စွမ်းလည်းရှိတဲ့ အက်ဝုဒ်ဝက်ဟာ ရလဒ်ကောင်းတွေရရှိဖို့အတွက် ဆိုးလ်ရှားကို အချိန်ပေးမှာမဟုတ်တော့ကြောင်း သတိပေးထားတယ်လို့ သိရှိရပါတယ်။

Photo Credit: Daily Mirror.com

လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာ ၊ လုခ်ရှော ၊ ဝစ်ဘစ်စကာ ၊ မာရှယ်စတဲ့ အဓိကကစားသမားတွေ ဒဏ်ရာရရှိနေတာကြောင့် ရလဒ်ကောင်းတွေ မရရှိတာလို့ အကြောင်းပြချက်ပေးလို့ရပေမယ့် နိုင်ငံတကာပွဲစဥ်အပြီးမှာ ကစားသမားတွေအားလုံး ဒဏ်ရာကနေ ပြန်လည်သက်သာလာတော့မှာ ဖြစ်တာေကြာင့် လာမယ့်လီဗာပူးလ်အသင်းနဲ့ပွဲစဥ်မှာသာ ရလဒ်ကောင်းတစ်စုံတစ်ရာ မရရှိပါက ဆိုးလ်ရှားအတွက် စိုးရိမ်စရာပါပဲ။ ဆိုးလ်ရှားရဲ့ အရှေ့မှာ ထုတ်ပယ်ခံထားရဖူးတဲ့ မော်ရင်ဟိုဟာလည်း လီဗာပူးလ်အသင်းကို ရှုံးနိမ့်အပြီးမှာ ထုတ်ပယ်ခံခဲ့ဖူးတာကြောင့် ဆိုးလ်ရှားတစ်ယောက် မော်ရင်ဟိုလို ထုတ်ပယ်ခံရမလားဆိုတာကတော့….။