ပရီးမီးယားလိဂ်ရဲ့နာမည်ကြီးအသင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာပရိသတ်အများစုရဲ့ပြစ်တင်ဝေဖန်မှုတွေကိုခံနေရတဲ့အသင်းရဲ့ဒုတိယဥက္ကဌအက်ဝုဒ်ဝက်ကိုရာထူးကနေထုတ်ပယ်ကာအစားထိုးဖို့စဉ်းစားနေကြောင်းပြင်သစ်သတင်းဌာနတွေကဖော်ပြခဲ့ကြပါတယ်။

Photo Credit: Standard.com

     အက်ဝုဒ်ဝက်ဟာယူနိုက်တက်အသင်းကိုဝယ်ယူပိုင်ဆိုင်ထားတဲ့ဂလေဇာမိသားစုရဲ့လူယုံတစ်ဦးဖြစ်ကာစီးပွားရေးအပိုင်းမှာထက်မြက်သူတစ်ဦးဖြစ်ပေမယ့်ကစားသမားဝယ်ယူမှုမှာတော့ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာလည်းအင်္ဂလန်မှာရှိတဲ့ဝုဒ်ဝက်ရဲ့အိမ်ဟာယူနိုက်တက်ပရိသတ်တွေရဲ့မီးရှူးမီးပန်းတွေနဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါသေးတယ်။

Photo Credit: Standard.com

     ပြင်သစ်သတင်းစာတွေရဲ့အဆိုအရတော့ဂလေဇာမိသားစုဟာအက်ဝုဒ်ဝက်ကိုစီးပွားရေးအပိုင်းသီးသန့်သာတာဝန်ယူခိုင်းဖို့ချိန်ရွယ်နေပြီးအက်ဝုဒ်ဝက်ရဲ့ကစားသမားဝယ်ယူမှုတာဝန်ကိုတော့ပီအက်စ်ဂျီအသင်းရဲ့အားကစားဒါရိုက်တာဟောင်းဖြစ်တဲ့ဟင်းနရစ်ကိုတာဝန်ပေးဖို့စဉ်းစားထားတယ်လို့သိရှိရပါတယ်။

Photo Credit: Standard.com

     အသက်၅၁နှစ်အရွယ်ဟင်းနရစ်ဟာပေါ်တူဂီကလပ်အသင်းဖြစ်တဲ့ပေါ်တိုနဲ့ပီအက်စ်ဂျီအသင်းတို့မှာအားကစားဒါရိုက်တာရာထူးကိုရယူခဲ့ဖူးသူဖြစ်ပြီးကစားသမားခေါ်ယူမှုပိုင်းမှာလည်းအလေအလွင့်နည်းပါးသူဖြစ်တာကြောင့်ယူနိုက်တက်အသင်းရဲ့တာဝန်ရှိသူတွေကအလိုရှိနေတာပါ။