မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စီးအီးအုိလည္းျဖစ္ ၊ ဒုတိယဥကၠဌလည္းျဖစ္တဲ့ အက္ဝုဒ္ဝက္ကေတာ့ လက္႐ွိအခ်ိန္မွာ ယူႏိုက္တက္အသင္းအတြက္ အက်ိဳး႐ွိေစမယ့္ ကိစၥရပ္တစ္ခုကို အၿပီးသတ္လုပ္ေဆာင္ႏိုင္ခဲ့ၿပီလို႔ သိရပါတယ္။ အဆိုပါကိစၥရပ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေဘာလံုးေလာင္းေၾကးဖြင့္တဲ့ ကုမၸဏီတစ္ခုအျဖစ္ ရပ္တည္ေနတဲ့ Yabo Sport ကိုအသင္းရဲ႕ တရားဝင္စီးပြားေရးမိတ္ဖက္အျဖစ္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့ ကိစၥရပ္ပဲ ျဖစ္ပါတယ္။

Photo Credit: Mirror.com

အက္ဝုဒ္ဝက္ဟာ လက္႐ွိေဘာလံုးရာသီမွာလည္း မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ မက္ဂြိဳင္းယား ၊ ဘစ္စကာ ၊ ဒန္နီရယ္ဂ်ိမ္းစ္စတဲ့ ကစားသမားေတြကို ေခၚယူေပးႏိုင္ခဲ့သူျဖစ္ၿပီး အခုလို စပြန္ဆာတစ္ခုနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဘုတ္အဖြဲ႔ဝင္ေတြကေတာ့ သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြကို သေဘာက်ႏွစ္သက္ေနၾကပါတယ္။ မန္ခ်က္စတာယူႏိုက္တင္အသင္းရဲ႕ စေတာ့႐ွယ္ယာေတြဟာလည္း Yabo Sportနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုမႈအၿပီးမွာ ပိုမိုျမင့္တက္လာခဲ့တယ္လို႔ သိ႐ွိရၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဝင္ေငြေတြဟာလည္း ပိုိုမိုေကာင္းမြန္လာဖြယ္႐ွိေနေၾကာင္း စီးပြားေရးကြၽမ္းက်င္သူေတြက သံုးသပ္ထားၾကပါတယ္။

Photo Credit: Mirror.com

Yabo Sport ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ၂၃ခုေျမာက္ တရားဝင္မိတ္ဖက္အဖြဲ႔အစည္းတစ္ခုျဖစ္လာခဲ့ၿပီး မၾကာမီမွာပဲ ယူႏိုက္တက္နဲ႔ Yabo Sport ရဲ႕ေၾကာ္ျငာေတြကို ျမင္ေတြ႔ရေတာ့မယ္လို႔လည္း ဆိုၾကပါေသးတယ္။ မန္ခ်က္စတာအေျခစိုက္သတင္းေတြရဲ႕ အဆိုအရေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ Yabo Sport နဲ႔ပူးေပါင္းခဲ့မႈအတြက္ တစ္ႏွစ္ကို ေပါင္၂သန္းကေန ၃သန္းၾကား ပမာဏတစ္ခုကို ရ႐ွိမွာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

Photo Credit: Mirror.com

အက္ဝုဒ္ဝက္ဟာ ကစားသမားအေျပာင္းအေရႊ႕မွာ အမွားအယြင္းေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ အမ်က္ေဒါသနဲ႔ရင္ဆိုင္ေနရေပမယ့္ စီးပြားေရးပိုင္းမွာေတာ့ သူ႔ရဲ႕လက္ထက္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပိုမိုေတာက္ပလာတယ္ဆိုတာကို အျငင္းပြားစရာမလိုပါဘူး။ အက္ဝုဒ္ဝက္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ Adidasနဲ႔ ၁၀ႏွစ္သက္တမ္း႐ွိတဲ့စာခ်ဳပ္တစ္ရပ္ကေန ေပါင္၇၅၀သန္း ၊ Chevroletနဲ႔ ၁၀ႏွစ္သက္တမ္း႐ွိတဲ့စာခ်ဳပ္ကေန ေပါင္၅၀၀သန္းစတဲ့ ႀကီးမားတဲ့စီးပြားေရးလုပ္ေဆာင္ခ်က္ေတြကို စြမ္းေဆာင္ေပးႏုိင္ခဲ့သူျဖစ္ၿပီး တစ္ႏွစ္တာအေကာင္းဆံုးစီးအီးအိုဆုကို ရ႐ွိဖုိ႔အတြက္ ေရပန္းစားေနသူလည္းျဖစ္ပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စီးအီးအိုလည်းဖြစ် ၊ ဒုတိယဥက္ကဌလည်းဖြစ်တဲ့ အက်ဝုဒ်ဝက်ကတော့ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းအတွက် အကျိုးရှိစေမယ့် ကိစ္စရပ်တစ်ခုကို အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီလို့ သိရပါတယ်။ အဆိုပါကိစ္စရပ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘောလုံးလောင်းကြေးဖွင့်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေတဲ့ Yabo Sport ကိုအသင်းရဲ့ တရားဝင်စီးပွားရေးမိတ်ဖက်အဖြစ် စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ကိစ္စရပ်ပဲ ဖြစ်ပါတယ်။

Photo Credit: Mirror.com

အက်ဝုဒ်ဝက်ဟာ လက်ရှိဘောလုံးရာသီမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းအတွက် မက်ဂွိုင်းယား ၊ ဘစ်စကာ ၊ ဒန်နီရယ်ဂျိမ်းစ်စတဲ့ ကစားသမားတွေကို ခေါ်ယူပေးနိုင်ခဲ့သူဖြစ်ပြီး အခုလို စပွန်ဆာတစ်ခုနဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့ဝင်တွေကတော့ သူ့ရဲ့စွမ်းဆောင်ရည်တွေကို သဘောကျနှစ်သက်နေကြပါတယ်။ မန်ချက်စတာယူနိုက်တင်အသင်းရဲ့ စတော့ရှယ်ယာတွေဟာလည်း Yabo Sportနဲ့စာချုပ်ချုပ်ဆိုမှုအပြီးမှာ ပိုမိုမြင့်တက်လာခဲ့တယ်လို့ သိရှိရပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝင်ငွေတွေဟာလည်း ပိိုုမိုကောင်းမွန်လာဖွယ်ရှိနေကြောင်း စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Mirror.com

Yabo Sport ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၂၃ခုမြောက် တရားဝင်မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပြီး မကြာမီမှာပဲ ယူနိုက်တက်နဲ့ Yabo Sport ရဲ့ကြော်ငြာတွေကို မြင်တွေ့ရတော့မယ်လို့လည်း ဆိုကြပါသေးတယ်။ မန်ချက်စတာအခြေစိုက်သတင်းတွေရဲ့ အဆိုအရတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ Yabo Sport နဲ့ပူးပေါင်းခဲ့မှုအတွက် တစ်နှစ်ကို ပေါင်၂သန်းကနေ ၃သန်းကြား ပမာဏတစ်ခုကို ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Credit: Mirror.com

အက်ဝုဒ်ဝက်ဟာ ကစားသမားအပြောင်းအရွှေ့မှာ အမှားအယွင်းတွေလုပ်ဆောင်ခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ရင်ဆိုင်နေရပေမယ့် စီးပွားရေးပိုင်းမှာတော့ သူ့ရဲ့လက်ထက်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပိုမိုတောက်ပလာတယ်ဆိုတာကို အငြင်းပွားစရာမလိုပါဘူး။ အက်ဝုဒ်ဝက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် Adidasနဲ့ ၁၀နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ရပ်ကနေ ပေါင်ရ၅၀သန်း ၊ Chevroletနဲ့ ၁၀နှစ်သက်တမ်းရှိတဲ့စာချုပ်ကနေ ပေါင်၅၀၀သန်းစတဲ့ ကြီးမားတဲ့စီးပွားရေးလုပ်ဆောင်ချက်တွေကို စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး တစ်နှစ်တာအကောင်းဆုံးစီးအီးအိုဆုကို ရရှိဖို့အတွက် ရေပန်းစားနေသူလည်းဖြစ်ပါတယ်။