နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ယနေ့ည မန်စီးတီးအသင်း နဲ့ ဝက်စ်ဟမ်းအသင်းတို့ ကစားမယ့် ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်တာကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို စောစောစီးစီးနဲ့ ရရှိနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၆) ပွဲစလုံးကို ရှုံးပွဲမရှိဘဲ ကစားသွားမယ် ဆိုရင် နောက်လ လာမယ့် မတ်လ (၂၁) ရက်နေ့မှာ ပရီးမီးယားလိဂ် ဆုဖလားကို အစောဆုံး ရရှိမှာ ဖြစ်ပြီး မန်ယူအသင်းရဲ့ စံချိန်ကို ချိုးသွားမှာပါ။

Photo Credit: Gettyimage

လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်း နဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်တဲ့ အတွက်ကြောင့် လာမယ့် မတ်လ (၂၁) ရက်နေ့ မတိုင်ခင် မတ်လ (၇) ရက်နေ့မှာ ပရီးမီးယားလိဂ် ဖလားကို ရရှိနိုင်ချေ ရှိနေပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် (၇) ရက်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ ဆိုရင် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အားလုံးကို အနိုင်ရဖို့ လိုအပ်ပြီး မန်စီးတီးအသင်းအနေနဲ့ကလည်း (၁) ပွဲ လျှော့အပြင် ပွဲရှုံးဖို့တော့ လိုအပ်ပါတယ်။

Photo Credit: Gettyimage

လီဗာပူးလ်အသင်းဟာ မတ်လ (၇) ရက်နေ့မှာ ပရီးမီးယားလိဂ် ဖလား ရရှိဖို့ ဖြစ်နိုင်ချေ အလွန် ခက်ခဲပေမဲ့လည်း လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အားလုံးကိုသာ အနိုင်ရရှိသွားမယ် ဆိုရင် လာမယ့် မတ်လ (၂၁) ရက်နေ့မှာ ပရီးမီးယားလိဂ် ဖလား ရရှိဖို့တော့ ဖြစ်နိုင်ချေ များပါတယ်။ ပရီးမီးယားလိဂ် ဆုဖလားကို အမြန်ဆုံး ရရှိနိုင်ခဲ့တာက မန်ယူအသင်း ဖြစ်ပြီး မန်ယူအသင်းဟာ ဧပြီလ (၁၄) ရက်နေ့မှာ ရရှိခဲ့ပြီး လီဗာပူးလ်အသင်းကသာ မတ်လမှာ ရရှိရင် စံချိန်သစ် တင်သွားမှာ ဖြစ်ပါတယ်။