အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘားလာကတော့ အာဂျင်တီးနားနိုင်ငံက လူတွေဟာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုကို သူ့ရဲ့ ပုံရိပ်ကြောင့် မုန်းလျက် ရှိတယ်လို့ အာဂျင်တီးနား ဘောလုံး အဖွဲ့ချုပ် (Argentina Football Association – AFC) နဲ့ အင်တာဗျူးရာမှာ ပြောသွားခဲ့ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘားလာဟာ နိုင်ငံတကာ ပွဲစဉ်တွေမှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ပြိုင်ဘက် အသင်းတွေ ဖြစ်နေကြပေမဲ့လည်း ကလပ် ပြိုင်ပွဲမှာတော့ ရော်နယ်ဒိုနဲ့ အတူ ဂျုဗင်တပ် အသင်းဖော်တွေ ဖြစ်ကြပြီး ဂျုဗင်တပ်အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်လျက် ရှိပါတယ်။

Photo Credit: Goal

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လာလီဂါ ပြိုင်ပွဲက ရီးရဲလ်အသင်းအတွက် (၉) နှစ်ကြာ ကစားပြီးတဲ့ အချိန်မှာ စိန်ခေါ်မှုအသစ်ကို ရှာဖွေဖို့ အသင်းပြောင်းခဲ့ပြီး စီးရီးအေ ပြိုင်ပွဲက ဂျုဗင်တပ်အသင်းကို ပေါင် (၁၀၅) သန်းနဲ့ အပြီးသတ် ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ဒိုင်ဘာလားဟာ လက်ရွေးစင် အာဂျင်တီးနားအသင်းမှာ မက်ဆီနဲ့ အတူ တွဲဖက်ကစားရပြီး ကလပ် ဂျုဗင်တပ်အသင်းမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားရတာကြောင့် ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး နှစ်ဦးနဲ့ အတူ ကစားခွင့်ရတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

Photo Credit: Goal

ဂျုဗင်တပ် တိုက်စစ်မှူး ဒိုင်ဘာလားက “ကျွန်တော် ရော်နယ်ဒိုကို အာဂျင်တီးနားနိုင်ငံမှာဆိုရင် မင်းရဲ့ ပုံရိပ်ကြောင့်၊ မင်းရဲ့ ဖြစ်တည်မှုကြောင့်၊ မင်းရဲ့ လမ်းကြောင်းကြောင့် လူတွေက မင်းကို မုန်းကြတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ တကယ်တော့ ရော်နယ်ဒိုက ကျွန်တော့်ကို အလွန် အံ့အားသင့်စေခဲ့ပါတယ်။ ဘာလို့လဲဆိုရင်တော့ ကျွန်တော် သူ့ကို ထူးခြားတယ်လို့ မြင်လို့ပါ”လို့ အာဂျင်တီး ဘောလုံး အဖွဲ့ချုပ် (AFC) နဲ့ အင်တာဗျူးတဲ့ အချိန်မှာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဂျုဗင်တပ် အသင်းဟာ အီတလီ စီးရီးအေ ပြိုင်ပွဲမှာ ကိုရိုနာ ဗိုင်းရပ် ခံစားခဲ့ရတဲ့ စီးရီးအေ ပြိုင်ပွဲအသင်းတွေထဲက ပထမဆုံး အသင်း ဖြစ်ပြီး လက်ရှိအချိန်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် စီးရီးအေ ပြိုင်ပွဲကို လုံခြုံမှု မရှိမချင်း အကန့်အသတ် မရှိ ရွေ့ဆိုင်းလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။