ဂျုဗင်တပ်အသင်းဟာ စီးရီးအေ ပြိုင်ပွဲမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ပထမဆုံး စဖြစ်တဲ့ အသင်း ဖြစ်ပြီး နောက်ခံလူ ရူဂါနီက စီးရီးအေ ပြိုင်ပွဲမှာ ပထမဆုံး ကူးစက်ခံရတဲ့ သူ ဖြစ်ခဲ့ရပါတယ်။ ဂျုဗင်တပ်အသင်းဟာ အခုလည်း အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဒိုင်ဘားလားကို ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရပြီ ဖော်ပြခဲ့ပြီး အသင်းရဲ့ ဒုတိယမြောက် ကူးစက်ခံရသူ ဖြစ်လာခဲ့ပါတယ်။ ဂျုဗင်တပ် နောက်ခံလူ ရူဂါနီဟာ ယခုအပတ် ဗုဒ္စဟူးနေ့က ကိုရိုနာ ဗိုင်းရပ် ကူးစက် ခံခဲ့ရပြီး ဂျုဗင်တပ်အသင်းက သူ့ကို အခြား အသင်းဖော်တွေနဲ့ အဝေးမှာ သီးခြား ခွဲထားခဲ့ရပါတယ်။

Photo Credit: Foxsport

ရူဂါနီ နဲ့ ဒိုင်ဘားလားတို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက အင်တာမီလန်အသင်းကို (၂-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ကစားခဲ့ကြပြီး ဒိုင်ဘားလားကတော့ အပိတ်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းဟာ ဒိုင်ဘားလားအနေနဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရပြီ ဖြစ်တာကို သိတဲ့ အချိန်မှာ အသင်းဝန်ထမ်းတွေကို သီးခြားခွဲထားနေပြီလို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းကတော့ ကစားသမားတွေ အပါအဝင် အသင်း ဝန်ထမ်း (၁၂၁) ဦးကို သူတို့ရဲ့ အိမ်မှာ သီးခြားနေဖို့ ဆုံးဖြတ်ချက် ချခဲ့ကြောင်း တရားဝန် ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Foxsport

ဂျုဗင်တပ်အသင်းက “ရူဂါနီရဲ့ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရမှုနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို မနေ့က ထုတ်ပြန်သွားပြီးတဲ့နောက် ကစားသမားတွေ အပါအဝင် အဖွဲ့ဝင်တွေ၊ နည်းပြတွေ၊ ကင်းထောက်တွေ နဲ့ ဂျုဗင်တပ် ဝန်ထမ်းတွေကို သူတို့ရဲ့ အိမ်တွေမှာ သီးခြားနေဖို့ နဲ့ ကိုရိုနာ ဗိုင်းရပ်နဲ့ ပက်သက်ပြီး ပြဌားန်ထားတဲ့ ကျန်းမားရေး ဌာနရဲ့ ထုတ်ပြန်မှုတွေကို လိုက်နာကြဖို့ သတ်မှတ်ခဲ့ပါတယ်”လို့ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ကာကွယ်တဲ့ အနေနဲ့ ထုတ်ပြန်သွားခဲ့ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုဟာ မိခင်ရဲ့ ကျန်းမာရေးကြောင့် နေရပ်ကို ပြန်ခဲ့ပြီး အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ဖြစ်ပွားနေတာကြောင့် ဂျုဗင်တပ်အသင်းကို ပြန်မလာသေးတာ ဖြစ်ပါတယ်။