ဂျုဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလား လတ်တလော ကမ္ဘာပေါ်မှာ ကြောက်မက်စရာအကောင်းဆုံးဖြစ်နေတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်နေလျက်ရှိတယ်လို့ ဆေးစစ်ချက်တွေကနေ သိရှိလာခဲ့ပေမယ့်လည်း ဒီဘားလားက ကုသမှုတွေကို အသေအချာ ခံယူနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ် Positive ဖြစ်နေပေမယ့်လည်း လက်ရှိမှာ သူရော ရောဂါကူးစက်လျက်ရှိနေတဲ့ သူ့ချစ်သူကောင်မလေးရော စိုးရိမ်စရာအနေအထားမှာရှိမနေပဲ အခြေအနေအားလုံးကောင်းနေတယ်လို့ တွစ်တာစာမျက်နှာပေါ်ကနေ ရှင်းလင်းသွားခဲ့ပါတယ်။

အသက်၂၆နှစ်အရွှယ်ရှိ အာဂျင်တီးနား တိုက်စစ်ကစားသမား ဒီဘားလားက သူရဲ့ဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ပတ်သက်ပြီး တွစ်တာပေါ်မှာ “အားလုံးပဲ မင်္ဂလာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ ကျွန်တော်နဲ့ အိုရီအာနာ(သူရဲဲ့ချစ်သူ)တို့နှစ်ယောက်ရဲ့ လက်ရှိအနေအထားအကြောင်းကို သတင်းအကြောင်းလေးကို ပြောပြချင်တာပါ။ ကျွန်တော်တို့နှစ်ယောက်လုံးက ကူးစက်ခံထားရတယ်ဆိုပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ပဲ နှစ်ယောက်လုံးက လက်ရှိမှာ အခြေအနေကောင်းနေပါတယ်။ စိတ်ပူပြီး ပေးပို့ထားတဲ့ မက်ဆေ့ချ်တွေအတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ရေးသားထားခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးနီးပါးကို ပျံနှံနေလျက်ရှိပြီးတော့ စတင်ပေါက်ဖွားရာ တရုတ်နိုင်ငံပြီးရင်တော့ ဒီဘားလားတို့ ဂျုဗင်တပ်စ်အသင်း အခြေစိုက်ရာ အီတလီနိုင်ငံက ဒုတိယကူးစက်မှုအများဆုံးဖြစ်နေကာ ဂျုဗင်တပ်စ်အသင်းမှာလည်း ဒီဘားလားအပြင် ကွင်းလယ်လူမာတွီဒီနဲ့ နောက်ခံလူရူဂါနီတို့မှာ COVID-19 Positive ဖြစ်လို့နေပြီး ဆေးကုသမှုတွေ ခံယူလို့နေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘောလုံးလောကအတွင်းကိုပါ ဝင်ရောက်နှောင့်ယှက်လာခဲ့တာကြောင့် ဘောလုံးပွဲတွေကို ရက်ပေါင်းများစွာ ရွေ့ဆိုင်းထားခဲဲ့ရသလို သိပ်မကြာခင်မှာ ကျင်းပတော့မယ့် ယူရို-၂၀၂၀ ကိုပါအမေရိကဖလားပြိုင်ပွဲတွေမှာလည်း နောက်တစ်နှစ် ရွေ့ဆိုင်းထားခဲ့ရကာ ၂၀၂၁ခုနှစ်မှသာ ကျင်းပရတော့မှာပဲဖြစ်ပါတယ်။