MySport Myanmar

ဘယ်လင်ဟမ်ကို ပေါင်သန်း(၁၅၀)နဲ့ ခေါ်ယူသင့်တယ်လို့ ယူနိုက်တက်ကို ဒွိုက်ယော့ခ် တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက်အသင်းက လာမယ့် ဈေးကွက်တွေအတွင်းမှာ ထိပ်တန်းကစားသမား big name player တစ်ဦးကို ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူသင့်ကြောင်း ရီးယဲလ် မက်ဒရစ်အသင်းက အင်္ဂလန်ကြယ်ပွင့် ကစားသမား ဘယ်လင်ဟမ်ကိုလည်း ပေါင်သန်း(၁၅၀)နဲ့ ခေါ်ယူသင့်တယ်လို့ ကစားသမားဟောင်းကြီး ဒွိုက်ယော့ခ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

လက်ရှိ ယူနိုက်တက်က နည်းပြသစ် ရူဘင် အမော်ရင်လက်ထက် ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ရင်ဆိုင်နေရပေမယ့် နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်း ပြသထားနိုင်ခဲ့ပြီး အမော်ရင်ကလည်း အသင်းကို အကောင်းဆုံး တည်ဆောက်ပြနေပါတယ်။ ဒီအချိန်မှာ အမော်ရင်အတွက် ကစားသမား အားဖြည့်မှုကို အသေအချာ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဒွိုက်ယော့ခ်က ထောက်ပြလာခဲ့ပါတယ်။

Photo Credit : CNN

“မန်ယူနိုက်တက်က ဂျူဒ့် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးမျိုး ရှိဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၅၀)လောက် အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအသင်းရဲ့ သမိုင်းကြောင်းကို ကြည့်လိုက်မယ်ဆိုရင် (၂)နှစ်ကနေ (၃)နှစ်အတွင်း ထိပ်တန်းကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။”

“သူတို့ နောက်ဆုံးအကြိမ် အဲ့ဒီလို ကစားသမားတွေကို ခေါ်ယူခဲ့တာကို ကျွန်တော် အသေအချာတော့ မမှတ်မိတော့ပေမယ့် ၂၀၁၆လောက်က ဇလာတန် အီဘရာဟီမိုဗစ်ကို ခေါ်ယူခဲ့တာ ဖြစ်နိုင်ပါတယ်။ ယူနိုက်တက်က ပြိုင်ဘက်အသင်းတွေကနေ မိုက်လိုက်တဲ့ ခေါ်ယူမှုပါလားလို့ ဖြစ်လာအောင် လုပ်ရမယ်။ ရီးယဲလ် မက်ဒရစ်အသင်း လုပ်ခဲ့သလို ထိပ်တန်း ကစားသမားတွေအတွက် ငွေကြေးသုံးစွဲမှုကြီးတွေ လုပ်သွားရပါမယ်။”

Photo Credit : Goal

“ဘယ်လင်ဟမ်ဆိုရင်တော့ ယူနိုက်တက်အတွက် တကယ့်ကို ပြီးပြည့်စုံမယ့် ကစားသမားပါ။ သူက ရီးယဲလ်မှာပဲ နှစ်အနည်းငယ်လောက် နေဦးမှာ ဆိုပေမယ့် ဒီရာသီအတွင်းမှာပဲ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘယ်လင်ဟမ်က ရီးယဲလ်အသင်းမှာဆိုရင် ဘယ်တော့မှ အဓိက အကျဆုံး ကစားသမားတစ်ဦး ဖြစ်လာမှာ မဟုတ်ဘူး။”

“ဗင်နီစီယပ်စ်နဲ့ အမ်ဘာပေတို့က သူ့ထက် ပိုုမို မြင့်မားနေကြမှာ။ ဒါက ဇီဒန်း ဖီဂိုနဲ့ ရော်နယ်လ်ဒိုတို့ အတွဲအဖက်ကိုုတောင် သတိရမိစေပါတယ်။ အခု အသင်းမှာ အရေးအကြီးဆုံးက အမ်ဘာပေ ဆိုတာကို ကျွန်တော်တို့အားလုံး သိပါတယ်။ သူပြီးရင်တော့ ဗင်နီစီယပ်စ်ပေါ့။ ဘယ်လင်ဟမ်ကတော့ အသင်းရဲ့ တတိယမြောက် အရေးပါတဲ့ ကစားသမားပါပဲ။ ဒါကိုလည်း သူသိနေလိမ့်မယ်လို့ ထင်ပါတယ်။” လို့ ဒွိုက်ယော့ခ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

Exit mobile version