အီတလီ တိုက်စစ်ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ကာဆာနိုက မကြာသေးခင်ကမှ ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် မှားယွင်းသွားခဲ့တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပြီး ဗလာဟိုဗစ်အနေနဲ့ ဂျုဗီထက် အာဆင်နယ် ဒါမှဟုတ် စပါးအသင်းတွေကိုသာ ပြောင်းရွှေ့ကစားသင့်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Dusan Vlahovic of ACF Fiorentina looks on prior to the Serie

Photo Credit : Metro

အသက်(၂၁)နှစ်အရွှယ် ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားအသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၆၆)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ခြင်းအပေါ် အီတလီ တိုက်စစ်ကစားသမားဟောင်းကြီး ကာဆာနိုက ဗလာဟိုဗစ်ဟာ ထိပ်တန်းအဆင့်ကို တတ်လှမ်းဖို့ လုံလောက်သေးခြင်း မရှိတဲ့ ဒုတိယတန်းစား ကစားသမားဖြစ်ပြီး သူရဲ့အသင်းရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာလည်း မှားယွင်းခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ကာဆာနိုက “ဂျုဗင်တပ်စ်အသင်းက နည်းပြအယ်လီဂရီနဲ့ဆိုရင် နောက်နှစ်မှမဟုတ်ဘူး လာမယ့်ဆယ်နှစ်အတွင်းတောင် မပြောင်းလဲနိုင်ပါဘူး။ ဗလာဟိုဗစ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် မှားယွင်းသွားခဲ့တယ်လို့ ထင်ပါတယ်”

Dusan Vlahovic has joined Juventus in a £66 million deal from Fiorentina

Photo Credit : Metro

“ဒီလို ကစားသမားမျိုးက အလယ်အလတ်တန်း အဆင့်တစ်ခုကို တတ်လှမ်းနိုင်ဖို့အတွက် အာဆင်နယ် စပါး ဒါမှမဟုတ် မာစီယဲလ်ကို ခေါ်ယူထားခဲ့တဲ့ ဆီဗီလာတို့လို ကလပ်အသင်းတွေမှာ သွားရောက်ကစားသင့်တယ်လို့ ထင်ပါတယ်။ ဒီကစားသမားက ကျွန်တော့်အတွက်ဆိုရင်တော့ အမြဲတမ်း ဒုတိယတန်းစား ကစားသမားပါပဲ။ ဒါက သူ့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါ။ ဖီအိုရင်တီးနားအသင်းနဲ့အတူ ကစားရတာက တခြားတစ်ခုပါ။ သူ့အအတွက် အရမ်းကို အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်နေတယ်လို့ ဆိုရပေမယ့် ဒါက သူ့အတွက် အန္တရာယ်လည်းများပါတယ်။ ဂျုဗင်တပ်စ်မှာဆိုရင် ဖီအိုရင်တီးနားမှာ လုပ်ဆောင်ခဲ့တဲ့အတိုင်း လုပ်ဆောင်ဖို့က မလုံလောက်ပါဘူး။ (၁၅)ဂိုး ဂိုး(၂၀)သွင်းယူဖို့ဆိုတာ မလုံလောက်ပါဘူး။ ဂျုဗင်တပ်စ်က ပွဲတိုင်းလိုလိုမှာ အဆုံးအဖြတ် ရှိနေရမယ်။ ဒါက သူ့အတွက် အန္တရာယ်များတဲ့ ဖိအားတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဂျုဗင်တပ်စ်မှာဆိုရင် တစ်ရာသီအတွင်း အနည်းဆုံး ဂိုး(၃၀)လောက် သွင်းယူနိုင်ရမယ် စွမ်းဆောင်ရည်ကောင်းတွေနဲ့ ဆုဖလားတွေကိုလည်း ရယူပေးနိုင်ရလိမ့်မယ်။ သူ့ကို ဂျုဗင်တပ်စ် ကစားသမားအဖြစ် ကျွန်တော်မမြင်မိဘူး။ ဂျုဗင်တပ်စ်အသင်းရဲ့ အဝတ်လဲခန်းနဲ့လည်း မလိုက်ဖက်ဘူးလို့ ထင်မိပါတယ်။ ဒါတွေက ကျွန်တော်ရဲ့ ထင်မြင်ချက်တွေပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။