အင်တာမီလန်အသင်းဟာ နွေစျေးကွက်အတွင်း လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဆီကို ရောင်းချလိုက်ရတဲ့ မော်ရိုကိုညာနောက်ခံကစားသမား ဟာကီခီရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း နယ်သာလန်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ နောက်ခံအစွန်လူ ဒမ်ဖရိုင်းစ်ကို PSV အသင်းကနေ ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေဖြစ်နေပြီလို့ အီတလီအခြေစိုက် Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sportslens

အသက်(၂၅)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ညာနောက်ခံကစားသမား ဒမ်ဖရိုင်းစ်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း သူရဲ့ခံစစ်အရည်အသွေးကောင်းတွေကို ပြသသွားနိုင်ခဲ့သလို နယ်သာလန်အသင်းအတွက်ကိုလည်း သွင်းဂိုး(၂)ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို ခံစစ်ရော တိုက်စစ်အရည်အသွေးပါ ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ ဒမ်ဖရိုင်းစ်ကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ အပြိုင်စိတ်ဝင်စားလာကြပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ စိတ်အားထက်သန်နေတဲ့အတွက် သူ့ကို အင်တာမီလန်နဲ့ အဲဗာတန်အသင်းတွေက ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit : Euro Football Rumours

PSV အသင်းနဲ့ ဘောလုံးရာသီ (၃)ရာသီအထိ ဖြတ်သန်းခဲ့တဲ့ ဒမ်ဖရိုင်းစ်ဟာ အသင်းအတွက် တစ်ရာသီမှာ ပွဲပေါင်း(၄၀)ကျော်လောက်အထိ ပုံမှန်ပါဝင်ပေးခဲ့သူလည်း ဖြစ်သလို ခံစစ်အစွန်လူတစ်ဦး ဖြစ်ပေမယ့်လည်း (၃)ရာသီအတွင်းမှာ သူရဲ့သွင်းဂိုးက (၁၆)ဂိုးအထိကို ရှိလို့နေပါတယ်။ Transfermaket ဝက်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဒမ်ဖရိုင်းစ်ရဲ့ လက်ရှိတန်ကြေးက ယူရို(၁၆)သန်းသာ ရှိလို့နေပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးသလို လတ်တလောမှာလည်း အကောင်းဆုံး Form တစ်ခုကို ရရှိထားသူ ဖြစ်နေတာကြောင့် ဒမ်ဖရိုင်းစ်ကို PSV အသင်းဘက်ကနေ ပြောင်းရွှေ့ကြေးအဖြစ် ယူရို(၂၅)သန်းလောက်အထိ အလိုရှိနေပါတယ်။ ဒမ်ဖရိုင်းစ်ကို အလိုရှိနေတဲ့ အင်တာအသင်းအနေနဲ့ကလည်း ဟာကီမီကို ရောင်းချခဲ့တုန်းက ပြောင်းရွှေ့ကြေးများစွာ ရရှိထားတာကြောင့် ဒမ်ဖရိုင်းစ်အတွက် သေချာပေါက်ကို ငွေကြေးသုံးစွဲမှုတွေ လုပ်ဆောင်လာနိုင်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းချင်တာနေတာကြောင့် ဥရောပဝင်ခွင့် မရရှိထားတဲ့ အဲဗာတန်ထက် ထိပ်တန်းကလပ်အသင်းကြီးဖြစ်တဲ့ အင်တာမီလန်ကိုသာ ရွေးချယ်ဖွယ် ရှိနေတယ်လို့ Calcio Mercato ကနေ ဖော်ပြသွားခဲ့ပါတယ်။