MySport Myanmar

ကင်မစ်ချ်ရဲ့ အခြေအနေကြောင့် ရိုက်စ်ကိုပါ ဘိုင်ယန် ချိန်ရွယ်လာ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန် ကွင်းလယ်ကစားသမား ဂျိုရှုအာကင်မစ်ချ်ကို ဘာစီလိုနာ နဲ့ မန်စီးတီးအသင်းတို့က အပြိုင် စိတ်ဝင်စားနေကြပြီး လာမယ့်နွေမှာ ကမ်းလှမ်းဖွယ် ရှိနေတာကြောင့် ကင်မစ်ချ်ကိုသာ လက်လွတ်ရမယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် ဒက်ကလန်ရိုက်စ်ကို ဘိုင်ယန်ဘက်က ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit : Bavarian Football Works

ဘာစီလိုနာအသင်းက အသင်းကနေ ထွက်ခွာတော့မယ့် လာမာစီယာ အကယ်ဒမီထွက် ဝါရင့် ကွင်းလယ်လူ ဆာဂျီယိုဘူးစကတ်စ်ရဲ့ နေရာမှာ ကင်မစ်ချ်နဲ့ ပြန်လည် အစားထိုးချင်နေသလို စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာကလည်း သူ့အသင်းရဲ့ ကွင်းလယ်မှာ ရိုဒရီ ဒီဘရိုင်းနားတို့နဲ့အတူ သူ့တပည့်ဟောင်း ကင်မစ်ချ်နဲ့ တွဲဖက်စေချင်နေပါတယ်။ ဒါတွေတင် မကသေးပဲ ရီးယဲလ်မက်ဒရစ်ကပါ မိုဒရစ် ကရူးစ်တို့လို ဝါရင့် ကွင်းလယ်လူတွေ နေရာမှာ ကင်မစ်ချ်နဲ့ ရေရှည် အစားထိုးသွားချင်နေပါတယ်။

Photo Credit : The Times

ဒီလို အခြေအနေမှာ ဘိုင်ယန်အနေနဲ့ ကင်မစ်ချ်ကို အသင်းမှာ ဆက်ထိန်းထားဖို့အတွက် ကြိုးပမ်းရဖွယ် ရှိနိုင်ပြီး တကယ်လို့ ကင်မစ်ချ်ကိုသာ လက်လွတ်ခဲ့ရမယ်ဆိုရင်တော့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို အာဆင်နယ်နဲ့အပြိုင် ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။ လက်ရှိ ဘိုင်ယန်ကို ကိုင်တွယ်နေတဲ့ နည်းပြ သောမတ်စ်တူဟယ်ဟာ ချယ်လ်ဆီးနည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်တုန်းက ရိုက်စ်ရဲ့ ခြေစွမ်းခြေစတွေကို အနီးကပ် လေ့လာခဲ့ဖူးမှာဖြစ်လို့ ကင်မစ်ချ်သာ အသင်းနဲ့ လမ်းခွဲမယ်ဆိုရင် တူဟယ်လ်က ကင်မစ်ချ်နေရာ ရိုက်စ်နဲ့ အစားထိုးလာနိုင်ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဝက်စ်ဟမ်းဘက်က သူတို့ရဲ့ အသင်းခေါင်းဆောင်အတွက် အနိမ့်ဆုံး ပေါင် သန်း(၉၀)လောက်အထိ ဈေးသတ်မှတ်ထားတာ ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်မှာ ဆက်နေချင်တာတွေက ဘိုင်ယန်အတွက် အခက်တွေ့လာနိုင်ပါတယ်။ သို့ပေမယ့်လည်း ဘိုင်ယန်ဘက်က ဘယ်လို ကမ်းလှမ်းမှုမျိုးတွေနဲ့ ကစားသမားကို ဆွဲဆောင်နိုင်မလဲ ဆိုတာကိုလည်း တစ်ချက် စောင့်ကြည့်ရပါမယ်။ ရိုက်စ်ကလည်း လာမယ့်နွေမှာ ဝက်စ်ဟမ်းနဲ့ သေချာပေါက် လမ်းခွဲသွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version