MySport Myanmar

အိုင်ဗရီကို့စ် ဂန္တဝင်ကြီးက ဂါလာတာစာရေးကို ပြောင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ဇာဟာ ဆို

ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ တောင်ပံ ကစားသမားဟောင်း ဝီးလ်ဖရက်ဒ် ဇာဟာက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲကမှ ဂါလာတာစာရေးအသင်းကိုသာ ရွေးချယ်ဖို့ အိုင်ဗရီကို့စ် ဂန္တဝင် ကစားသမားကြီး ဒီဒီယာ ဒရော့ဘာက တိုက်တွန်းခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Livesocre

ဇာဟာက ဒီနွေမှာပဲ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် သူ့ကို ဆော်ဒီ ကလပ်အသင်းတွေအပြင် ပီအက်စ်ဂျီ လာဇီယိုတို့လို အသင်းတွေကပါ စိတ်ဝင်စားခဲ့ပေမယ့်လည်း ဇာဟာ ကိုယ်တိုင်ကတော့ တူရကီ ထိပ်သီးကလပ် ဂါလာစာရေးအသင်းဆီ ပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ ဇာဟာက သူရဲ့ အိုင်ဗရီကို့စ် စီနီယာ ကစားသမားကြီး ဒရော့ဘာရဲ့ လမ်းစဉ်အတိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တူရကီလိဂ်ဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီလို အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ကို ဒရော့ဘာကိုယ်တိုင် တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဇာဟာက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Twitter

အိုင်ဗရီကို့စ် နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဒရော့ဘာက ၂၀၁၂ခုနှစ်မှာ ချယ်လ်ဆီးကနေ တရုတ် စူပါလိဂ်ဆီ ပြောင်းရွှေ့အပြီး တစ်ရာသီ အကြာမှာပဲ ဂါလာတာစာရေးအသင်းဆီ ထပ်မံ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဂါလာတာစာရေးမှာ (၂)ရာသီနီးပါး ဖြတ်သန်းခဲ့တဲ့ ဒရော့ဘာက ဂါလာတာစာရေးအတွက် ပွဲပေါင်း (၅၃)ပွဲကစားပြီး ဂိုး (၂၀) သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက ဂါလာတာစာရေးအသင်းမှာ ဒရော့ဘာအပြင် ဆနိုက်ဒါ မယ်လိုတို့လို ကစားသမားကောင်းတွေ ရှိနေသလို အခုလက်ရှိမှာလည်း ဇာဟာအပြင် အီကာဒီ ဇာနီအိုလို မာတန်စ်တို့လို အရည်အသွေးမြင့် ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။

Exit mobile version