ဝါရင့်နာမည်ကျော် ဘောလုံးနည်းပြကြီး ကားလို့စ်အန်စလော့တီက သူရဲ့အဲဗာတန်အသင်း တိုက်စစ်ကစားသမားဖြစ်တဲ့ ရစ်ချာလီဆန်အနေနဲ့ တစ်ရာသီတည်းကို ဂိုး(၂၀)လောက် အနည်းဆုံးသွင်းယူမယ်ဆိုတဲ့ ခံယူချက်ကို ပြောင်းလဲသင့်ပြီး သူကိုင်တွယ်ခဲ့ဖူးတဲ့ ချယ်လ်ဆီးအသင်းမှာတောင် တိုက်စစ်မှူးဟောင်းကြီးဒရော့ဘာက တစ်ရာသီတည်းမှာပဲ သွင်းဂိုး(၂၉)ဂိုး သွင်းယူထားနိုင်ခဲ့တာကြောင့် ရစ်ချာလီဆန်အနေနဲ့ သွင်းဂိုး(၃၀)ကို ပစ်မှတ်ထားသင့်တယ်လို့ စိန်ခေါ်စကားတွေ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၃)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ၂၀၁၈ခုနှစ်မှာ ဝက်ဖိုဒ့်အသင်းကနေ အဲဗာတန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် (၇၃)ပွဲအထိ ပါဝင်ခဲ့ပြီးနောက် သွင်းဂိုး(၂၉)ဂိုး ရယူထားနိုင်ခဲ့ကာ ပရိသတ်အချစ်တော် ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် အဲဗာတန်နည်းပြ အန်စလော့တီကတော့ ရစ်ချာလီဆန်အနေနဲ့ တစ်ရာသီအတွင်း သွင်းဂိုး(၂၀)လောက် သွင်းယူမယ်လို့ ပစ်မှတ်ထားနေတာထက် သွင်းဂိုး(၃၀)လောက် သွင်းယူဖို့ကိုသာ ပြောင်းလဲပစ်မှတ်ထားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit : Sky Sports

အန်စလော့တီက “ရစ်ချာလီဆန်အနေနဲ့ သွင်းဂိုး(၂၀)လောက်ကိုပဲ ပစ်မှတ်ထားနေတယ်တာ မှားယွင်းတယ်လို့ ကျွန်တော်ထင်မိပါတယ်။ သူ့အတွက် ဂိုး(၂၀)ပစ်မှတ်ဆိုတာက မဖြစ်သင့်ဘူးလေ။ အနည်းဆုံး ဂိုး(၃၀)လောက်ကို ပစ်မှတ်ထားသင့်တာ။ ကျွန်တော် ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာဆို တစ်ရာသီအတွင်း သွင်းဂိုး(၆၁)ဂိုးလောက်တောင် သွင်းယူခဲ့တဲ့ တိုက်စစ်ကစားသမားတွေတောင် ရှိခဲ့ဖူးတယ်။ သူက ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့ဖူးတာ နာမည်တော့ ပြောနေစရာ မလိုလောက်ဘူးထင်တယ်(ရော်နယ်ဒိုကို ဆိုလိုခြင်းဖြစ်ပါတယ်)။ ဒါပေမယ့် အင်္ဂလန်မှာလည်း ဒရော့ဘာက တစ်ရာသီတည်းကို သွင်းဂိုး(၂၉)ဂိုး သွင်းယူနိုင်ခဲ့တယ်လေ။ ဒါကြောင့် ရစ်ချာလီဆန်အနေနဲ့ ဂိုး(၂၀)ထက် ဂိုး(၃၀)ကိုသာ ပြောင်းလဲပစ်မှတ်ထားသင့်တာပါ။ အထောင်တိုက်စစ်နေရာမှာရော ဘယ်ညာတောင်ပံနှစ်ဖက်မှာ အလိုက်သင့်ကစားတတ်သေးတဲ့ ရစ်ချာလီဆန်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၁၃)ဂိုး သွင်းယူထားခဲ့ပြီး ပြိုင်ပွဲစုံမှာ (၁၅)ဂိုး ရယူထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အဲဗာတန်အသင်းက အဆင့်(၁၀)အောက်မှာ ရပ်တည်ခဲ့ရပေမယ့်လည်း လာမယ့်ရာသီမှာတော့ ဥရောပဝင်ခွင့်ရအောင် ကြိုးပမ်းသွားမယ်လို့ အန်စလော့တီက ကြုံးဝါးလာခဲ့ပါတယ်။