ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ယိုလီလန်ဒရက်ဇ်လာဟာ အသင်းနည်းပြ မာရီစီယိုပိုချက်တီနိုရဲ့လက်အောက်မှာ ပွဲထွက်ကစားခွင့် အကြိမ်ရေတွေ နည်းပါးလို့နေရတာကြောင့် လာမယ့်နွေစျေးကွက်မှာ အသင်းကနေ ထွက်ခွာသွားချင်နေပြီး သူရဲ့အမိမြေဖြစ်တဲ့ ဂျာမနီကို ပြန်သွားချင်နေသလို ဂျာမန်ဘွန်ဒစ်လီဂါရဲ့ ထိပ်တန်းအသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့ Foot Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : DW

အသက်(၂၇)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် တိုက်စစ်အားသန် ကွင်းလယ်ကစားသမား ဒရက်ဇ်လာဟာ ဒီရာသီအတွင်း ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၇)ပွဲသာ ကစားထားခဲ့ရပြီး ပြင်သစ်လီဂူးမှာဆိုရင်လည်း (၈)ပွဲသာ ပွဲဦးထွက် ကစားထားခဲ့ရပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ဒရက်ဇ်လာဟာ နွေရာသီ အပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး သူရဲ့ဘောလုံးသမားဘဝကို စတင်ခဲ့တဲ့ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲဆီကို ပြန်သွားချင်နေသလို ဘိုင်ယန်အသင်းဆီကိုလည်း ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit : Goal

ရှော်ကေးလူငယ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဒရက်ဇ်လာဟာ ဘွန်ဒစ်လီဂါကလပ် ရှော်ကေးနဲ့ ဝုလ်ဖ်ဘတ်အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီးနောက် ၂၀၁ရခုနှစ်မှာပဲ ပီအက်စ်ဂျီအသင်းဆီကို ယူရို(၃၆)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ထိပ်တန်းအသင်းကြီးဆီကို ရောက်ရှိသွားခဲ့ပေမယ့်လည်း ကြယ်ပွင့်ကစားသမားတွေ များစွာပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီအသင်းမှာ ပုံမှန်နေရာရဖို့က ဒရက်ဇ်လာအတွက် ခက်ခဲလွန်းနေတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်တော့မယ်ဆိုတဲ့ သတင်းတွေဟာဆိုရင် မကြာခဏကို ထွက်ပေါ်နေတတ်တာဖြစ်ပါတယ်။ လက်ရှိမှာ ဒရက်ဇ်လာနဲ့ ပီအက်စ်ဂျီအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သက်တမ်းကုန်မှာဖြစ်လို့ ဒရက်ဇ်လာက သူပြောင်းရွှေ့လို့တဲ့ ကလပ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားနိုင်မှာဖြစ်ပါတယ်။ ဥရောပအတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဒရက်ဇ်လာလို ကစားသမားမျိုးကို မန်ချက်စတာယူနိုက်တက် အာဆင်နယ် ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ်ကလပ်အသင်းတွေကလည်း စိတ်ဝင်စားလျက်ရှိနေပြီး စီးရီးအေကလပ်တွေကလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။