ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းကတော့ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို သူတို့အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ရမှသာ ရောင်းချသွားဖို့ ဆုံးဖြတ် ထားကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ မန်ယူအသင်းဟာ အသက် ၂၀ အရွယ် အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ကာလရှည် ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူ ထားနိုင်တာကြောင့် ဒေါ့မွန်အသင်းနဲ့သာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိရင် အပြောင်းအရွှေ့ဟာ ပြီးပြတ်တော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဒေါ့မွန်အသင်း ကတော့ အသက် ၂၀ အရွယ် သာ ရှိသေးသလို လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ဆန်ချိုအတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို အလိုရှိနေပြီး အဆိုပါ ပြောင်းရွှေ့ကြေးကို မရပါက ဆန်ချို ကို ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ အတွင်းသတင်းတွေ အရ သိရှိထားရပါတယ်။

Photo Credit: Express

တစ်ဖက်မှာတော့ မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ်ဂယက်ကြောင့် ဖြစ်လာနိုင်တဲ့ ဘဏ္ဏာရေး အခြေအနေကို တွက်ဆနေပြီး ဆန်ချိုကို ခေါ်ယူချင်ပေမယ့် ဒေါ့မွန်အသင်း တောင်းဆိုထားတဲ့ အသားတင် ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို ပေးချေဖို့ လက်တွန့်နေပြီး ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၀ သန်း + ၂၀၂၁ ခုနှစ်မှာ ထပ်မံ ပေးချေမယ့် ယူရို ၃၀ သန်း + အပိုဆုကြေး ယူရို ၂၀ သန်း ဆိုတဲ့ ကမ်းလှမ်းမှုနဲ့သာ ကမ်းလှမ်းလို နေပါတယ်။

Photo Credit: Express

ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ BILD သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ရောင်းချရသည် ဖြစ်စေ ၊ အသင်းမှာ ဆက်လက် ထားရှိရသည် ဖြစ်စေ အခြေအနေနှစ်ခုစလုံးဟာ သူတို့အတွက် အကျိုးအမြတ် ရှိတယ်လို့ ယူဆ နေတာကြောင့် ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်း မရရင် လက်မလွှတ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရှိရပါတယ်။

Photo Credit: Express

ဒါပေမယ့် ဂျာမန် နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Falk ကတော့ ဒေါ့မွန်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ကြားမှာ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေး အတွက် ညှိနှိုင်း​ဆွေးနွေးမှုတွေ ဟာ တိုးတက်နေတယ် လို့ ဆိုထားပြီး ညှိနှိုင်းမှုတွေ ကြားထဲမှာ နာမည်ကျော် အေးဂျင့်တစ်ဦး ဖြစ်တဲ့ Lichtsteiner လည်း ပါဝင်နေတာကြောင့် ဆန်ချိုရဲ့ အပြောင်းအရွှေ့ဟာ မကြာမီမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။