ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ ကမ္ဘာ့ ကပ်ရောဂါလို့ ခေါ်တဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ကာလရှည် ရပ်နားထားခဲ့ရပေမဲ့လည်း အခုအချိန်မှာတော့ ပြန်လည် စတင်တော့မှာ ဖြစ်ပြီး ယနေ့ညမှာတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၆) ပွဲအထိ အပြိုင်အဆိုင် ကစားကြမှာ ဖြစ်ပါတယ်။ ယနေ့ည ကစားကြမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၆) ပွဲထဲမှာ ဒေါ့မွန်အသင်း နဲ့ ရှော်ကေးအသင်းတို့ရဲ့ ပွဲစဉ်လည်း ပါဝင်ခဲ့ပြီး ဒေါ့မွန်အသင်း နဲ့ ရှော်ကေးအသင်းတို့ကတော့ ယနေ့ည၊ စနေနေ့ည၊ (၈း၀၀) အချိန်မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂၆) ကို အပြိုင်ဆိုင် ကစားကြမှာပဲ ဖြစ်ပါတယ်။

Photo Credit: GettyImage

ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပွဲစဉ် (၂၅) ပွဲ ကစားပြီးတဲ့ အချိန်မှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ရပ်နားထားခဲ့ရပြီး ယခုလ၊ မေလ၊ (၁၆) ရက်နေ့မှာတော့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ပွဲစဉ် (၂၆) ကနေ ပရိသတ် မပါဘဲ ပြန်စတင်ကြမှာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂၅) ပွဲ ကစားပြီးတဲ့ အချိန်မှာ နိုင်ပွဲ (၁၅) ပွဲ၊ ရှုံးပွဲ (၆) ပွဲ နဲ့ သရေ (၄) ပွဲ ရှိခဲ့တာကြောင့် ရမှတ် (၅၁) မှတ်နဲ့ အဆင့် (၂) နေရာမှာ ရပ်တည် နေပြီး ယနေ့ညမှာ အဆင့် (၆) နေရာက ရှော်ကေးအသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာပါ။

Photo Credit: Gettyimage

ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ ဥရောပ ထိပ်သီး လိဂ် ပြိုင်ပွဲတွေထဲက လိဂ် ပြိုင်ပွဲကို ပထမဆုံး စတင်သွားမယ့် လိဂ် ပြိုင်ပွဲ ဖြစ်ပြီး ပရိသတ်တွေ မပါဘဲ ကွင်းပိတ် ကစားရမှာ ဖြစ်တာကြောင့် ပရိသတ်တွေအတွက်ကတော့ စိတ်မကောင်းစရာသာ ဖြစ်နေပါတယ်။ ဒေါ့မွန်အသင်းဟာ ယနေ့ည ပွဲထွက် ကစားမယ့် ကစားသမား (၁၁) ယောက် စာရင်းကို ထုတ်ပြန်သွားတဲ့ အချိန်မှာ ဆန်ချိုကို ချန်ထားခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်နေပြီး ဟာလန်းက အသင်းရဲ့ ရှေ့တန်းကို အဓိက ဦးဆောင်ပြီး တိုက်စစ်ပုံဖော်မှာ ဖြစ်ပါတယ်။ ယနေ့ည ပွဲကြီးပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ဒေါ့မွန်အသင်း နဲ့ ရှော်ကေးအသင်းတို့ ပွဲစဉ်မှာတော့ နှစ်သင်းစလုံးက အကြိုတ်အနယ် ယှဉ်ပြိုင်သွားမှာကြောင့် ကြည့်ကောင်းမယ့် ပွဲစဉ်ပါပဲဗျာ။