ဂျာမဏီဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ အင်အားကြီး အသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ကစားသမားတွေကို ခေါ်ယူရာမှာ ဆရာကျတဲ့ အသင်းဖြစ်ပြီး လက်ရှိမှာလဲ ဂျူဗင်တပ်အသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ အမ်မရီချန်ကို ပြောင်းရွှေ့ကြေး ယူရို၂၅သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပြီး သူတို့ဟာ အပြောင်းအရွှေ့ရာသီတွေရဲ့ ဘုရင်ဖြစ်ကြောင်း သက်သေပြသွားခဲ့ပါတယ်။

Photo Credit: Metro.com

အသက်၂၆နှစ်အရွယ် ဂျာမဏီကွင်းလယ်လူ အမ်မရီချန်ဟာ ကွင်းလယ်ကစားသမား များပြားနေတဲ့ ဂျူဗင်တပ်အသင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် ပိတ်ခါနီးမှာ ဒေါ့မွန်အသင်းထံကို အငှားနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းအတွက် ဘွန်ဒက်စ်လီဂါပွဲစဉ် နှစ်ပွဲကစားပေးထားရာမှာ သွင်းဂိုး တစ်ဂိုး သွင်းယူပေးထားနိုင်သူပါ။

Photo Credit: Metro.com

အမ်မရီချန်လို ခြေစွမ်းရော အသက်အရွယ် အရပါ အကောင်းဆုံး အနေအထားမှာ ရှိနေတဲ့ ကွင်းလယ်လူတစ်ဦးဟာ လက်ရှိ အပြောင်းအရွှေ့စျေးကွက်ထဲမှာ အနိမ့်ဆုံး ပေါင်၄၀သန်း ဝန်းကျင်တန်ဖိုးရှိနိုင်ပြီး ဒေါ့မွန်အသင်းက ယူရို ၂၅သန်းတည်းနဲ့ ခေါ်ယူနိုင်ခဲ့မှုအပေါ် ဘောလုံး ကျွမ်းကျင်သူတွေက အံ့အားသင့်နေကြကာ ဒေါ့မွန်အသင်းရဲ့ အပြောင်းအရွှေ့တာဝန်ခံတွေကို ချီးကျူးပြောဆိုနေကြပါတယ်။