ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းကတော့ သူတို့အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းထံ မရောင်းချဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ မန်ယူအသင်းဟာ အသက် ၂ဝအရွယ်သာ ရှိသေးတဲ့ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေစျေးကွက် အတွင်းမှာ ကြိုးပမ်းခဲ့တဲ့ အသင်းဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပေမယ့် ဒေါ့မွန်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂ဝသန်း ကို စျေးဆစ်နေတာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ ရတာပါ။

Photo Credit: Metro

မန်ယူအသင်းဟာ ဆန်ချိုကို နွေစျေးကွက် အတွင်းမှာ မခေါ်ယူနိုင်ခဲ့ပေမယ့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆန်ချိုအတွက် ထပ်မံ ကြိုးစားဦးမယ်လို့ လတ်တလောမှာ သတင်းတွေ ထွက်ပေါ် နေပေမယ့် ဒေါ့မွန်အသင်း ကတော့ အဆိုပါ သတင်းတွေအပေါ် စိတ်မဝင်စားကြောင်းနဲ့ မန်ယူအသင်းက ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂ဝသန်း ပေးမယ်ဆိုရင်တောင် ဆန်ချိုကို ရောင်းချသွားမှာ မဟုတ်ကြောင်း ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sports Bild သတင်းဌာနက ဖော်ပြ သွားပါတယ်။ ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက် အတွင်းမှာ အပြောင်းအရွှေ့ နောက်ဆုံးအချိန်အထိ ဆန်ချိုအတွက် မန်ယူအသင်းဘက်က ပြုလုပ်လာမယ့် ကမ်းလှမ်းမှုကို စောင့်မျှော်ခဲ့ပေမယ့် မန််ယူအသင်းဘက်က တရားဝင် ကမ်းလှမ်းမှု တစ်ခုမှ မပြုလုပ်ခဲ့တဲ့ အတွက် ဒေါ့မွန််အသင်းဟာ ဆန်ချိုအတွက် မန်ယူအသင်းနဲ့ ဆက်လက် ဆွေးနွေးလိုစိတ် မရှိတော့ကြောင်း သိရပါတယ်။

Photo Credit: Metro

ဒေါ့မွန်အသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အသင်းမှာ နောက်ထပ် တစ်ရာသီ ထပ်မံ ထိန််းသိမ်းသွားဖို့ ဆုံးဖြတ်ခဲ့ပြီး ရာသီကုန်မှာ ဆန်ချိုအတွက် ထိပ်သီးအသင်းတွေဆီ ကနေ ကမ်းလှမ်းမှုတွေ ရောက်ရှိလာဖို့ မျှော်လင့်ထားကြောင်း သိထားရပါတယ်။ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာတော့ ဆန်ချိုကို ခေါ်ယူဖို့ အတွက် နာမည်ကြီး အသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ် ၊ လီဗာပူး ၊ ပီအက်စ်ဂျီ စတဲ့ အသင်းတွေက ကြိုးစားလာဖွယ် ရှိသလို ဆန်ချိုရဲ့ အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးအသင်း ကလည်း ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အပြောင်းအရွှေ့ သုတေသီတွေက သုံးသပ်ထားပါတယ်။