ဒေါ့မွန်အသင်းရဲ့ အားကစား ဒါရိုက်တာ မိုက်ကယ် ဇိုလ်က မန်ယူအသင်းရဲ့ ပစ်မှတ် ဆန်ချို အနေနဲ့ လက်ရှိရာသီမှာ အသင်းကနေ ထွက်သွားနိုင်တာကြောင့် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ် ကစားသမား တစ်ယောက်ကို ပစ်မှတ်ထား ရှာဖွေနေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ယူအသင်းကို ပြောင်းရွေ့ဖို့ အပြင်းအထန် ချိတ်ဆက်လျက် ရှိပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲက လီဗာပူးလ်၊ ချဲလ်ဆီး နဲ့ လာလီဂါ ပြိုင်ပွဲက ရီးရဲလ်တို့ကလည်း သူ့ကို စိတ်ဝင်စားနေပါတယ်။

Photo Credit: Goal

ဒေါ့မွန်အသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ မန်စီးတီးအသင်းကနေ ပြောင်းရွေ့လာခဲ့တဲ့ အသင်းရဲ့ ကြယ်ပွင့် ဆန်ချိုကို ပေါင် (၁၀၈) သန်းနဲ ရောင်းချသွားဖွယ် ရှိတယ်လို့ သတင်းထွက်နေပြီး လူငယ် ကြယ်ပွင့် ဆန်ချိုကတော့ လက်ရှိရာသီမှာ ခြေစွမ်းပြ ကစားထားတာ ဖြစ်ပါတယ်။ အင်္ဂလန်သား ဆန်ချိုဟာ လက်ရှိရာသီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ အဆင့် (၂) နေရာကနေ ရာသီကုန်ဆုံးသွားခဲ့တဲ့ ဒေါ့မွန်အသင်းအတွက် သွင်းဂိုး (၁၇) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁၆) ကြိမ် ပြုလုပ်ခဲ့ပြီး အသင်းရဲ့ အားကစား ဒါရိုက်တာ ဇိုလ်က ဆန်ချိုရဲ့ အနာဂတ်ကို ဆွေးနွေးပေးသွားခဲ့ပါတယ်။

Photo Credit: Goal

ဒေါ့မွန်အသင်းရဲ့ အားကစား ဒါရိုက်တာ ဇိုလ်ဟာ ဆန်ချိုရဲ့ အပြောင်းအရွေ့ အကြောင်းကို Kicker က မေးမြန်းတဲ့ အချိန်မှာ သူက “တကယ်လို့ ဆန်ချိုက အသင်းကနေ ထွက်သွားမယ် ဆိုရင် ကျွန်တော်တို့ ကွင်းလယ် ခံစစ်နေရာအတွက် တစ်ခုခု ထပ်ပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပစ်မှတ်ထားနေတဲ့ ကစားသမား (၁) ယောက် ဒါမှမဟုတ် (၂) ယောက်ကတော့ ရှိနေပြီ ဖြစ်ပါတယ်”လို့ မေးမြန်းသူ သတင်းထောက်ကို ပြန်လည် ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ ရက်တွေမှာ မန်ယူအသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ဆန်ချိုအနေနဲ့ မန်ယူအသင်းကို ပြောင်းရွေ့သွားဖို့ ပို နီးစပ်လာတယ်လို့ သုံးသပ်ကြပါတယ်။