မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ဒေါ့မွန်အသင်းရဲ့ကြယ်ပွင့် ဂျေဒန်ဆန်ချိုကို အသင်းရဲ့အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့်လည်း ဒေါ့မွန်ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ ယူနိုက်တက်ဘက်ကနေ မကမ်းလှမ်းခဲ့လို့ ပြောင်းရွှေ့ကြေးက အထမမြောက်ခဲ့ရပေမယ့် ယူနိုက်တက်ဘက်က အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ နောက်ထပ်ဒေါ့မွန်ကစားသမားဖြစ်တဲ့ နီကိုးရွှစ်ကိုပါ တစ်ရာသီအငှားစာချုပ်နဲ့ ကမ်းလှမ်းခဲ့သေးတယ်လို့ သိရှိရပါတယ်။

Photo Credit : Transfermarket

အသက်(၂၇)နှစ်အရွှယ်ရှိ ဘယ်နောက်ခံကစားသမား နီကိုရွှစ်ဟာ ၂၀၁ရခုနှစ်ကမှ ဟော့ဖန်ဟင်မ်အသင်းကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဟော့ဖန်ဟင်မ်အသင်းမှာ ခြေစွမ်းအတော်လေး ပြသနိုင်ခဲ့ပေမယ့် ဒေါ့မွန်အသင်းမှာတော့ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းအတွက် ပွဲထွက်ခွင့်တွေ နည်းပါးခဲ့ရပါတယ်။ ဒီလို အခြေအနေတွေရှိလို့နေတဲ့ ရွှစ်ကို ယူနိုက်တက်အသင်းဘက်ကနေ အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းခါနီးရက်ပိုင်းအလိုမှာပဲ အငှားနဲ့ကမ်းလှမ်းခဲ့ပြီး ဒေါ့မွန်အသင်းဘက်က ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Sempreinter

ယူနိုက်တက်အသင်းက ဂျာမန်လက်ရွေးစင်ကစားသမား နီကိုးရွှစ်ကို တစ်ရာသီအငှားခေါ်ယူခ ပေါင်(၁)သန်းအပါအဝင် သူရဲ့တစ်နှစ်လုပ်ခလစာကိုပါ ပေးချေသွားဖို့အထိပါ ကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်ဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့ပြီး ဆန်ချိူကိုရော ရွှစ်ကိုပါ ယူနိုက်တက်ဆီ ပို့ဆောင်သွားဖို့ လက်မခံခဲ့ပဲ ငြင်းဆန်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ သူတို့တကယ်အလိုရှိနေခဲ့တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခြင်း လုံးဝမရှိသလို အသင်းရဲ့ အဓိကပစ်မှတ်တွေဖြစ်တဲ့ ဒေါ့မွန်တောင်ပံကစားသမားဆန်ချို လိုက်ပ်ဇစ်နောက်ခံလူအူပါမယ်ကာနိုနဲ့ အက်စတွန်ဗီလာကွင်းလယ်လူဂရီးလစ်ရှ်တို့ကို အသင်းဆီ ရောက်ရှိလာနိုင်အောင် အသင်းတာဝန်ရှိသူတွေဘက်ကနေ စွမ်းဆောင်နိုင်ခြင်းမရှိပဲ အသင်းအတွက် Plan B Plan C အဖြစ် သတ်မှတ်လို့ထားတဲ့ ကစားသမားတွေဖြစ်တဲ့ ကာဗာနီ အဲလက်တဲလက်စ်တို့ကိုသာ ခေါ်ယူပေးနိုင်ခဲ့ပါတယ်။ နွေစျေးကွက်ရဲ့နောက်ဆုံးရက်မှာ ကစားသမားသစ်(၄)ယောက်ကို ခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာတော့ လူခေါ်ယူမှုရော အသင်းရဲ့ရလဒ်ပိုင်းမှာပါ ပရိသတ်တွေရဲ့စိတ်ကျေနပ်မှုရအောင် မစွမ်းနိုင်ထားခဲ့သလို လက်ရှိမှာလည်း အသင်းရဲ့နည်းပြဆိုးလ်ရှားပါ ထုတ်ပယ်ခံရဖို့ နီးစပ်လို့နေပါတယ်။