အသက္၁၉ႏွစ္သာရွိေသးတဲ႔ အဂၤလန္ဆယ္ေက်ာ္သက္ ေတာင္ပံတိုက္စစ္ကစားသမားေလး ေဂ်ဒန္ဆန္ခ်ိဳကေတာ့ မေန႔ညက ကစားသြားခဲ႔တဲ႔ အဂၤလန္အသင္းနဲ႔ ကုိဆုိဗုိလက္ေရြးစင္အသင္းတုိ႔ရဲ႕ ယူရုိ-၂၀၂၀ ေျခစစ္ပြဲအတြင္းမွာ အသင္းအတြက္ စတုတၳအႏုိင္ဂုိးနဲ႔ ပဥၥမအႏိုင္ဂုိးေတြကို သြင္းယူႏုိင္ခဲ႔ၿပီး အသင္းအတြက္ ေျခစမ္းျပသသြားခဲ႔ပါတယ္။ ဆန္ခ်ိဳဟာ ဒီရာသီမွာ ႏိုင္ငံအသင္းအတြက္ေရာ ကလပ္အသင္းတြက္ပါ ေျခစြမ္းေတြ အေတာ္ေလးကုိ ျပသထားႏုိင္ခဲ႔ၿပီး ကလပ္အသင္းအတြက္ လိဂ္သြင္းဂုိး၂ဂုိးနဲ႔ ႏုိင္ငံလက္ေရြးစင္အသင္းအတြက္ပါ သြင္းဂုိး၂ဂုိး သြင္းယူထားႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ဒီလုိ ေျခစြမ္းေကာင္းေတြ ျပသထားႏုိင္တဲ႔ ဆန္ခ်ိဳကုိ မန္ခ်က္စတာယူႏုိက္တက္အသင္းကေန လာမယ့္ ၂၀၂၀ခုႏွစ္ ေႏြေစ်းကြက္အတြင္းမွာ အရေခၚယူသြားခ်င္ေနၿပီး အသင္းကုိ ျပန္လည္တည္ေဆာက္ရမယ့္ အေနအထားမ်ိဳးမွာ ဆန္ခ်ိဳလုိ အရည္အေသြးျမင့္ လူငယ္ကစားသမားေလးကုိ အလုိရွိေနတာျဖစ္ပါတယ္။ သတင္းေတြ ထြက္ေပၚခဲ႔သလုိ ယူႏုိက္တက္အသင္းဘက္ကေန  ဆန္ခ်ိဳအတြက္ ကမ္းလွမ္းမႈေတြကုိ ျပဳလုပ္ခဲ႔ၿပီး အသင္းႏွစ္သင္းရဲ႕ၾကား ေတြ႔ဆုံေဆြးေႏြးမႈွေတြကုိပါ ျပဳလုပ္ခဲ႔တယ္လုိ႔ ေဒါ့မြန္အသင္းရဲ႕ ဒါရုိက္တာျဖစ္သူက ဝန္ခံေျပာဆုိလာခဲ႔ပါတယ္။

Photo Credit : Getty Images

ေဒါ့မြန္အသင္း ဒါရုိက္တာရဲ႕ ေျပာဆုိခ်က္အရ သူတုိ႔အသင္းနဲ႔ ယူႏုိက္တက္အသင္းတုိ႔ရဲ႕ၾကားမွာ ဆန္ခ်ိဳရဲ႕ အေျပာင္းအေရႊ႔ပတ္သက္ၿပီး ေဆြးေႏြးညွိႏႈိင္းမႈေတြ ျဖစ္ေပၚခဲ႔ၿပီး ယူႏုိက္တက္ဘက္ကေန ဆန္ခ်ိဳအတြက္ ဘယ္ေလာက္ပမာဏနဲ႔ ကမ္းလွမ္းမလဲဆုိတာကုိ ေသခ်ာမသိခဲ႔ရေပမယ့္ သူတုိ႔ဘက္ကေန ဆန္ခ်ိဳလုိ အသင္းရဲ႕ အဓိက ကစားသမားတစ္ေယာက္ကုိ ဒီေႏြမွာ ေရာင္းထုတ္မွာမဟုတ္ဘူးလုိ႔ ျငင္းဆုိခဲ႔ေၾကာင္းနဲ႔ ကစားသမားကုိယ္တုိင္ကလည္း ယူႏုိက္တက္ကုိ ေျပာင္းေရႊ႔ကစားဖုိ႔ ဆႏၵမရွိဘူးဆုိတာကုိ ထုတ္ေဖာ္ေျပာဆုိခဲ႔ေၾကာင္း ရွင္းလင္းေျပာဆုိခဲ႔ပါတယ္။

Photo Credit : Getty Images

မန္စီးတီးအသင္းရဲ႕ ကစားသမားေဟာင္းဆန္ခ်ိဳဟာ မန္စီးတီးကုိစြန္႔ခြာခဲ႔ၿပီး ဂ်ာမန္ေျမကုိ ေျပာင္းေရႊ႔လုိက္ကတည္းက သူရဲ႕ အေတာက္ပဆုံးေသာ ေျခစြမ္းေကာင္းေတြကုိ တစ္ႏွစ္ၿပီးတစ္ႏွစ္ ျပသထားႏုိင္သူျဖစ္တာေၾကာင့္ ဆယ္ေက်ာ္သက္ ကစားသမားေတြထဲမွာ တန္ဖုိးျမင့္မားတဲ႔ ကစားသမားျဖစ္လာခဲ႔ပါတယ္။ မၾကာေသးခင္ကမွ ေဒါ့မြန္အသင္းနဲ႔လည္း စာခ်ဳပ္သက္တမ္းတုိးျမွင့္ထားခဲ႔တာျဖစ္ၿပီး ဆယ္ေက်ာ္သက္ ကစားသမားေတြထဲမွာ လစာအျမင့္မားဆုံးရသူပါ ျဖစ္လာခဲ႔တဲ႔ ဆန္ခ်ိဳကုိ ေခၚယူဖုိ႔အတြက္ ယူႏုိက္တက္အသင္းဟာ အေျပာင္းအေရႊ႔စရိတ္ကုိ အနည္းဆုံး ေပါင္သန္းတစ္ရာဝန္းက်င္ေလာက္အထိကုိ အသုံးျပဳရဖြယ္ ရွိေနပါတယ္ခင္ဗ်ာ။

(Unicode)

အသက်၁၉နှစ်သာရှိသေးတဲ့ အင်္ဂလန်ဆယ်ကျော်သက် တောင်ပံတိုက်စစ်ကစားသမားလေး ဂျေဒန်ဆန်ချိုကတော့ မနေ့ညက ကစားသွားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ကိုဆိုဗိုလက်ရွေးစင်အသင်းတို့ရဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲအတွင်းမှာ အသင်းအတွက် စတုတ္ထအနိုင်ဂိုးနဲ့ ပဥ္စမအနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် ခြေစမ်းပြသသွားခဲ့ပါတယ်။ ဆန်ချိုဟာ ဒီရာသီမှာ နိုင်ငံအသင်းအတွက်ရော ကလပ်အသင်းတွက်ပါ ခြေစွမ်းတွေ အတော်လေးကို ပြသထားနိုင်ခဲ့ပြီး ကလပ်အသင်းအတွက် လိဂ်သွင်းဂိုး၂ဂိုးနဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက်ပါ သွင်းဂိုး၂ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒီလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဆန်ချိုကို မန်ချက်စတာယူနိုက်တက်အသင်းကနေ လာမယ့် ၂၀၂၀ခုနှစ် နွေစျေးကွက်အတွင်းမှာ အရခေါ်ယူသွားချင်နေပြီး အသင်းကို ပြန်လည်တည်ဆောက်ရမယ့် အနေအထားမျိုးမှာ ဆန်ချိုလို အရည်အသွေးမြင့် လူငယ်ကစားသမားလေးကို အလိုရှိနေတာဖြစ်ပါတယ်။ သတင်းတွေ ထွက်ပေါ်ခဲ့သလို ယူနိုက်တက်အသင်းဘက်ကနေ  ဆန်ချိုအတွက် ကမ်းလှမ်းမှုတွေကို ပြုလုပ်ခဲ့ပြီး အသင်းနှစ်သင်းရဲ့ကြား တွေ့ဆုံဆွေးနွေးမှုှတွေကိုပါ ပြုလုပ်ခဲ့တယ်လို့ ဒေါ့မွန်အသင်းရဲ့ ဒါရိုက်တာဖြစ်သူက ဝန်ခံပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

ဒေါ့မွန်အသင်း ဒါရိုက်တာရဲ့ ပြောဆိုချက်အရ သူတို့အသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ကြားမှာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ယူနိုက်တက်ဘက်ကနေ ဆန်ချိုအတွက် ဘယ်လောက်ပမာဏနဲ့ ကမ်းလှမ်းမလဲဆိုတာကို သေချာမသိခဲ့ရပေမယ့် သူတို့ဘက်ကနေ ဆန်ချိုလို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ကို ဒီနွေမှာ ရောင်းထုတ်မှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ကြောင်းနဲ့ ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒမရှိဘူးဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Photo Credit : Getty Images

မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်းဆန်ချိုဟာ မန်စီးတီးကိုစွန့်ခွာခဲ့ပြီး ဂျာမန်မြေကို ပြောင်းရွှေ့လိုက်ကတည်းက သူရဲ့ အတောက်ပဆုံးသော ခြေစွမ်းကောင်းတွေကို တစ်နှစ်ပြီးတစ်နှစ် ပြသထားနိုင်သူဖြစ်တာကြောင့် ဆယ်ကျော်သက် ကစားသမားတွေထဲမှာ တန်ဖိုးမြင့်မားတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ မကြာသေးခင်ကမှ ဒေါ့မွန်အသင်းနဲ့လည်း စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့တာဖြစ်ပြီး ဆယ်ကျော်သက် ကစားသမားတွေထဲမှာ လစာအမြင့်မားဆုံးရသူပါ ဖြစ်လာခဲ့တဲ့ ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့စရိတ်ကို အနည်းဆုံး ပေါင်သန်းတစ်ရာဝန်းကျင်လောက်အထိကို အသုံးပြုရဖွယ် ရှိနေပါတယ်ခင်ဗျာ။