ဒီနေ့ည (၁၁)နာရီအချိန်မှာ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲ ပွဲစဉ်(၃၀)ရဲ့ပွဲတွေထဲကမှ စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းနဲ့ ဟာသာဘာလင်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အိမ်ရှင်တို့က အမ်မရီချန်ရဲ့တစ်လုံးတည်းသော ဂိုးကန်ချက်နဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဒေါ့မွန်အသင်းကတော့ ၃-၄-၃ ကစားကွက်ကိုပဲ ထပ်မံသုံးစွဲလာခဲ့ပြီး တိုက်စစ်မှူးဟာလန်း ဒဏ်ရာကနေ မသက်သာသေးတာကြောင့် ဒီပွဲကိုပါ ဆက်လက်လွဲချော်ခဲ့ရကာ တိုက်စစ်မှာ ဆန်ချို ဘရန့်နဲ့ သော်ဂန်ဟာဇက်တို့ကိုပဲ အသုံးပြုထားရသလို ကွင်းလယ်မှာတော့ ကြံခိုင်ရေး ပြန်လည်ကောင်းမွန်လာတဲ့ ဝီလ်ဆယ်ကို ဒီလေးနီနဲ့ တွဲဖက်သုံးစွဲထားပါတယ်။ တောင်ပံနှစ်ဖက်မှာတော့ ဟာခီမီနဲ့ ဂွာရဲလ်ရိုးတို့ကို ဆက်လက်အသုံးပြုထားခဲ့ကာ နောက်တန်း(၃)ယောက်နေရာမှာ အကန်ဂျီ ပစ်ရှက်နဲ့ ဟမ်းမဲလ်ပွဲပယ်ခံထားရလို့ အမ်မရီချန်က နောက်တန်းမှာ ဝင်ကစားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံး တိုက်စစ်စွမ်းဆောင်ရည်တေက ကျေနပ်အားရစရာမရှိခဲ့ပဲ အိမ်ရှင်ဒေါ့မွန်ဆိုရင် ဂိုးပေါက်တစ်ကြိမ်လေးမှတောင် မတည့်မတ်ခဲ့ပါဘူး။ ဟာသာဘာလင်ကလည်း ဒေါ့မွန်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့ပေမယ့် သူတို့အသင်းလည်း တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် သွင်းဂိုးမရယူနိုင်ခဲ့ပဲ ပထမပိုင်းကို ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာတော့ ပွဲက ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး ဒုတိယပိုင်းရောက်တိုင်း သွင်းဂိုးတွေ အမြဲသွင်းယူတတ်လေ့ရှိတဲ့ ဒေါ့မွန်ရဲ့တိုက်စစ်ကစားပုံက ပိုပြီးထက်မြက်လှခဲ့ပါတယ်။ ဒီလိုနဲ့ (၅၈)မိနစ်မှာ ဒေါ့မွန်တို့ အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပြီး အမ်မရီချန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ နှစ်သင်းလုံးက တိုက်စစ်ကို ပိုမိုလိုက်ပါကစားရင်း ပွဲအရှိန်က ပိုမိုတတ်လာခဲ့ရပေမယ့်လည်း သွင်းဂိုးတွေတော့ ဆက်လက်မမြင်တွေ့ရတော့တာကြောင့် ဒေါ့မွန်က တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ်။