ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် နောက်ခံလူ ဒါးလော့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် နောက်ခံလူ ဒါးလော့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စီးရီးအေကလပ် အေစီမီလန်အသင်းထံ တရာသီအငှားနဲ့ သွားရောက် ကစားကာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာတော့ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Bild

ဒါးလော့ဟာ လက်ရှိမှာ ဘစ္စကာရဲ့နောက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒုတိယ ဦးစားပေး နောက်ခံလူ အဖြစ်သာ သတ်မှတ်ခံထားရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ယခင်ကထက် ပွဲကစားခွင့် ပိုမို ရရှိမယ်လို့ နည်းပြ ဆိုးလ်ရှားရဲ့ အာမခံချက်ကို ရရှိထားသူပါ။

ယခုအချိန်မှာတော့ ဘွန်ဒက်လီဂါ အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ဒါးလော့ကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်လာပြီး ဒေါ့မွန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေတောင် ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Photo Credit: Bild

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒါးလော့ကို အလွယ်တကူ လက်လွှတ်ဖို့ ဆန္ဒမရှိပဲ ဒါးလော့ အတွက် တရာသီ အငှားကြေး ယူရို ၅သန်း + ရာသီကုန်မှာ ယူရို ၂၀သန်းနဲ့ မဖြစ်မနေ ခေါ်ယူပါ့မယ် ဆိုတဲ့ အချက်တို့ ပါဝင်မှသာ လက်လွှတ်ဖွယ် ရှိကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

အကယ်၍ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒါးလော့ကို လက်လွှတ်ရပါက အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။