ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပြိုင်ဘက်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ အနည်းငယ်အချင်းများမှုတွေ ရှိခဲ့ရပြီး တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်းမှာ လမ်းပတ်နဲ့ လီဗာပူးလ်နည်းပြကလော့တို့ အချေအတင်ဖြစ်ခဲ့တာလို့ ထင်မှတ်ရပေမယ့် တကယ်တမ်းတော့လီဗာပူးလ်းနည်းပြအဖွဲ့ဝင်တချို့ရဲ့ စိတ်ကြီးဝင်နေမှုကြောင့် သူနဲ့ပြသာနာဖြစ်ခဲ့ရတာလို့ လမ်းပတ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးကွင်းလယ်ကစားသမား ကိုဗာဆစ်က လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားမာနေးကို ပြစ်ဒဏ်ကျူးလွန်မိခဲ့လို့ ဖရီးကစ်သတ်မှတ်ပေးလိုက်ပြီးနောက် လမ်းပတ်နဲ့ လီဗာပူးလ်နည်းပြအဖွဲ့ဝင်တို့ကြား အချင်းများခဲ့တာဖြစ်ပြီး ရုပ်သံမှာတော့ လမ်းပတ်ရဲ့အနည်းငယ်ဒေါသထွက်နေတဲ့ အမှုအယာတွေကို မြင်တွေ့ခဲ့ရသလို ကလော့ကလည်း သူရဲ့အဖွဲ့ဝင်တွေကို ဘာမှဆက်ပြောဖို့ ဟန့်တားနေတဲ့ ပုံစံတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။ ဒီကိစ္စဟာ လီဗာပူးလ်အသင်းရဲ့နည်းပြအဖွဲ့ဝင်တွေ ချန်ပီယံဖြစ်လို့ စိတ်ကြီးဝင်နေမှုကြောင့် ဖြစ်ခဲ့ရတာလို့ လမ်းပတ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TeamTalk

လမ်းပတ်က “ကျွန်တော်အတွက်ဆိုရင်တော့ မက်တီအိုက ဆာဒီယိုအပေါ် ပြစ်ဒဏ်ကျူးလွန်မိတယ်လို့ မထင်ပါဘူး။ ကျွန်တော်ဘက်ကနေလည်း ပြန်လည်ရသင့်တာတွေလည်း ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဘာမှတော့ ဖြစ်မလာခဲ့ဘူး။ ကျွန်တော်နဲ့ ယာဂင်ကလော့တို့ ဘာမှတော့ ပြသာနာမဖြစ်ခဲ့ပါဘူး။ သူက သူ့အသင်းကိုပဲ အကောင်းဆုံးညွှန့်ကြားနေတာပါ။ ဒါကလည်း တကယ့်ကို အံ့မခန်းပါ။ ဒါပေမယ့် အရန်ခုံမှာ ထိုင်နေကြတဲ့ လူတချို့က နည်းနည်းလေး စိတ်ဝင်ကြီးနေပါတယ်။ အသင်းက ချန်ပီယံဆုလည်း ပိုင်ဆိုင်နေပြီးတော့ လက်ရှိကစားနေတဲ့ပွဲမှာလည်း အနိုင်ရနေချိန် စိတ်ဝင်ကြီးနေသလိုတွေတော့ သိပ်မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော် လီဗာပူးလ်အသင်းကိုတော့ လေးစားပါတယ်။ ပြိုင်ပွဲတစ်ခုအတွင်းမှာတော့ စိတ်ခံစားချက်တွေက ရှိတတ်တာပဲလေ။ ဒါပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီိးဟာ ဒီရှံးပွဲကြောင့် အဆင့်(၃)နေရာကနေ အဆင့်(၄)နေရာကို ပြန်ဆင်းသွားခဲ့ရပြီး မနေ့ညက ဝက်စ်ဟမ်းကို သရေသာ ကစားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ချယ်လ်ဆီးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အမှတ်တွေကပ်နေတဲ့ ယူနိုက်တက် ချယ်လ်ဆီး လက်စတာတို့ (၃)သင်းလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးပွဲအထိ တိုက်ပွဲဝင်သွားရတော့မှာဖြစ်ပါတယ်။