ဒီနှစ်နွေဈေးကွက်အတွင်းမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းနဲ့ လမ်းခွဲသွားခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ဒီဗေါ့အော်ရီဂီဟာ အခုဆိုရင် အီတလီစီးရီးအေ လက်ရှိချန်ပီယံ အေစီမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ စာချုပ်ချုပ်ဆို ပြောင်းရွှေ့ဖို့အတွက် ဒီကနေ့မှာပဲ အီတလီနိုင်ငံ မီလန်မြို့ဆီ လာရောက်ပြီး ဆေးစစ်မှုတွေ ခံယူရင်း စာချုပ်ချုပ်ဆိုသွားတော့မယ်လို့ သိရပါတယ်။

AC Milan 'working on final details' of Divock Origi transfer with Liverpool  icon set to leave Anfield for free – Football Reporting

Photo Credit : Football Reporting

အသက်(၂၇)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အော်ရီဂီဟာ လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်ကမှ လိုင်လီအသင်းကနေ လီဗာပူးလ်အသင်းဆီကို ပေါင်(၁၀)သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့ပြီး ချက်ချင်း လိုင်လီမှာပဲ တစ်ရာသီအငှားနဲ့ ပါဝင်ခဲ့ရသလို ၂၀၁၇ခုနှစ်မှာလည်း ဘွန်ဒစ်လီဂါကလပ် ဝုလ်ဖ်ဘတ်အသင်းဆီ အငှားကစားခဲ့ရတဲ့ အော်ရီဂီဟာ လက်ရှိမှာတော့ လီဗာပူးလ်အသင်းနဲ့ အပြီးသတ် လမ်းခွဲရမယ့်အချိန်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ free agent ကစားသမား ဖြစ်လာခဲ့တဲ့ အော်ရီဂီဟာ အေစီမီလန်အသင်းဆီကို free transfer နဲ့ ပြောင်းရွှေ့ဖို့အတွက် ဒီနေ့မှာပဲ မီလန်မြို့ဆီကို ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။

Official: Liverpool bid farewell to 'incredible' Origi ahead of imminent  Milan move

Photo Credit : Sempre Milan

လီဗာပူးလ်အသင်းနဲ့ (၇)နှစ်တာ ဖြတ်သန်းခဲ့တ လီဗာပူးလ် ၂၀၁၉ခုနှစ်မှာ ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့တုန်းက ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေမှာ အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့သလို အသင်းအတွက် ပါဝင်ကစားခွင့် ရတိုင်းမှာလည်း အသင်းကို အမြဲတမ်း အကျိုးပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ တိုက်စစ်မှာ ပုံမှန်နေရာရဖို့ ခက်ခဲနေခဲ့ရပြီး မိုဆာလာ မာနေး(လက်ရှိဘိုင်ယန်မြူးစ်) ဖေမီနို ဂျိုတာ ဒီယက်ဇ်တို့ကို ကျော်လွန်ပြီး ကစားခွင့်ရဖို့က အော်ရီဂီအတွက် ခဲယဉ်းတာကြောင့် အသင်းနဲ့ သက်တမ်းကုန်ဆုံးချိန်မှာ ထပ်မံသက်တမ်းတိုးဖို့ထက် လမ်းခွဲလိုက်ဖို့ကိုသာ ရွေးချယ်လိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ အော်ရီဂီဟာ အေစီမီလန်အသင်းဆီကို ပြောင်းရွှေ့သွားဖို့ သေချာသလောက်ကို ရှိသွားခဲ့ပြီဖြစ်ပြီး တနင်းလာနေ့ညမှာပဲ မီလန်မြို့ကို လာရောက်ကာ ဆေးစစ်မှုတွေ ခံယူရင်းနဲ့ မီလန်ကစားသမားသစ်အဖြစ်နဲ့ပါ စာချုပ်ချုပ်ဆိုသွားတော့မှာ ဖြစ်ပါတယ်။ စီးရီးအေချန်ပီယံ အေစီမီလန်အသင်းဟာ တိုက်စစ်ပိုင်းမှာ ဂျရူး လီယာအို မိုဗစ်တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားခဲ့ရပေမယ့်လည်း ဝါရင့်ဆွီဒင်တိုက်စစ်မှူးကြီး မိုဗစ်က ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မှာဖြစ်လို့ မီလန်ကစားသမားသစ် ဖြစ်လာမယ် အော်ရီဂီအနေနဲ့ မီလန်တိုက်စစ်မှာ ပွဲကစားခွင့် များစွာရရှိလာနိုင်ပါတယ်။